သားသားမီးမီးလေးတို့ရဲ့ အသားအရေအတွက် ဒီလိုလေးထိန်းသိမ်းကြမယ်

သားသားမီးမီးလေးတွေရဲ့ အသားအရေဟာ နူးညံ့လွန်းပြီး အထိအခိုက် မခံနိုင်တာကြောင့် မေမေဖေဖေ တို့ အထူးဂရုစိုက်ဖို့ လိုတာပေါ့နော်။

သားသားမီးမီးလေးတို့ရဲ့ အသားအရေဟာ ပါးလွှာတဲ့ အတွက်ကြောင့် ထိခိုက်နာကျင်တာတွေကို လွယ်လွယ်ကူကူ ဖြစ်စေပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သားသားမီးမီးတို့ရဲ့ အသားအရေကို ကာကွယ်ပေးနိုင်တဲ့ ထိန်းသိမ်းစောင့်ရှောက်ပုံ အဆင့်ဆင့်ကို kalay ကနေ ဝေမျှပေးလိုက်တယ်နော်။ အသားအရေအတွက် ဘယ်လိုပစ္စည်းလေးတွေ သုံးပေးသင့်တယ်ဆိုတာ Kalay မှ ပြောပြပေးချင်ပါတယ်။

Cleanser

ဆပ်ပြာ မပါတဲ့ cleanser တွေက သားသားမီးမီးလေးတွေအတွက် သင့်တော်ပါတယ်။ လူကြီးသုံးဆပ်ပြာတွေကို သားသားမီးမီးလေးတွေအတွက် အသုံးမပြုဖို့ လိုပါတယ်။ လူကြီးသုံးဆပ်ပြာတွေက ပြင်းထန်တဲ့အတွက်ကြောင့် သားသားမီးမီးလေးတွေရဲ့ အရေပြားကို အန္တရာယ်ဖြစ်စေပါတယ်။

ခေါင်းလျော်ရည်

ကလေးငယ်တွေ အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ခေါင်းလျော်ရည်ကို အသုံးပြုပေးပါ။ လူကြီးသုံးခေါင်းလော်ျရည်တွေက ကလေးငယ်တွေရဲ့ အရေပြားကို ထိခိုက်စေနိုင်တာကြောင့်ပါ။

Cream

ရေနံဂျယ်လီ သို့မဟုတ် ဇင့်အောက်ဆိုက် ပါဝင်တဲ့ cream တွေက သားသားမီးမီး တို့ရဲ့ အသားအရေအတွက် အကောင်းဆုံးပါပဲ။

Wet tissues

အယ်ကိုဟော မပါတဲ့ tissues အမျိုးအစားကို ရွေးချယ် အသုံးပြုပေးပါ။ Tissues တွေက သားသားမီးမီးလေးတွေရဲ့ အသားအရေကို တိုက်ရိုက်  ထိတွေ့နေတာကြောင့် အရည်အသွေးကောင်းမွန်တဲ့ tissues များကို ရွေးချယ်အသုံးပြုပေးပါ။

Moisturizer

သားသားမီးမီးလေးတွေ ရဲ့ အသားအရေ စိုစွတ်နေစေဖို့ အတွက် Moisturizer ကို အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။ သားသားမီးမီးလေးတွေ အတွက် အထူးထုတ်ထားတဲ့ moisturizer ကို အသုံးပြုပေးပါ။

ဆပ်ပြာမှုန့်

သားသားမီးမီးလေးတွေရဲ့ အဝတ်အစားလေးတွေကို သီးသန့်လျော်ဖို့ ထုတ်ထားတဲ့ ဆပ်ပြာမှုန့်ကို အသုံးပြုပေးတာက အကောင်းဆုံးပါပဲ။ ဆပ်ပြာရည် ကို အသုံးပြုပေးတာက သားသားမီးမီးလေးတွေ အတွက် အသင့်တော်ဆုံးပါ။

From Kalay with