သားသားမီးမီးလေးတွေအတွက် လုံခြုံမှု အပြည့်နဲ့ စိတ်ချမ်းမြေ့စွာ ကြီးပြင်းလာစေဖို့ မေမေဖေဖေ တို့မှာ တာဝန်အပြည့်အဝရှိပါတယ်။ ပြင်ပ အန္တရာယ်တွေအပြင် စိတ်ခံစားချက်တွေကိုပါ လုံခြုံအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်နော်။ အသက်ငယ်တဲ့အချိန်မှာတည်းက စိတ်လုံခြုံမှု မရခဲ့တဲ့ သားသားမီးမီးတွေမှာ အသက်အရွယ်ရောက်လာတဲ့အခါ ပြင်ပက ဖိအားတွေကို တွန်းလှန်းနိုင်စွမ်းနိုင်ပါးပြီး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
သားသားမီးမီးတို့ရဲ့ စိတ်ခံစားချက်ဟာ နူးညံ့ပျော့ပျောင်းတဲ့အတွက်ကြောင့် ဖေဖေမေမေ တို့ရဲ့ အပြုအမူများဟာလည်း ညင်သာနေဖို့လိုပါတယ်။ မှတ်ဥာဏ်အားကောင်းတဲ့အရွယ်ဖြစ်တာကြောင့် ဖေဖေမေမေတို့ရဲ့ အပြုအမူတိုင်းက သားသားမီးမီးတို့ကို တသက်လုံးအမှတ်ရစေပါတယ်။ ဒါကြောင့် နူးညံ့သိမ်မွေ့တဲ့ အပြုအမူများကို သာ အသုံးပြုပြီး ဆုံးမပေးနိုင်ပါတယ်။ အကျိုးအကြောင်းသင့်စွာ ဆိုဆုံးမခြင်းကတော့ သားသားမီးမီးတို့ကို ပိုပြီး စိတ်လုံခြုံမှု ရရှိစေပါတယ်။
ပြင်ပမှ ပြသာနာအမျိုးအမျိုးတွေကြောင့် သားသားမီးမီးရဲ့ စိတ်ကို ဒဏ်ရာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပြင်ပကပြသာနာ တွေကို အိမ်အတွင်း ပါမလာအောင် ဂရုပြုရပါမယ်။ ဖေဖေမေမေ တို့ ရန်ဖြစ်စကားများတဲ့အခါမှာလည်း သားသားမီးမီးတွေရှေ့မဖြစ်အောင် ဂရုစိုက်ရပါမယ်။ အိမ်အတွင်းရန်ဖြစ်ခြင်းက သားသားမီးမီးလေးတွေရဲ့ နူးညံ့တဲ့စိတ်ကို ခြောက်ခြားစေပါတယ်။
ဖေဖေမေမေ တို့ရေ ပြင်ပမှ လူစိမ်းတွေကို သတိထားပါနော်။ ဘာလို့လဲဆိုတော့ ပြင်ပမှ သူစိမ်းတွေဟာ ကလေးငယ်များကို အန္တရာယ်ပြုပေးနိုင်ပါတယ်။ ဒါကြောင့် ပြင်ပမှ သူစိမ်းတွေကို ညအိပ်ညနေ ဧည့်ခံခြင်းများ မကြာခဏ လာရောက်ခြင်းတွေကို လက်မခံဖို့ သတိပြုပါနော်။
သားသားမီးမီးလေးတွေရဲ့ နူးညံ့တဲ့စိတ်ထဲမှာ လုံခြုံမှု မရှိသလို ခံစားသွားနိုင်ပါတယ်။ မေမေဖေဖေတို့ အလုပ်ရှုပ်နေတယ်ဆိုရင်တော့ သားသားမီးမီးတွေကို နားလည်အောင်ပြောဖို့ လိုပါတယ်။ နူးညံ့ညင်သာစွာ ပြောခြင်းတွေက သားသားမီးမီးတွေကို စကားနာထောင်ရုံသာမက လိမ္မာရေးခြားလည်း ရှိလာစေပါတယ်။
သားသားမီးမီးတွေကို အိမ်ထဲမှာ တစ်ယောက်ထဲ မထားခဲ့ပါနဲ့နော်။ ဘာကြောင့်လဲဆိုတော့ ဖေဖေမေမေတို့ အနားမှာ ရှိမှသာ သားသားမီးမီးတို့ အတွက် စိတ်ရော ကိုယ်ပါ လုံခြုံစိတ်ချမှု အပြည့်ပေးနိုင်တာပါ။ နောက်တစ်ချက်သတိထားရမှာက ကား၊ ဆိုင်ကယ် အစရှိတဲ့ ယာဉ်အန္တရာယ်တွေကိုလည်း သားသားမီးမီးတို့ မထိခိုက်မိအောင် ဂရုစိုက်ပေးဖို့လိုပါသေးတယ်။ သားသားမီးမီးတို့ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာများကို ခေါ်မသွားတာ အကောင်းဆုံးဖြစ်ပါတယ်။
အိမ်အတွင်းမှာလည်း သားသားမီးမီးတို့ ထိခိုက်စေမယ့် ပစ္စည်းများ၊ မီးပလပ်ပေါက်များ၊ အရာဝတ္ထုများ၊ ဆေးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ အလှကုန်ပစ္စည်းများ နှင့် အိမ်သုံး ဓား၊ကတ်ကြေးများကိုလည်း စိတ်ချရတဲ့နေရာမျိုးမှာထားရှိဖို့ လိုပါတယ်။
From Kalay with