သားသားမီးမီးလေး အစားမရွေးဖို့ နို့တိုက်ချိန်မှာ မေမေသတိပြု

ကလေးတွေ အသက်ကြီးလာတဲ့အချိန်အထိ အစားအစာ ဂျီးများတာတွေ မဖြစ်စေဖို့အတွက် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ နို့တိုက်ချိန်မှာ သတိပြုရမယ့် အချက်တွေ ရှိပါတယ်နော်။

သားသားမီးမီးလေးတွေတို့ အသက်ကြီးလာတဲ့အချိန်အထိ အစားအစာ ဂျီးများတာတွေ မဖြစ်စေဖို့အတွက် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ နို့တိုက်ချိန်မှာ သတိပြုရမယ့် အချက်တွေ ရှိပါတယ်နော်။ ဘာလို့လဲဆိုတော့ မေမေ့တို့ရဲ့ နို့တိုက်ခြင်းနဲ့ သားသားမီးမီးလေးတွေရဲ့ အစားအစာတွေအပေါ် ကြိုက်နှစ်သက်မှုက တော်တော်များများ တူညီနိုင်တာကြောင့်ပါ။

သားသားမီးမီးလေးတွေ အသက်(၁) နှစ်လောက်ဆိုရင် သူတို့လေးတွေရဲ့ စားသောက်မှု ပုံစံကလည်း ပြောင်းလာပါပြီနော်။ စားသောက်မှု ပုံစံလေးတွေက လူကြီးတွေဘက် ရောက်လာပါပြီ။ ဒီအခါမှာ အစားမရွေးဖို့လည်း ဂရုစိုက်ရပါပြီ။ မေမေ့နို့တိုက်ခြင်းနဲ့ စောင့်ရှောက်ခြင်း ပုံစံတွေက ကလေးရဲ့ အစားအစာ ရွေးချယ်မှုပေါ်မှာ မူတည်နေပါတယ်။

မေမေ့နို့တိုက်ကျွေးတာဟာ သားသားမီးမီးလေးတွေရဲ့ အသက် ပထမ(၆) လအတွက် အကောင်းဆုံး အစားအစာ ဖြစ်ပြီး သူတို့လေးတွေ နောက်ပိုင်းစားတဲ့ အစားအစာတွေပေါ်မှာလည်း ကောင်းကျိုးတွေ ဖြစ်စေပါတယ်။ နို့တိုက်တာ တစ်ကြိမ်တည်းမှာတင် နို့ရည်မှာ ပါဝင်တဲ့အရည်ပမာဏ ပြောင်းလဲတာတွေဟာ ကလေးကို စွမ်းအင်အဖြစ် ရရှိစေပါတယ်။

မေမေ နို့တိုက်ချိန် စားတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ အရသာတွေဟာ သားသားမီးမီးလေးတွေဆီ နို့ရည်ကနေတဆင့် ရောက်သွားပါတယ်။ နို့စို့တဲ့ သားသားမီးမီးလေးတွေဟာ အရသာခံစားမှု ပိုပြီးအားကောင်းသလို မေမေနို့တိုက်ချိန်မှာ စားသုံးတဲ့ အရသာကို နို့ရည်က တဆင့် သားသားမီးမီးက သိနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်ချိန်မှာ မေမေက အသီးအရွက်စားရင် ကလေးက အသီးအရွက် အရသာကို သိနေပြီးသားမို့ မကြိုက်မှာ သိပ်ပူစရာ မလိုပါဘူးနော်။ သားသားမီးမီးလေးတွေ အစားမရွေးစေချင်ဘူးဆိုရင် နို့တိုက်ချိန်မှာ မေမေ အစားစုံလင်အောင် စားပါ။  အစာစကျွေးတဲ့အချိန်နဲ့ နောက်ပိုင်းကာလတွေမှာ ဘာတွေကြိုက်တတ်မှာလဲဆိုတာအပေါ် လွှမ်းမိုးမှုတွေ ရှိလာနိုင်ပါတယ်။

သားသားမီးမီးလေးတွေကို အစားအသောက် အမျိုးမျိုးနဲ့ အရသာ အမျိုးမျိုးလေးတွေ ပေးကျွေးပါ။ ဒါက ဘယ်လိုအစားအစာမျိုးကိုမဆို စားတတ်အောင် လေ့ကျင့်ပေးတာနဲ့ အတူတူပါပဲ။ မေမေ စားလိုက်တဲ့အစာတွေကတစ်ဆင့် ကလေးဆီရောက်သွားတဲ့ အစာတွေရဲ့ အရသာတွေဟာ နို့တိုက်ခြင်းကတစ်ဆင့် ဒီအစာတွေကို မကြာခဏ ကျွေးနေသလိုပါပဲ။ ဒါကြောင့် မေမေအရင် အစားအစာ မရွေးပါနဲ့နော်။

 

 

 

 

 

From Kalay with