မေမေတို့ရေ သားသားမီးမီးလေးတွေကို နို့မှုန့်တိုက်ချင်တယ်ဆိုရင် ပထမတစ်လမှာတော့ မိခင်နို့ပဲ တိုက်ပေးပါ။ နို့မှုန့်တွေဟာ ကလေးရဲ့ အာဟာရအတွက် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး မေမေ့ရဲ့နို့ချိုလောက်တော့ မကောင်းနိုင်ပါဘူး။ ကလေးရဲ့ အစာအိမ်ဟာလည်း သေးငယ်လွန်းတဲ့အတွက် နို့ပမာဏကို နည်းနည်းလေးပဲ ထိန်းထားနိုင်မှာဖြစ်ပြီး နို့မှုန့်ကို အစာခြေဖျက်ချိန်ကလည်း ကြာမှာဖြစ်တာကြောင့် မေမေ့နို့ချိုလောက် အစာကြေလွယ်မှာ မဟုတ်လို့ အကြိမ်ရေများများတော့ တိုက်စရာမလိုပါဘူး။ ဒါက နို့မှုန့်တိုက်တဲ့ မိခင်တွေအတွက်ပါ။
သားသားမီးမီးလေးတွေ အသက်(၂) လမှာ နို့ဘူးများများ စို့မှာဖြစ်တဲ့အတွက် နို့ဆာတဲ့အချိန်ကလည်း ကြာပါလိမ့်မယ်။ တစ်ကြိမ်ကို လေးအောင်စလောက်တော့ ကျွေးရနိုင်ပါတယ်။ နို့ဘူးစို့တာဟာ မေမေ့နို့ကို စို့ရသလောက် အားမသုံးရတာမို့ ကလေးတွေ သိပ်ကြိုက်ကြတာပါ။ နို့ဗူးရဲ့နို့သီးခေါင်းအရွယ်အစားကိုတော့ ကလေးနဲ့လိုက်အောင် ရွေးတတ်ရပါမယ်။ ဒါမှ ကလေးက သက်တောင့်သက်သာ ဖြည်းဖြည်းမှန်မှန်စို့နိုင်မှာ ဖြစ်ပြီး နင်တာတွေ၊ သီးတာတွေ မရှိတော့မှာပါ။