မွေးကင်းစ သားသားမီးမီးလေးတွေ နို့ဝ မဝ သိဖို့ဆိုတာ သားဦးမေမေတွေအတွက်တော့ နည်းနည်းခက်မှာပါ။ မေမေတိုင်းကတော့ သားသားမီးမီးလေးတွကို နို့ ဝဝလင်လင်နဲ့ အာဟာရပြည့်စေချင်ကြတာချည်းပါပဲ။ တစ်ခါတလေ မေမေက နို့ကောင်းကောင်းမထွက်တာ၊ သားသားမီးမီးလေးက နို့စို့ဖို့ နို့သီးခေါင်းနဲ့ အံကိုက်မဖြစ်တာတွေ ရှိတတ်ပြီး ကလေးမှာ နို့မဝတာတွေ ဖြစ်နိုင်ပါတယ်။ အကယ်လို့များ မေမေ့ရဲ့ သားသားမီးမီးလေးတွေ နို့မဝဘူးဆိုရင် ရေဓါတ်ကုန်ခမ်းခြင်းနဲ့ အာဟာရချို့တဲ့တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
မေမေနို့ဟာ ကလေးမွေးပြီးနောက် (၅) ရက်အတွင်းမှာ ထွက်ပါတယ်။ ပုံမှန်အားဖြင့်တော့ မွေးကင်းစ အများစုဟာ (၈) ကြိမ်လောက် နို့စို့ပါတယ်။ တချို့ကတော့ (၁၂) ကြိမ်လောက်ထိ စို့ပါတယ်။ မွေးကင်းစ သားသားမီးမီးလေးတွေ နို့ဝ မဝ သိရဖို့ လက္ခဏာတွေ ဖော်ပြလိုက်ပါတယ်။ မွေးကင်းစလေးတွေ နို့စစို့ပြီး ရက်အနည်းငယ်အတွင်းမှာ အစိမ်းရင့်ရောင်ဝမ်းကို စွန့်ထုတ်မှာပါ။ နို့ပိုစို့လေလေ အူလှုပ်ရှားမှု ပိုများလေလေပဲ ဖြစ်ပါတယ်။
(၄) ရက်မြောက်တဲ့နေ့မှာ နို့ရည်ပါဝင်တဲ့ အရည်ကျဲကျဲ ဝမ်းကနေ ပျစ်ပျစ် မုန်ညှင်းစိမ်းအရောင်ရှိတဲ့ ဝမ်းကို တွေ့ရမှာ ဖြစ်ပါတယ်။ နို့ ပါဝင်တဲ့ ဝမ်းဟာ လိမ္မော်ရောင် (သို့) အစိမ်းရောင် ရှိပါတယ်။ဒီလိုဖြစ်တာဟာ ကလေးငယ်ပုံမှန်မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ဝမ်းသွားတဲ့ အကြိမ်ရေကို စောင့်ကြည့်ခြင်းဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ အညှိုရောင်ဝမ်းသွားတယ်ဆိုရင်တော့ ဒါဟာ နို့ မဝတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
သားသားမီးမီးလေးရဲ့ ပထမရက်မှာ နို့ဦးရည်ကိုပဲ စို့ရသေးတာ ဖြစ်တာမို့ တစ်နေ့ကို (၁) ကြိမ် (၂) ကြိမ်လောက်ပဲ ဆီးသွားနိုင်ပါတယ်။ ။ (၄-၅ )ရက်ကြာတဲ့အခါ မှာတော့ တစ်ရက်အတွင်း diaper (၆) ခုလောက် လဲရနိုင်ပါတယ်။ ဆီးဟာ အရောင်ဖျော့ဖျော့ ဒါမှမဟုတ် အရောင်မရှိပဲ အနံ့အနည်းငယ်သာ ရှိပါတယ်။ အချို့ကလေးငယ်တွေဟာ ပန်းရောင် ဒါမှမဟုတ် အနီရောင် ဆီး သွားပါတယ်။ ဒါက နို့မလုံလောက်ဘူးဆိုတဲ့ လက္ခဏာတွေပါပဲ။
မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ နို့တိုက်တဲ့ အကြိမ်အရေအတွက် ထပ်တိုးရပါမယ်။ တကယ်လို့ ရက်အနည်းငယ်အကြာမှာ ဒီလက္ခဏာတွေ ပျောက်မသွားဘူးဆိုရင် ဆရာဝန်ဆီ သွားပြဖို့ နောက်မကျပါနဲ့နော်။
From Kalay with