ဆေးသောက်ရမှာ ကြောက်တဲ့ သားသားမီးမီးလေးတွေ အတွက်

အသက်(၅) နှစ်အောက် သားသားမီးမီးလေးတွေဟာ ဆေးသောက်ရမှာ အကြောက်ဆုံး အရွယ်ဖြစ်ပြီး အသက်(၉)နှစ် ကျော်ရင်တော့ ဆေးသောက်ရမှာ သိပ်တော့ မကြောက်တော့ပါဘူး။

ဆေးသောက်ရမှာ ကြောက်တဲ့ သားသားမီးမီးလေးတွေ နေမကောင်းတဲ့အခါမှာ မေမေဖေဖေတို့ စိတ်ညစ်ရပြီပေါ့။ နေမကောင်းတာကြောင့် ဆေးကိုလည်း ဝင်အောင် တိုက်ရသေးတယ်လေ။ ဆေးဝင်မှလည်း နေမကောင်းတာက ပျောက်မှာပေါ့။ ပြန်အန်မှာ စိုးတာကြောင့် ဆေးတွေကို ချေတိုက်ရင်ကောင်းမလား ဆိုပြီး စဉ်းစားရပြန်တယ်။ ထွေးထုတ်ရင်လည်း အသစ်ပြန်တိုက်ရမယ်နော်။ ချော့တလှည့် ခြောက်တလှည့်  နဲ့ အမျိုးမျိုး ဆေးတိုက်နေရတာ အဖျားပျောက်တဲ့အထိပါပဲ။ ဒီလိုဆေးသောက်ရမှာ ကြောက်တဲ့ သားသားမီးမီးလေးတွေအတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို Kalay ကနေ ဝေမျှပေးချင်ပါတယ်။

ဆေးသောက်ရမှာ ကြောက်တဲ့ သားသားမီးမီးလေးတွေကို

မေမေဖေဖေတို့ရေ သားသားမီးမီးလေးတွေ ဆေးမဝင်လို့ စိတ်ညစ်နေပြီလား။ ဆေးပြားတွေအစား ဆေးရည်နဲ့ ချိုချဉ်ပုံစံ ဆေးလုံးလေးတွေကို အစားထိုး တိုက်နိုင်ပါတယ်။

  • သားသားမီးမီးလေးတွေကို ချော့ပြီး ဆေးတိုက်ပေးပါ။ ဒီအတိုင်း တိုက်တာထက်စာရင် စကားပြောပြီး ဆေးတိုက်ပေးတာက သူတို့လေးတွေရဲ့ စိတ်ထဲမှာ ဆေးသောက်ချင်စိတ်တွေ ပိုဖြစ်စေပါတယ်။ ဆေးရဲ့ ကောင်းကျိုးလေးတွေကို ပြောပြီး ဖြည်းဖြည်းချင်း သောက်ခိုင်းပါနော်။
  • ဖြည်းဖြည်းချင်း ချော့ပြောပြီး ဆေးတိုက်ပေးတာက သူတို့လေးတွေဆီမှာ ဆေးသောက်ရမှာ ကြောက်တဲ့ စိတ်တွေ တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။
  • ဆေးသောက်ရင် ရနိုင်တဲ့ ကောင်းကျိုးလေးတွေကို သားသားမီးမီးလေးတွေ နားလည်အောင် ရှင်းပြပေးပါ။ သူတို့လေးတွေ တဖြည်းဖြည်းနားလည်လာပြီး ဆေးသောက်ရမှာ ကြောက်တာတွေ ကင်းသွားပါလိမ့်မယ်။
  • သားသားမီးမီးလေးတွေကို ဆေးတိုက်တဲ့အခါ ခါးတဲ့ အရသာမခံစားရအောင် လျှာကနေ ဆေးကို မျိုချပေးဖို့ သင်ကြားပေးပါနော်။ ဆေးတိုက်တဲ့အခါမှာလည်း ဆေးခါးတဲ့ ဒဏ်ကို သက်သာစေဖို့ ရေတစ်ခွက် အမြဲ ဆောင်ထားပေးပါ။
  • ဆေးပြားတွေအစား ဆေးရည်တွေကို အစားထိုး တိုက်နိုင်ပါတယ်။ ဆေးရည်တိုက်ပေးတာက ငယ်သေးတဲ့ သားသားမီးမီးလေးတွေ အတွက် ပိုအဆင်ပြေစေပါတယ်။ ချိုချဉ်ပုံစံ ဆေးပြားလေးတွေနဲ့ အရုပ်ပုံစံ ဆေးပြားလေးတွေက သားသားမီးမီးလေးတို့ကို ဆေးသောက်ချင်စိတ်ဖြစ်အောင် ပိုပြီး လှုံ့ဆော်ပေးပါတယ်။
  • ဆေးသောက်တဲ့အခါမှာ ခါးတဲ့ဒဏ်ကို မခံစားစေဖို့ နွားနို့တိုက်နိုင်ပါတယ်။ ချောကလက်ကျွေးတာတွေနဲ့ မြေပဲထောပတ်ကျွေးတာတွေကိုလည်း ပြုလုပ်ပေးလို့ ရပါတယ်။ လိမ္မော်ရည်ကိုလည်း တိုက်နိုင်ပါတယ်။ သားသားမီးမီးလေးတွေ ကြိုက်တဲ့ မုန့်တစ်မျိုးမျိုးကို ဆေးတိုက်ပြီးပြီးချင်း ကျွေးနိုင်ပါတယ်။

မေမေတို့ နောက်ထပ် သတိထားရမှာက

သားသားမီးမီးလေးတို့ကို ဆေးတိုက်တဲ့အခါ ရေနွေးနဲ့ မတိုက်ဖို့ပါနဲ့။ ဆေးသောက်ပြီးလို့ အန်သွားခဲ့ရင်လည်း နောက်တစ်ကြိမ် ထပ်တိုက်ပေးဖို့ မမေ့ပါနဲ့နော်။

 

From Kalay with