မွေးကင်းစကလေးကို နို့တိုက်ကျွေးဖို့ ဘာတွေ လုပ်ဆောင်မလဲ

နို့အုံကို ရေနွေးအိတ်နဲ့ ကပ်ပေးပါ။ နို့တွေ အထွက်များဖို့ဆိုရင် မိုင်လို၊ အိုဗာတင်း၊ စွတ်ပြုတ်၊ ဟင်းချိုများများသောက်ဖို့လိုပါတယ်။

မွေးကင်းစကလေးကိုနို့တိုက်ကျွေးဖို့ မမွေးခင်ကတည်းက မေမေတို့ရဲ့ နို့သီးခေါင်းတွေကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မွေးပြီးပြီးချင်းမေမေတို့မှာ နို့ကြောင်းမပေါက်တာတွေဖြစ်တက်ပါတယ်။ အဲဒီအခါမှာလည်း နို့အုံကို ရေနွေးအိတ်နဲ့ ကပ်ပေးပါ။ နို့တွေ အထွက်များဖို့ဆိုရင် စွတ်ပြုတ်၊ ဟင်းချိုများများသောက်ဖို့လိုပါတယ်။ မိုင်လို၊ အိုဗာတင်းစတဲ့ အရည်တွေလည်း သောက်ပေးနိုင်ပါတယ်။

မွေးကာစကလေးဟာ မွေးပြီးပြီးချင်းမှာ အိပ်တာနဲ့ နို့စို့တာကိုပဲ တလှည့်စီလုပ်ဆောင်ပါတယ်။ သူတို့ အိပ်ချိန်တွေကြာနေရင် မေမေတို့က စိတ်ပူမနေပါနဲ့။ အိပ်ရာကနိုးတာနဲ့ နို့တိုက်လို့ ရပါတယ်။ နို့တိုက်တဲ့ အခါ ပုံစံတကျဖြစ်ဖို့ အတွေ့အကြုံရှိတဲ့ မေမေတွေနဲ့ သူနာပြုဆရာမတွေဆီက အကြံရယူနိုင်ပါတယ်။ နို့တိုက်တဲ့အခါ ကလေးကို ခေါင်းအုံးပေါ်တင်ပြီး လက်တတောင်ကွေးပေါ် ကလေးရဲ့ ခေါင်းကိုတင်ပြီး တိုက်နိုင်ပါတယ်။

စတိုက်တိုက်ချင်းမှာ နို့သီးခေါင်းတစ်ခုလုံးကို ကလေးပါးစပ်က ငုံမိဖို့လိုပါတယ်။ ဒါမှကလေးက လေတွေစုပ်မိသလို မဖြစ်ပဲ နို့ကောင်းကောင်းဝင်မှာဖြစ်ပါတယ်။ နို့တိုက်ပြီးရင်တော့ မေမေတို့က ကလေးကိုလေထုတ်ပေးဖို့ မေ့မနေပါနဲ့နော်။ မေမေတို့ရဲ့ ပုခုံးပေါ် ကလေးရင်ဘတ်လေးတင်ပြီး လက်ဝါးလေးနဲ့ ကျောလေးကို အသာအယာဖိပေးခြင်းဖြင့် ကလေးဗိုက်ထဲက လေထွက်သွားသံကို ကြားကြရမှာပါ။

From Kalay with