(၈) လအရွယ် ကလေးလေးတွေအတွက် အစားအစာ ချက်နည်းများ

မာတဲ့အစားအစာတွေလည်း မစားနိုင်သေးသလို ဓါတ်မတည့်တဲ့ အစားအစာတွေလည်း ရှိနေနိုင်သေးတာကြောင့်လည်း ချက်ရတာ တော်တော်လေး ပင်ပန်းမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေက ငယ်လွန်းသေးတာကြောင့် အစားအစာတွေ ကျွေးတဲ့အခါမှာ ဘာကျွေးရမလဲဆိုတာ တော်တော်လေးတော့ စဉ်းစားရပါတယ်။ သူတို့လေးတွေက မာတဲ့အစားအစာတွေလည်း မစားနိုင်သေးသလို ဓါတ်မတည့်တဲ့ အစားအစာတွေလည်း ရှိနေနိုင်သေးတာကြောင့်လည်း ချက်ရတာ တော်တော်လေး ပင်ပန်းမှာပါ။ ဒါကြောင့် Kalay ကနေ (၈) လသားလေးတွေအတွက် ဖြည့်စွက်စာ ချက်နည်းလေးတွေ ပြောပြပေးမယ်နော်။

 ဝက်သားကျွေးချင်တယ်ဆိုရင်တော့

  • တစ်လက်မလောက်အရွယ်လေးတွေ တုံးပြီး အိုးထဲမှာ ရေလေး နည်းနည်းလောက် ထည့်ပြီး ပြုတ်ပါ။
  • ဝက်သားလေးတွေ ပျော့ပျော့လေး ဖြစ်လာတဲ့အထိ ပြုတ်ပါ။
  • ဆားတွေ၊ ဟင်းချိုမှုန့်တွေ မထည့်ပါနဲ့နော်။
  • အရမ်းထည့်ချင်တယ်ဆိုရင်တော့ ဆားလေး တစ်ပွင့်လောက် ထည့်ပါ။
  • ပြီးရင်တော့ မေမေတို့ ထမင်းချက်ရမယ့် အလှည့်ရောက်ပါပြီ။
  • ထမင်းချက်တဲ့အခါမှာလည်း ပျော့ပျော့လေးပဲ ချက်ပါ။

အားလုံးစုံပြီဆိုရင်တော့ ထမင်းရယ်၊ ခုနက ပြုတ်ထားတဲ့ ဝက်သားလေးရယ်ကို သားသားမီးမီးလေး မျိုချနိုင်လောက်တဲ့အထိ ကျေအောင်ချေပြီး ကျွေးပါ။ အသားရဲ့ ပရိုတင်းအပြင် ထမင်းရဲ့ ကစီဓါတ်လည်း ရရှိမှာပါ။

 ငါး၊ ထမင်း၊ အသီးတွေအားလုံး ပါဝင်အောင် ချက်ကျွေးမယ်ဆိုရင်တော့

(၈) လအရွယ် သားသားမီးမီးလေးတွေအတွက် အကောင်းဆုံး ဖြည့်စွက်စာပါပဲနော်။

  •  မေမေတို့ ပထမဆုံး ငါးကို အရိုးတွေ ထုတ်ပစ်ရပါမယ်။
  • ငါးကို သေချာလေး ပြုတ်ပြီးတော့ အရိုးနွင်လိုက်ပါ။
  • မုန်လာဥနီ၊ ပဲသီး(ဒါမှမဟုတ် မေမေတို့ ဖြည့်စွက်ကျွေးချင်တဲ့ အသီး) ကို သေချာလေး ဆေးကြောပြီး ပါးပါးလေး လှီးထားပါ။
  • ပြီးရင်တော့ ထမင်းပျော့ပျော့၊ နွင်ထားတဲ့ငါးနဲ့ အသီးတွေကို ရောပြီးချက်ပါ။
  • ဆန်ပြုတ် ပြုတ်သလို ရေလေး နည်နည်းလောက် ထည့်ပြီး ချက်ပါ။

သားသားမီးမီးလေး စားလို့ရတဲ့အထိ ပျော့လာပြီဆိုရင်တော့ အအေးခံပြီး ကျွေးလို့ ရပြီနော်။ ဖြစ်နိုင်ရင်တော့ ဆား၊ သကြား၊ ဟင်းချိုမှုန့်တွေ မထည့်ပါနဲ့နော်။

 

From Kalay with