Child development 0-24 months
|၀-၂ နှစ် အထိ ကလေးငယ်တဦး၏ တိုးတက်ပုံအဆင့်ဆင့်
• ကလေးလေးတွေဟာ အိပ်ရတာကြိုက်တယ်
• စပြီးတော့ရီတတ်လာတယ်
• သူတို့ရဲ့ခေါင်းလေးတွေ နည်းနည်းထောင်လာနိုင်တယ် ခိုင်တော့ မခိုင်သေးဘူးပေါ့
• ခြေထောက်လေးတွေလက်လေးတွေ လှုပ်နိုင်လာပြီ
• အရာဝတ္ထု တစ်ခုကို ကြညိ့တတ်လာပြီး အဲ့ပစ္စည်းရွေ့ တဲ့နေရာကို လိုက်ကြည့်တတ်လာပြီ၃ လ မှ ၆ လအတွင်း
• ပိုပြီးရီတတ်ပြုံးတတ်လာမယ်
• သူတို့ကို လက်လေးတွေခြေလေးတွေလှုပ်ပြီး ခိုးခိုးခစ်ခစ် အသံလေးတွေနဲ့ တုံ့ပြန်တတ်လာပြီ
• ခေါင်းလေးလဲ မတ်လာနိင်ပြီး စပြီး ခန္ဓာကိုယ်လှိမ့်တတ်ပြီပေါ့
• သူတို့မျက်စိရှေ့မှာရှိတဲ့ အရာဝတ္ထုဆီကိုလဲ တွားင်္သားတတ်ပြီး ယူတတ်ပြီ နောက်ပြီး အဲ့ပစ္စည်းကို ပါးစပ်ထဲ ကောက်ထည့်လိုက်ရော ။ ကလေး မေမေတွေ အဲ့ အချက်လေးကို သတိထားပေးကြပါနော် တော်ကြာ မေမေတို့မသိချိန် သားသားမီးမီးတို့ ပါးစပ်ထဲဝင် အသက်ရှူလမ်းကြောင်းပိတ်သွားရင် မတွေးရဲစရာပါ ။
• စပြီး ထိုင်တတ်ဖို့လဲ အစပြုနေတဲ့ အချိန်လေးပေါ့
၆လ မှ ၉ လ
• ဘယ်သူ့အကူအညီမှမပါဘဲ သူတို့ ဘာသာသူတို့ ထိုင်နိုင် ၊ လှိမ့်နိုင် လာပြီ
• သူတို့ နို့ဘူးကိုလဲသူတို့ဘာသာကိုင်ပြီး နို့သောက်နိုင်တဲ့ အရွယ်လေးပေါ့
၉ လ မှ၁၂ လ
• ကောင်းကောင်းကြီး လေးဘက်သွားနိုင်တဲ့အရွယ် ပေါ့ ။ လှေခါးတွေလဲ လေးဘက်တွားပြီးတက်မှာပဲ။
မေမေတို့ သတိထားရမယ်နော် တော်ကြာ သားသားမီးမီးလေးတွေ ပြုတ်ကျတာတို့ ပါးစပ်ထဲ တစ်ခုခုထည့်တာတို့ဆို မတွေးရဲစရာပဲ
• သူတို့လေးတွေကို လက်ကလေးသာကိုင်ထားပေးလိုက် လမ်းကတော့စလျှောက်ပြီပဲ
၁၂ လ မှ ၁၈ လ
• သူတို့ ဘာသာသူတို့ လမ်းလျှောက်နိုင်ပါပြီ
• သူတို့သယ်နိုင်တဲ့ပစ္စည်းလေးတွေဆို ကိုင်ပြီးလွှင့်ပစ်နိုင်နေပြီ
• အစားစာမယ်ဆိုလဲ ဇွန်း၊ ခက်ရင်လေးကိုင်ပြီး စားနိုင်တဲ့အရွယ်ပေါ့ သူတို့ကိုယ်တိုင်စားပါစေ ပြီးမှ သားသားမီးမီးတို့ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပေါ့
• လူကြီးတွေ ကူပေးရင်သူတို့ သွားကိုသူတို့ကိုယ်တိုင်တိုက်ဖို့ အလေ့အကျင့်လေး လုပ်ပေးနိုင်တဲ့အရွယ်ပေါ့
၁၈ လ မှ ၂၄ လ
• လမ်းလျှောက်တာကနေ ပြေးလာနိုင်တဲ့အချိန်ပေါ့
လူကြီးတွေ မောဖို့သာပြင်ထား ဝိတ်ချချင်ရင်တော့ အတော်ပေါ့နော်
• က, ခ, ဂ နဲ့ A,B,C တွေကို စပြီးလေ့လာနေကြပြီ သူတို့ကြားတဲ့စကားလုံးလေးတွေကို လိုက်ပြောနိုင်ပြီ ။ သူတို့တွေနဲ့စကားပြောနိုင်ဖို့ပဲ လိုတာနော်
•သူတို့အတွေးထဲမှာရှိတဲ့အတိုင်း ကစား နေတဲ့အရွယ်လေးပေါ့။ မိသားစုတွေ သူငယ်ချင်းတွေနဲ့လဲကစားချင်တဲ့အရွယ်လေးပါ ။
• သူတို့ရဲ့နေ့စဉ်လိုအပ်ချက်လေးတွေကို နည်းနည်းလေးကူပေးလိုက်ရုံနဲ့ လုပ်နိုင်နေပြီ အစားစားတာ၊ ရေသောက်တာ ၊ အင်္ကျီလဲတာတို့လေ ၊ ဘေးကနေတော့ကူပေးရမှာပေါ့နော်။ ဒါမှ သူတို့ကိုယ်တိုင်လုပ်တတ်ပြီး ကိုယ့်အားကိုယ်ကိုးမှာ။