ပထမ အမွှာ ၃ယောက် မွေးပြီးနောက် နောက်ထပ် အမွှာ ၃ ယောက် မွေးတဲ့ မိခင်

3twins

အမေရိကန်ပြည်ထောင်စု နယူးအော်လန်တွင် နေထိုင်သူ မိခင် တစ်ဦးဟာ ၃ မွှာ ပူး ၂ ကြိမ်တိုင်တိုင် မွေးဖွားသော ထူးခြားစွာ ကလေးအမွှာပေါင်း ၆ ဦး ရရှိခဲ့ပါသည်။ အသက် ၃၈ နှစ်အရွယ်  Courtney Garrett က သတင်းဌာနသို့ ယခုကဲ့သို့ သူ့ဘ၀မှာ အမွှာ ၃ ဦး၂ ကြိမ်တိတိ ရရှိနိုင်မည်ကို မမျှော်လင့်မိခဲ့ကြောင်း ပြောကြားပါသည်။ အသက် ၄၂ နှစ် အရွယ် သူမ အမျိုးသား ဖိလစ်ကလည်း အမွှာ လိုချင်သောကြောင့်  သန္ဓေ ၂ ခုကို ထည့်သွင်း သားအိမ်အတွင်း ခွဲစိတ်ထည့်သွင်းထားခဲ့ရာမှာ ယခုကဲ့သို့ သားအိမ် တစ်ခုက ၂ ခု ထပ်ဖြစ်ပေါ်ပြီး ကလေး ၃ မွှာ မွေးဖို့ကို မထင်မှတ် ထားသော ဆန်းကြယ်သော ဖြစ်ရပ် ဖြစ်ခဲ့ပါကြောင်း ပြောကြားသည်။                                                                                                                                 ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ Garrett ဟာ ပထမ IVF ပြုလုပ်ရာမှာ ၃ မွှာပူး သားနှစ်ဦး  Jack ၊ Oliver နှင့် သမီးဖြစ်သူ  Ellie ကို  အောင်မြင်ချောမောစွာ မွေးဖွားခဲ့ဘူးပါသည်။ ယခု ထပ်မံ IVF ပြုလုပ် ရာမှာလည်း ၃ မွှာပူး အဖြစ် မမျှော်လင့်ပဲ ထပ်မံ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ မိခင်ဖြစ်သူ Garrett ဟာ အာထရာဆောင်း ရိုက်ပြီး ကလေးများကို စစ်ဆေးရာမှာ ထပ်မံပြီး ၃မွှာ ပူးမှန်း သိလိုက်ရချိန်မှာ မင်သက်မိ သွားခဲ့ပါသည်။ ဒုတိယအကြိမ် အမွှာလေးများကတော့ အားလုံးသမီးတွေချည်း ဖြစ်ပါသည်။ မိခင်မှာ ပုံစံတူညီနေတဲ့ သမီးလေးများကို တွေ့ မြင်လိုက်ရစဉ်မှာတော့ ဘ၀မှာ တစ်ခါမှ မရဘူးတဲ့ လက် ဆောင်တစ်ခုကို ရရှိလိုက်သလို ခံစားခဲ့ရကြောင်း ပြောကြားပါသည်။

ဆေးပညာအရ သားဖွားဆရာဝန်၏ ပြောကြားချက်အရ ယခုကဲ့သို ၃ မွှာပူး ၂ ကြိမ် တိတိ ရရှိဖို့ရန် အခွင့်အရေးမှာ အလွန် နည်းပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်ဟု သိရသည်။

Credit: inside edition

မောင့်အိမ်သူမှ ဘာသာပြန်ဆို ရေးသားသည်။