ကလေးလေးတွေကို နှိပ်ပေးနိုင်ဖို့

ကလေးတွေကို ပုံမှန် ၁၀-၁၅ မိနစ်လောက် နှိပ်ပေးရင် မွေးစကလေးတွေ အရမ်းငိုတာ၊ မအီမသာနဲ့ စိတ်မကြည်လင်ပဲ ဂျီကျပြီး ငိုတာတွေကို သက်သာစေတယ်။ ပိုပြီးကောင်းကောင်းအိပ်အောင် ကူညီပေးတယ်။ ဝမ်းချုပ်တာ၊ လေနာလေထိုးတာတွေဖြစ်တာကို သက်သာစေတယ်။ကိုယ်အလေးချိန်တိုးဖို့ အထောက်အကူ ဖြစ်စေတယ်။ တစ်ချို့ က ကလေးတွေကို ပုံမှန်နှိပ်ပေးခြင်းဟာ ပိုးမွှားတွေ ဒဏ်ကို ခံနိုင်ရည်အားတိုးစေတယ်လို့တောင်ပြောကြပါတယ်။

တစ်ကိုယ်လုံးကို ဖြည်းဖြည်းလေးနှိပ်ပေးနေတာဟာ ကလေးရဲ့ အာရုံကြောလေးတွေကို နှိုးဆွပေးတာနဲ့ တူတူပါပဲ။ကလေးဦးနှောက်က serotonin, a feel-good chemical ( နေထိုင်လို့ကောင်းတဲ့ ဓါတ်) စတာတွေ ပိုထုတ်ပေးတယ်။ stress ကို တုံ့ပြန်တဲ့ ဟော်မုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးရဲ့ breathing( အသက်ရှုခြင်း) နဲ့ heart rate( နှလုံးခုန်နှုန်း) တွေ နှေးသွားပြီး ကလေးဟာ ပိုပြီး သက်တောင့်သက်သာရှိစေပါတယ်တဲ့။

ပုံမှန် နှိပ်ပေးခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ မိခင် ဖခင်တို့အနေနဲ့ လည်း မွေးစ ကလေးလေးရဲ့ လက္ခဏာလေးတွေကို နားလည်ပြီး ကလေးကို ဆက်ဆံရာမှာ ပိုအဆင်ပြေစေတယ်။ ကလေးနဲ့ မိမိတို့ရဲ့ ချစ်ခင်ရင်းနှီးမှုကို တည်ဆောက်ဖို့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။

ကလေးငိုနေ ဂျီကျနေတဲ့ အချိန်တော့ မနှိပ်ပေးသင့်ပါဘူး။ ပိုဆိုးနိုင်လို့ပါ။ ကလေး အေးအေးဆေးဆေးနဲ့ အိပ်မငိုက်နေတဲ့ စိတ်ကြည်လင်နေချိန်ကို ရွေးသင့်ပါတယ်။ အိပ်ယာမဝင်ခင် နှိပ်ပေးရင်လည်း ကောင်းပါတယ်။