ကလေးအသက် တစ်နှစ်မပြည့်ခင် အထိ မကျွေးသင့်တဲ့ အစားအစာ

မွေးကင်းစအရွယ်မှာ နို့ ဒါမှမဟုတ် နို့မှုန့်တိုက်ကျွေးပြီးပြီဆိုရင်တော့ ဖြည့်စွက်စာ အနေနဲ့ ထမင်းပျော့၊ ဟင်းပျော့လေးတွေ ချက်ပြီး ကျွေးကြပါပြီ။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို မွေးကင်းစအရွယ်မှာ နို့ ဒါမှမဟုတ် နို့မှုန့်တိုက်ကျွေးပြီးပြီဆိုရင်တော့ ဖြည့်စွက်စာ အနေနဲ့ ထမင်းပျော့၊ ဟင်းပျော့လေးတွေ ချက်ပြီး ကျွေးကြပါပြီ။ ဖြည့်စွက်စာကိုတော့ ကလေးအသက် (၆) လလောက်ကနေ စပြီး ကျွေးကြပါတယ်။ အဲဒီလို ကျွေးတဲ့အခါမှာ ရှောင်ရမယ့် အစားအစာလေးတွေ ရှိပါတယ်။ အသက်(၁) နှစ် မပြည့်ခင်အထိ ရှောင်ရမယ်နော်။

မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ အပြည့်အဝ သောက်ခဲ့ကြတဲ့ နွားနို့ကိုတော့ သားသားမီးမီးလေးတွေ အသက်(၁) နှစ်မပြည့်ခင် အထိ မတိုက်ကျွေးသင့်ပါဘူးနော်။ အစာခြေဖျက်ဖို့အတွက် ခက်ခဲနိုင်တာကြောင့်ပါ။

အသီးဖျော်ရည်ကကောင်းကျိုးတွေရှိတယ်ဆိုပေမယ့်

ကလေးငယ်တွေအတွက်လိုအပ်တဲ့ အဆီဓာတ်၊ပရိုတင်း၊ကယ်လ်စီယမ်၊ဇင့်နဲ့ ဗီတာမင်ဒီဓာတ်တွေ မပါဝင်ပါဘူး။ အသီးဖျော်ရည်တွေကြောင့် တစ်နှစ်အောက်ကလေးငယ်တွေအတွက် အဓိက အာဟာရဖြစ်တဲ့ မေမေ့နို့ ဒါမှမဟုတ် နို့မှုန့်တွေကို စားချင်စိတ် လျော့နည်းစေပါတယ်။ အသီးဖျော်ရည်ကြောင့် သွားစပေါက်ပြီဖြစ်တဲ့ (၈) လသား ကလေးငယ်တွေမှာ သွားပိုးစားခြင်း၊ ဝမ်းပျက်ခြင်းနဲ့ ကလေးဝမ်းဗိုက်ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

တစ်နှစ်မပြည့်သေးတဲ့ သားသားမီးမီးလေးတွေဟာ အစေ့အဆံတွေကို ကောင်းကောင်း မျိုမချတတ်သေးဘူးဆိုတာ သတိရပါ။ စားလိုက်တဲ့အခါမှ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။ မိသားစုဝင်တွေထဲမှာ မြေပဲနဲ့ ဓါတ်မတည့်တာမျိုး မရှိဘူးဆိုရင်တော့ မြေပဲကို ကျေအောင်လုပ်ပြီး ဖြည့်စွက်စာထဲ ထည့်ကျွေးတာမျိုးတော့ လုပ်နိုင်ပါတယ်။

ငါးကျွေးတာက ကလေးတွေရဲ့ ဦးနှောက်ဥာဏ်ရည်ကို ကောင်းမွန်စေတယ်ဆိုပေမယ့်

မာကျူရီ ပါတဲ့ ငါးတွေကိုတော့ ရှောင်ရပါမယ်။ မာကျူရီ ပါဝင်မှု အားများတဲ့ တူနာငါးဆို ရှောင်ရပါမယ်နော်။ ငါးကြင်း၊ ငါးခူလို ရေချိုငါးတွေတော့ ကျွေးလို့ ရပါတယ်။

ပျားရည်လည်း မကျွေးပါနဲ့ဦးနော်

သားသားမီးမီးလေးတွေရဲ့ အူထဲမှာ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါလာတာကြောင့် အစာနဲ့ မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွေးချင်ရင်တောင် တစ်နှစ်ပြည့်အောင်တော့ စောင့်ပါနော်။

 

From Kalay with