“ဂျီကျသူလေး”
|“ဂျီကျသူလေး”
__________
ဆောင်းနှောင်းရာသီ မနက်ခင်းလေးတစ်ခု၌ တစ်ယောက်တည်း ကျစိမ့်လေးသောက်၊ ဘောလုံး ဂျာနယ်လေးဖတ်၍ စည်းစိမ်ခံစားနေစဉ် အစ်မ၀မ်းကွဲ မမမြတ်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်
“မောင်လေးအာကာရေ … အစ်မကို ကူညီပါဦး”
“ပြော…အစ်မရေ၊ အစ်ကိုနဲ့ ရန်ဖြစ်လာပြန်ပြီမလား”
“ဟုတ်ပါဘူးဟယ်၊ မင်းတူမလေ…ခုမှ တစ်နှစ်ကျော်ရှိသေးတယ်
သူ့ခမျာမှာလည်း ဒီကလေးတစ်ယောက်ရဖို့အေ
“အစ်မရယ်…ဒီအရွယ်က ဒီလိုပဲဟာ၊ ကျနော့်သားလေးလဲ ဘာထူးလို့လဲ၊ သူစိတ်မကြည်ရင် နီးရာလူမျက်နှာကို ကောက်ရိုက်လို့ တောင်းပန်ခဲ့ရပေါင်းလဲ
“အိမ်မှာဆို အကြောင်းမဟုတ်ပေမယ့် အပြင်ခေါ်သွားတော့လဲ တွေ့တဲ့ပစ္စည်း ပစ်ပေါက်လို့ ခက်နေတာ ငါ့မောင်ရဲ့၊ အစ်မရိုက်တော့လဲ ခဏပဲ ငြိမ်တာ၊ ပြီးတော့လဲ ဒုံရင်းပဲ၊ အကြံပေးစမ်းပါဦးဟဲ့”
“အိမ်း…အမေးရှိတော့လဲ အဖြေရှိရတော့မပေါ့၊ ဒါပေမယ့် အဖိုးတန်တဲ့ အကြံဉာဏ်ကို ဒီလိုလွယ်လွယ် ရရိုးလား”
“အောင်မလေး ဈေးကိုင်တာဟယ်၊ နင်ကြိုက်တဲ့ ဟင်းချက်ကျွေးပါမယ်”
“ကဲ..ဒါဆိုလဲ ပြောပြရတာပ၊ ဒီလို အစ်မရေ….အစ်မ သမီးတို့ ကျနော့်သားတို့လို အသက်၁နှစ်ကနေ ၃နှစ်ကြားကာလကို မတ်တတ်ပြေးအရွယ် – Toddler လို့ခေါ်တယ်၊ အဲဒီအရွယ်မှာ ဒီလိုအပြုအမူဆိုးလေးတွေကိ
“ဒီအရွယ်က အများဆုံးပြတယ်…ဟုတ်လား
“အချိန်မရွေးတော့ မဟုတ်ပါဘူး။ သူတို့ ဒီအပြုအမူဆိုး bad behaviour တွေ အများဆုံးလုပ်တတ်တဲ့ အချိန် ၃ချိန်ရှိသဗျ”
“ပြောပြပါဦး ဆရာရယ်”
“ပြောပြမှာပေါ့ တပည့်ကြီးရယ်…ဟဲဟဲ…အဲ
(၁)သူတို့ ပျင်းလွန်းတဲ့အချိန်၊ တစ်ခုခုကို လုပ်ရတာ ငြီးငွေ့ပြီး စိတ်မပါတော့တဲ့အချိန်မျ
(၂)သူတို့ စိတ်ဆိုး၊ စိတ်ရှုပ်၊ ဒေါသထွက်တဲ့ အချိန်နဲ့
(၃)နောက်တစ်ချိန်ကတော့
“ဗဟုသုတရလိုက်တာ…ဆရာရယ်
“ကလေးတွေရဲ့ bad behaviourတွေထဲမှာ အရာဝတ္ထုတွေကို ပစ်ပေါက်တာအပြင် ပစ္စည်းတွေကို ဖျက်ဆီးတာ၊ အမှိုက်ဖွတာ၊ အခြားသူတွေကို နာကျင်အောင်လုပ်တာ၊ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တာ စသဖြင့် အများကြီးရှိတယ်”
“ဟယ်…အမျိုးပေါင်းကို စုံလို့ပါလား မောင်လေးရယ်”
“ပစ္စည်းပစ်ပေါက်တာလောက
“ဟယ်…ကြောက်စရာကြီး”
“ကဲ..ဒါတွေထားပါတော့၊ အခု အစ်မသမီး ပစ္စည်းတွေပစ်ပေါက်တဲ့ ပြဿနာကို ပြန်ဆက်ရအောင်၊ အစ်မကို ကျနော် ကလေးတွေရဲ့ အပြုအမူဆိုးလေးတွေကို လျှော့ချလို့ရမယ့် နည်းလမ်းပေးမယ်”
“ကျေးဇူးတင်တာ ငါ့မောင်ရယ်၊ နင်က ကလေးအကြောင်းတွေ လိုင်းပေါ် တင်တင်နေတော့ နင့်ဆီအကြံတောင်းရင်ရမ
“ကလေးတွေက သူတို့ စိတ်ဆိုး၊စိတ်ရှုပ်လာကြရင
“ကလေးပေါက်စတွေ နို့ဆာရင် ငိုသလိုလား”
“ဟုတ်တယ် ငါ့အစ်မရေ၊ ပေါက်စလေးတွေက သူတို့လိုအပ်ချက်ကို ငိုတာနဲ့ပြပြီး လူကြီးတွေကို အသိပေးတယ်၊ သူတို့က ပြောလဲမပြောတတ်၊ ခန္ဓာကိုယ်လဲ ကောင်းကောင်းမှ မလှုပ်ရှားနိုင်သေးပဲကိုး
“နဲနဲ သဘောပေါက်လာပြီ”
“အပြုအမူဆိုးလေးတွေကို ထိန်းချုပ်တဲ့ နည်းလမ်းတွေထဲက ထိရောက်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းနှစ်ခုရှိသဗျ၊ ပထမတစ်ခုက လျစ်လျူရှုခြင်းတဲ့”
“ဟင်…လျစ်လျူရှုခြင်း ဟုတ်လား၊ အစ်မကြားဖူးတာက ကလေးတွေကို လျစ်လျူမရှုသင့်ဘူးဆို”
“သာမန် အချိန်ဆိုရင်တော့ ဟုတ်တယ်ဗျ၊ ကလေးတွေကို လျစ်လျူရှုတာဟာ Child Abuseတစ်မျိုးပါပဲ၊ ကလေးတွေရဲ့ ဖြစ်တည်မှုအတွက် ကျနော်တို့လို မိဘတွေက အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးရမယ့် တာဝန်ရှိတယ်၊ အဲ…ဒါပေမယ့် bad behaviourလုပ်နေချိန်ကျ မတူတော့ဘူး”
“ဘယ်လိုမတူတာလဲ…စိတ်ဝင်
“သူတို့လေးတွေက သူတို့မကြိုက်ကြောင်းပြခ
“သူတို့လုပ်နေတာ မထိရောက်ဘူးလို့ ထင်သွားမှာပေါ့”
“ဟဲဟဲ…သိပ်တော်သွားပြီ
“ဒါဆို အလိုမလိုက်သင့်သလို ရိုက်လဲမရိုက်သင့်ဘူးပေ
“ဟုတ်တယ်၊ သူတို့ကို အလိုလိုက်ပြီး သူတို့ဖြစ်ချင်တာ လုပ်ပေးလိုက်ရင် သူတို့နည်းလမ်းက ထိရောက်တယ်၊ ဒီအပြုအမူဆိုးလုပ်ရင် သူတို့လိုချင်တာ ရတယ်ထင်ပြီး ထပ်ခါထပ်ခါ လုပ်တော့မယ်၊ ကိုယ်က သူတို့ကို ဆုချသလို ဖြစ်သွားတာကိုး”
“ဟုတ်တယ်..ဟုတ်တယ်၊ အစ်မက တစ်ခါတစ်လေကျ နားပူလို့ လုပ်ပေးလိုက်တာ၊ လုပ်ပေးတုန်းတော့ ငြိမ်သွားတယ်၊ နောက်ကျတော့လဲ ဒီဘူတာပဲ ပြန်ဆိုက်ရော”
“ရှေ့လျှောက်တော့ ဆင်ခြင်တော့၊ သားသမီးချစ်လို့ သူတို့ဆန္ဒဖြည့်ဆည်းပေးချ
“သူတို့ဂျီကျနေတုန်း နားဝင်အောင် ချော့ပြောရင်ရော”
“ကလေးတွေကို လုပ်သင့်တာနဲ့ မလုပ်သင့်တာ Dos and Don’ts ကို ပြောပြသင့်တာပေါ့၊ ဒါပေမယ့် အေးဆေးဖြစ်မှပြော၊ သူတို့ဂျီကျနေတုန်း သွေးပူနေတုန်းဆို ဆေးမတိုးဘူး”
“သဘောပေါက်ပြီ ငါ့မောင်ရေ၊ နောက်တစ်နည်းကရော”
“နောက်တစ်နည်းကတော့ ရှင်းသဗျ၊ မကောင်းတဲ့ အပြုအမူကို ပပျောက်စေချင်ရင် ကောင်းတဲ့ အပြုအမူကို ပျိုးထောင်ပေးရမယ်တဲ့”
“ကောင်းတဲ့ အပြုအမူ၊ ဟုတ်လား”
“ကလေးတွေရဲ့စိတ်ဟာ ပတ်ဝန်းကျင်ပေါ်လိုက်ပြ
“ကောင်းတဲ့အပြုအမူကို ဘယ်လိုပျိုးထောင်လို့ ရနိုင်လဲ”
“ကောင်းတဲ့အပြုအမူကို ပျိုးထောင်တယ်ဆိုတာ တနည်းအားဖြင့် ကောင်းတဲ့အကျင့်တွေ အားကောင်းအောင် မွေးမြူပေးခြင်းပေါ့ အစ်မရေ…
#ပထမဆုံး သူတို့ပတ်ဝန်းကျင်ကို သင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်
#ပြီးတော့ ကလေးရဲ့ ၀ါသနာ၊ စိတ်ဝင်စားမှုတွေပေါ် မူတည်ပြီး အခွင့်အလမ်းတွေဖန်တီးေ
ဒါဆို ကလေးက သူစိတ်ဝင်စားတာ လုပ်ခွင့်ရတော့ ပျင်းရိတာ စိတ်ပျံ့လွင့်တာ မရှိတော့ပဲ အာရုံစိုက်မှုကောင်းလာမယ်
“အရမ်းအကျိုးရှိတဲ့ နည်းလေးတွေပဲ ငါ့မောင်ရယ်၊ မင်းတူမလေးအတွက် စိတ်အေးရပြီ”
“သိပ်လဲ ချီးကျူးမစောနဲ့ဦး၊ ကျနော်တို့ ဘုရားက ကာလမသုတ်မှာ ဟောထားတာရှိတယ်၊ တဆင့်ကြားတဲ့ စကားကို အမှန်လို့ မထင်နဲ့၊ ကိုယ်တိုင် လက်တွေ့ကျင့်သုံးလို့ အဆင်ပြေမှ လက်ခံ”
“ဟုတ်ပါပြီတော်၊ ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်ကွယ်၊ ငါ့မောင်လေး အရာရှိကြီးဖြစ်မှ သင်္ဘောဆက်မလိုက်လို့ အားလုံးက နှမြောနေကြတာ၊ အခုလိုကြ အဟုတ်သား၊ ငါ့မောင် ကျောင်းဆရာကြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေတော်”
“အဲလိုဆုတောင်းရုံနဲ့ ဗိုက်မပြည့်ဘူး၊ ကတိတော့တည်ပါစေနော်”
“အောင်မလေး ဟုတ်ပါပြီတော်၊ ဒီတစ်ပတ် စနေနေ့ နင်ကြိုက်တဲ့ ငါးသလောက်ပေါင်းနဲ့ မုန်လာဥချဉ်ရည် ချက်ထားပါ့မယ်”
“ဒီလိုမှပေါ့…ဟဲဟဲ”
“ကဲ စကားကလဲကောင်း၊ ဈေးကလဲ သွားရဦးမယ်၊ ငါ့မောင်လေးကို ကျေးဇူးတင်တယ်၊ တလက်စတည်း ဒီအကြောင်းတွေကို လိုင်းပေါ် စာရေးပြီးတင်ဦး၊ အစ်မလဲ ပြန်ဖတ်ချင်လို့၊ နောက်ပြီး တခြားမေမေတွေလဲ ဖတ်ရအောင်လို့၊ သွားပြီကွယ်”
သမီးလေးအတွက် စိတ်အေးသွားလို့ မမမြတ်တစ်ယောက် ပျော်ပျော်ကြီး ပြန်သွားလေသည်။ တူမလေးအတွက် အကြံပေးလိုက်ရလို့ ပီတိတွေပြည့်နေ၍လားမသိ၊ အေးစက်နေတဲ့ လက်ဘက်ရည်က ခါတိုင်းထက် အရသာပိုရှိနေလေရဲ့။
တီချယ်အာကာ