လိမ္မာတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာဖို့ အကောင်းဆုံး သင်ပေးနိုင်တဲ့အရွယ်

ဘယ်အသက်အရွယ်မှာ ကိုယ်ပိုင်စိတ်ကူးလေးတွေ စရှိလာတာလဲ။ သားသားမီးမီးလေးတွေ အသက်(၂)နှစ်ထဲကို ရောက်လာတဲ့အခါ ကိုယ်ပိုင်စိတ်ကူးလေးတွေ စတင် ဖြစ်ပေါ်လာပါပြီ။

အသက်(၁)နှစ် မပြည့်သေးတဲ့ သားသားမီးမီးလေးတွေက မေမေဖေဖေတို့ ထားတဲ့ ပုံစံအတိုင်း နေတတ်ကြပါတယ်။ အသက်(၂)နှစ်ကို ကျော်လာတာနဲ့ ကလေးလေးတွေအနေနဲ့ လူကြီးတွေ ထားတဲ့ ပုံစံအတိုင်း နေတော့မှာ မဟုတ်ပါဘူး။ လမ်းလျှောက်မယ်၊ ပြေးမယ်၊ အရုပ်တွေကို လွင့်ပစ်နေမယ်၊ ငိုနေမယ် စတဲ့ စိတ်ခံစားချက်တွေအတိုင်း အမျိုးမျိုး ပြုလုပ်တတ်ပါတယ်။

ဒီအချိန်မှာ မေမေဖေဖေတို့ စောင့်ကြည့်ပေးရမှာက အန္တရာယ် ရှိနိုင်တဲ့နေရာတွေပါ

သူတို့လေးတွေဟာ အန္တရာယ်ကို နားမလည်သေးတာကြောင့် မေမေဖေဖေတို့က စောင့်ကြည့်ပေးဖို့ လိုပါတယ်။ အိမ်မှာရှိတဲ့ လှေကား၊ ဝရံတာ စတဲ့ နေရာတွေကို သွားတဲ့အခါမှာ အန္တရာယ်မဖြစ်အောင် သတိထားပေးပါ။

အရင်က ကျွေးနေတဲ့ ဖြည့်စွက်စာတွေကိုလည်း မစားတော့တာကို တွေ့ရမှာပါ

သားသားမီးမီးလေးတွေ ကြိုက်နှစ်သက်နိုင်မယ့် ဖြည့်စွက်စာတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ ကိုယ်ပိုင်စိတ်ကူးလေးတွေ စရှိလာတဲ့ သားသားမီးမီးလေးတွေကို မေမေဖေဖေတို့က ဘယ်လို စောင့်ရှောက်ပေးရမလဲ။ မေမေဖေဖေတို့ ပြုလုပ်ပေးရမယ့် နည်းလမ်းကောင်း(၃)ချက်ကို Kalay ကနေ ဝေမျှပေးမှာပါ။

  • (၂)နှစ်နဲ့(၃)နှစ်အရွယ် သားသားမီးမီးလေးတွေမှာ ပတ်ဝန်းကျင်ကို ကိုယ်တိုင်စူးစမ်းနေတဲ့ အရွယ်ဖြစ်တာကြောင့် ဘာသာစကားတွေရဲ့ အသုံးအနှုန်းတွေကို စတင် လေ့လာနေပါတယ်။ ဒါကြောင့် ဘာသာစကား (၂)မျိုး သင်ပေးချင်တဲ့ မေမေဖေဖေတွေအတွက်တော့ ဒီအရွယ်မှာ စပြီး သင်ကြားပေးတာက အကောင်းဆုံးဖြစ်ပါတယ်။
  • ပတ်ဝန်းကျင်က အပြုအမူတွေကို သင်ယူနေချိန်ဖြစ်တာကြောင့် ကောင်းမွန်တဲ့ အကျင့်ကောင်းတွေကို တဖြည်းဖြည်း ပုံသွင်းပေးဖို့ အသင့်တော်ဆုံး အချိန်ပါ။ လိမ္မာတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာဖို့ အကောင်းဆုံး သင်ပေးနိုင်တဲ့ အရွယ်ပါ။
  • သားသားမီးမီးလေးတွေကို ဆုံးမတဲ့အခါ ရိုက်တာတွေ၊ ဆူတာတွေ မပြုလုပ်ဖို့ သတိထားပါ။ နုနယ်တဲ့ အရွယ်ဖြစ်တာကြောင့် စိတ်ဒဏ်ရာဖြစ်သွားပြီး အားငယ်တာတွေနဲ့ ဂျစ်ကန်ကန်ပုံစံတွေ ဖြစ်သွားနိုင်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးပါ။

From Kalay with