သားသားမီးမီးလေးတွေကို သဘာဝအတိုင်း သင်ယူနိုင်စွမ်းတိုးတက်စေဖို့
|သဘာဝအတိုင်း သင်ယူနိုင်စွမ်းလေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ရုပ်ပုံကားချပ်တွေ နဲ့ အရုပ်လေးတွေကို အသုံး ပြုပြီး သားသားမီးမီးလေးတွေကို ကစားခိုင်းပါနော်။
သားသားမီးမီးလေးတွေ (၂) နှစ် အရွယ် ရောက်လာပြီဆိုရင်တော့
သူတို့လေးတွေ ကိုယ်တိုင် သွားတိုက်နိုင်ပါပြီ။ စနစ်တကျ သွားတိုက်တတ်အောင် ဖေဖေမေမေ တို့က ဘေးကနေ လမ်းညွှန်ပေးဖို့တော့ လိုတယ်နော်။ သားသားမီးမီးလေးတွေ အရွယ်မတိုင်မီ သွားပိုးစားတာတွေ မဖြစ်အောင် မေမေဖေဖေ တို့အနေနဲ့ နေ့စဉ် သွားတိုက်ဖို့ လေ့ကျင့်ပေးပါနော်။ သားသားမီးမီးလေးတွေ (၂) နှစ်ခွဲ အရွယ်ရောက်လာရင်တော့ အံသွားလေးတွေ စတင်ထွက်လာပြီပေါ့။ လူကြီးတွေ အံသွားထွက်ချိန်နာကျင်ရသလိုပဲ သားသားမီးမီးလေးတွေမှာလည်း နာကျင်တဲ့ ဝေဒနာကို ရက်အနည်းလောက် ခံစားရတာကို မေမေဖေဖေတို့ သတိပြုပေးပါနော်။
အံသွားစပေါက်တဲ့ အချိန်ကစပြီး
သွားလေးတွေကို ဂရုစိုက်ပေးပါနော်။ သားသားမီးမီးလေး တို့ရဲ့ သွားလေးတွေကို ထိခိုက်စေမယ့် အချိုပါတဲ့ မုန့်တွေကိုလည်း သတိထားပြီးကျွေးပေးတာ အကောင်းဆုံးပါပဲ။ သားသားမီးမီးလေးတွေကို တစ်ရက် သွားနှစ်ကြိမ်တိုက်ဖို့ လေ့ကျင့်ပေးတာက သူတို့လေးတွေဆီမှာ အကျင့်ကောင်းလေးတစ်ခု ရသွားတာပေါ့။ ပတ်ဝန်းကျင် ကို မှတ်မိနေပြီး ကိစ္စတော်တော်များများကို နားလည်တာကလည်း သားသားမီမီးလေးတွေ ရဲ့ ဖွံ့ဖြိုးလာတဲ့ လက္ခဏာ တစ်ခုပါ။
သားသားမီးမီးလေးတွေ အသက်(၂)နှစ် ကျော်လာရင်တော့ အရပ်ရှည်လာတာကို ဖေဖေမေမေ တို့ တွေ့ရမှာပါ။ အသက် (၃) နှစ်ထဲ ဝင်လာချိန်မှာတော့ သားသားမီးမီးလေးတွေရဲ့ လမ်းလျောက်တာတွေ နဲ့ ပြေးတာတွေက လုံးဝကို ချောချောမွေ့မွေ့ဖြစ်နေပါပြီ။ ဒီလိုချိန်လေးမှာ မေမေဖေဖေ တို့အနေနဲ့ သဘာဝအတိုင်း သင်ယူနိုင်စွမ်းလေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ရုပ်ပုံကားချပ်တွေ နဲ့ အရုပ်လေးတွေကို အသုံး ပြုပြီး သားသားမီးမီးလေးတွေကို ကစားခိုင်းပါနော်။
သားသားမီးမီးလေးတွေ (၂) နှစ်ခွဲ ကျော်လို့မှ ဖွံ့ဖြိုးတိုးတက်တာတွေ မမြင်ရသေးဘူးဆိုရင်တော့ ကလေးအထူးကုဆရာဝန်တွေဆီကို ပြသဖို့ လိုနေပါပြီ။ စကားထစ်တာတွေ၊ အပြုအမူမမှန်တာတွေ နဲ့ အမူအရာတစ်ခုကို ထပ်တလဲလဲ ပြုလုပ်နေမယ်ဆိုရင်တော့ ဆရာဝန်တွေဆီကိုအမြန်ဆုံးပြသပေးပါ။
From Kalay with