သားသားမီးမီးလေးတွေ အတွက် စိုးရိမ်စရာ မလိုတဲ့ လက္ခဏာများ

အတွေ့အကြုံမရှိသေးတဲ့ မေမေဖေဖေတို့မှာ သားသားမီးမီးလေးတွေ ငိုတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေပြီး စိတ်ပူကြပါတယ်။

မေမေဖေဖေတို့ မကွဲပြားတာ တစ်ခုက သားသားမီးမီးလေးတွေရဲ့ ငိုသံပါ။ ဗိုက်ဆာလို့ ငိုတာလား ၊ ပင်ပန်းလို့ ငိုတာလားဆိုတာ ကွဲကွဲပြားပြား မသိကြပါဘူး။ ကနဦးမှာ ကျွမ်းကျင်မှု မရှိတာကြောင့် မေမေဖေဖေတို့ ပျာယာခတ်ကြတာပါ။ ညတိုင်း ကြုံတွေ့နေရတဲ့အခါ မေမေဖေဖေတို့ ပင်ပန်းလာတာကို ခံစားကြရမှာပါ။ သားသားမီးမီးလေးတွေက နို့မှန်မှန် သောက်ရဲ့လား။ ဝမ်းမှန်မှန်သွားရဲ့လား စတာတွေကလည်း မေမေဖေဖေတို့ကို ပြာယာခက်စေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကလေးကျန်းမာရေး စာအုပ်တွေနဲ့ အတွေ့အကြုံရှိတဲ့ သူတွေဆီကနေ ဖြေရှင်းနည်းတွေ သိနိုင်ပါတယ်။ မေမေဖေဖေတို့ မစိုးရိမ်စရာမလိုတဲ့ သားသားမီးမီးလေးတို့ရဲ့ လက္ခဏာလေးတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

မွေးခါစ

မွေးခါစ သားသားမီးမီးလေးတွေက အများကြီး ငိုနေတယ်ဆိုရင် မေမေဖေဖေတို့ကို စိတ်ပူစေပါတယ်။ မေမေဖေဖေတို့ တအားကြီး စိတ်ပူစရာမလိုပါဘူး။ သူတို့လေးတွေက စကားမပြောနိုင်သေးတာကြောင့် ငိုရတာပါ။ သူတို့လေးတွေ လိုချင်တဲ့ ဆန္ဒလေးတွေ ပြည့်သွားတဲ့အခါ အငိုရပ်သွားတာကို မေမေဖေဖေတို့ တွေ့ရမှာပါ။

ကြီးထွားနှုန်း

သားသားမီးမီးလေးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ကြီးထွားနှုန်းမတူညီကြပါဘူး။ ဒါကြောင့် မေမေဖေဖေတို့ သိထားရမှာက သားသားမီးမီးလေးတွေ မိခင်နို့ သောက်တဲ့ ပမာဏပေါ်မူတည်ပြီး ကြီးထွားနှုန်း ကွဲပြားကြပါတယ်။ မေမေတို့ကလည်း သားသားမီးမီးလေးတို့ရဲ့ ခန္ဓာကိုယ် ကြီးထွားစေမယ့် အစားအစာတွေကို များများစားပေးပါ။

အငိုနည်းတာ

သားသားမီးမီးလေးတွေ အသက်(၁)လ ကိုရောက်လာတဲ့အခါမှာ အရင်ကလို မကြာခဏ ငိုတာတွေ နည်းလာတာကို တွေ့ရမှာပါ။ ဒီလို အငိုနည်းလာတာက မေမေဖေဖေတို့ကို စိတ်ပူစေပါတယ်။ သူတို့လေးတွေရဲ့ မျက်လုံးကြွက်သား ဖွံ့ဖြိုးလာပြီး ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို စိတ်ဝင်စားလာတဲ့အတွက် အငိုနည်းလာတာပါ။

နားထောင်တယ်

သားသားမီးမီးလေးတွေဟာ သီချင်းသံလေးတွေကို ကြားတဲ့အခါ အငိုရပ် သွားတာကို တွေ့ရမှာပါ။ ဒါကလည်း သူတို့လေးတွေရဲ့ အကြားအာရုံ ဖွံ့ဖြိုးလာလို့ပါ။ သားသားမီးမီးလေးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်က အသံတွေကို စပ်စုတာပါ။

အရောင်

အသက်(၁)လကျော် (၂)လထဲကို ရောက်လာတဲ့အခါမှာတော့ ပတ်ဝန်းကျင်က အရောင်တွေကို စိတ်ဝင်စားလာပါတယ်။ အမြင်အာရုံကလည်း ဖွံ့ဖြိုးလာပြီး အကွားအဝေး (၁၈)လက်မ အထိ မြင်နိုင်လာပါတယ်။ အရာဝတ္ထုတစ်ခုကို ကြာကြာစိုက်ကြည့် တတ်ပါတယ်။

From Kalay with