သားသားမီးမီးလေးတွေ ဖွံ့ဖြိုးမှုအတွက် သိထားသင့်တဲ့ အဆီ နဲ့ ကျန်းမာရေး

မေမေတို့ရေ အဆီ ဆိုတာနဲ့ လန့်မသွားပါနဲ့ဦးနော်။ သားသားမီးမီးလေးတွေ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကို အဆီကနေလည်း ထုတ်ပေးနေလို့ပါ။

မေမေတို့ရေ ခန္ဓာကိုယ်တစ်ခုလုံးကို ဖွဲ့စည်းထားတဲ့ ဆဲလ်တွေရဲ့ နံရံတွေကို အဆီတွေနဲ့ အများဆုံး ဖွဲ့စည်းထားတာပါ။  သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ဗီတာမင်တွေကို အူလမ်းကြောင်းမှ သွေးထဲကို စုပ်ယူဖို့အတွက်လည်း အဆီဓာတ်က မရှိမဖြစ်လို့အပ်တယ်နော်။ သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ် ကြီးထွားလာဖို့ကလည်း အဆီဓာတ်ရဲ့ ထောက်ပံ့မှုက အရေးကြီးနေပါသေးတယ်။ (၂) နှစ် နဲ့ (၂) အောက် အချိန်က သားသားမီးမီးလေးတွေ ခန္ဓာကိုယ်အမြန်ဆုံး နဲ့ ကြီးထွားချိန် ဖြစ်နေတာကြောင့် အဆီဓာတ် လျော့နည်း လို့မရပါဘူးနော်။

မေမေတို့ သတိထားရမှာကတော့ သားသားမီမီးလေးတွေ နေ့စဉ်သောက်နေတဲ့ နွားနို့ပါ။ နွားနို့မှာ အရိုးတွေကို သန်မာစေတဲ့ ကယ်ဆီယမ်ဓာတ်တွေသာမက ကဆီဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။ အသက် (၂) နှစ်အောက် သားသားမီးမီးလေးတွေကိုတော့ အဆီမထုတ်ထားတဲ့ နွားနို့ကို တိုက်ကျွေးတာ အကောင်းဆုံးပါပဲ။ (၂) နှစ် အထက် သားသားမီးမီးလေးတွေကိုတော့ အဆီထုတ်ထားတဲ့ နွားနို့ကို တိုက်ကျွေးလို့ ရပါတယ်။

မေမေတို့ သိထားတဲ့အတိုင်းပါပဲ။ အဆီမှာ ပြည့်ဝဆီ နဲ့ မပြည့်ဝဆီ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုခေတ်မှာ ခေတ်စားလာတဲ့ ဆီတစ်မျိုးကတော့ ပုံပြောင်းဆီလို့ ခေါ်တဲ့ ခဏခဏ ပြန်ကြော်ထားတဲ့ ဆီတွေကိုပြောတာပါ။

သားသားမီးမီးလေးတွေ ကျွေးဖို့ ဟင်းတွေ ချက်တဲ့အခါမှာလည်း မပြည့်ဝဆီကိုပဲ အသုံးပြုပါ။ ပဲဆီ၊ နေကြာဆီ ၊ သံလွင်ဆီ ၊ ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီနဲ့ ကန်နိုလာဆီ တို့ကို က မပြည့်ဝဆီ အုပ်စုဝင်တွေပါ။

ပြည့်ဝဆီတွေနဲ့ ပုံပြောင်းဆီတွေကို သုံးပြီး ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုတော့ သားသားမီးမီးလေး တို့ကို မကျွေးသင့်ပါဘူးနော်။ မေမေ တို့သတိထားရမှာက ဟင်းချက်တဲ့အခါမှာ အသားတွေမှာ ကပ်နေတဲ့ အဆီဖတ်တွေကို ဖယ်ပြီးမှ ချက်ဖို့ပါပဲ။ နောက်တစ်ခု မေမေတို့သတိထားရမှာကတော့ ကြက်သားချက်တဲ့အခါ ကြက်ရေခွံကိုဖယ်ပေးဖို့ပါ။

ပြည့်ဝဆီတွေကို အသုံးပြုထားတဲ့ ဘာဂါတွေ၊ အာလူး ကြော်တွေနဲ့ အသင့်စားအစားအစာ တွေကို သားသားမီမီးလေးတို့ကို မကျွေးဖို့ သတိပြုပေးပါ။ ဈေးတွေမှာရောင်းတဲ့ အသင့်စား အကြော်အလှော် တွေကလည်း သားသားမီးမီးလေးတွေကို အန္တရာယ် ဖြစ်စေပါတယ်။ အသင်စား အကြော်အလှာ်အများစုကတော့ ပြန်ကြော်ဆီတွေကို အသုံးပြုထားတာပါ။

ပြည့်ဝဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို  မကြာခဏ စားနေတယ်ဆိုရင်တော့ သားသားမီးမီးလေးတွေမှာ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

 

From Kalay with