အားပေးလို့ ဝိုင်းဝန်းကူညီမယ်
|
အားပေးလို့ ဝိုင်းဝန်းကူညီမယ်
__________________________
ဒီနေ့…….
” ကျွန်မသမီးလေးက မွေးရာပါ မျက်လုံးအားနည်းသူမို့ ဘေးလူတွေပြောကြလို့ ငိုတောင် ငိုမိတယ် ” ဆိုတာလေး ဖတ်လိုက်ရတယ်။
ဒီအခါမှာ ကျွန်မသားလေးလည်း မျက်မှန်တပ်ရလို့ ကျွန်မက ဒီခံစားချက်ကို အကြွင်းမဲ့ နားလည်တယ်။ ဒီလို အကြောင်းအရာကို ကျွန်မ မရေးချင်မပြောချင်ပေမယ့် ခုတော့ နည်းနည်းပြောပါရစေ။
ကျွန်မတို့ ငယ်ငယ်ကတည်းက ကျောင်းမှာဆိုရင် မျက်မှန်တပ်ရသူကို လေးလုံးလို့ခေါ်တယ်။ ခြေထောက်မသန်သူဆို ထော့ကျိုးလို့ခေါ်တယ်။ စကားထစ်သူဆို အ,ထစ်လို့ခေါ်တယ်။ စာနာ နားလည်မှု ပေးမယ့် အစား ကျင်ဖယ်ကြတယ်။ သူ့အားနည်းချက်ကို ဖေးမပြီး အလေးထားဆက်ဆံမယ့်အစား နှိမ်ချကြတယ်လို့ပဲ ရှင်းရှင်းပြောချင်တယ်။
ဒီတော့ ဒီလိုတွေ ခွဲခြားဆက်ဆံခံရမှာကို ကြောက်တော့ ကိုယ်တွေ ငယ်ငယ်ကလည်း မျက်လုံးလေးနည်းနည်း အားနည်းလို့ မျက်မှန် ခဏတပ်ရင် ပျောက်သွားမှာကို မတပ်ချင်ကြဘူး။ သူများပြောမှာကြောက်တာကိုး။
ဒီနေရာ ကျွန်မ အတွေ့အကြုံလေး ထည့်ပြောပါရစေနော်။ သားမျက်မှန် စတပ်ရတော့ အသိမိတ်ဆွေတွေရော ၊ မသိမိတ်ဆွေတွေရောရဲ့ မတူညီတဲ့ negative ဆန်ဆန် အပြောလေးတွေ ကြုံတာပါပဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ သားရှေ့ကရပ်နေတဲ့ ရဲရဲမတ်မတ် သံမဏီမျက်နှာတွေကြောင့် အရမ်းဆိုးဆိုးတော့ မပြောကြဘူး။ ဒါပေမယ့် ပုံစံကျနေတဲ့ ကျွန်မတို့ရဲ့ culture အရ
” မျက်မှန်တပ်လိုက်ရပြီလား”
” ပြောသားပဲ ipad ပေးမကြည့်ဖို့… ငါ့သမီးဆို မတပ်ရဘူး”
” ဟာ … မျက်မှန်ကြီးကို ချွတ်ထားစမ်းပါ။ နှာခေါင်းမှာ အရာထင်လိမ့်မယ်။ အကျင့်ပါတယ်။ မျက်မှန်မပါပဲ ကြည့်တတ်အောင် သင်ပေး”
( “ဟင် … အဝေးမှုန်မို့ မမြင်ရပါဘူးဆို ဘယ်လို ကြည့်တတ်အောင် သင်ပေးရမှာလဲ … နှာပိတာ အရေးမကြီးဘူး။ အိပ်ချိန်ပဲ ချွတ်ဖို့ ကျွန်မပြောထားတာ။ မျက်လုံးက အပိုမပါဘူး” လို့ စက္ကန့်မခြားကျွန်မပြန်ပြောလ
ကျွန်မ သားရဲ့ ဓါတ်ပုံတွေကို fb ကနေတဆင့်မြင်ပြီး ကျွန်မအဖေရဲ့ သူငယ်ချင်းတွေက ပြောတယ်တဲ့
” ကလေးကို မျက်မှန်တပ်ပေးလိုက်တာလား … လှလည်းမလှဘူး … ဝိုင်းဝိုင်းကြီး…. ”
ဆိုပြီး ပုံတခါမြင်တိုင်း တခါ လာပြောနေလို့ စိတ်နုရှာတဲ့ ကျွန်မ အမေမှာ မျက်ရည်နဲ့ မပြတ်ရှာဘူး။ ကျွန်မ သိရတော့မှ
” ဪ အမေရယ် မျက်မှန်ဆိုတာ တကမ္ဘာလုံးတပ်နေကြရတာ… မျက်မှန်တပ်လို့ ရတာကိုပဲ သမီးတို့က ကျေးဇူးတင်ရမှာ… ဝိုင်းဝိုင်းကြီးဆိုတာကလည်း
လို့ ဘုပဲ နှစ်သိမ့်လိုက်တယ်။ ကျွန်မကတော့ ကျွန်မထက် လူ့လောကကို အရင်ရောက်နေတဲ့ အဲဒီ လူကြီးတွေက “ရင့်ကျက်၊စာနာ၊နားလည်၊ယဉ်ေ
တခြားနိုင်ငံတွေမှာဆိုရင် ( ဒီစကားလုံးကို မသုံးချင်ဘဲ သုံးရတာပါ) လသားကလေးတွေက အစ အမြင်အာရုံအားနည်းရင် မျက်မှန်တပ်ပေးကြတယ်။ ဒါကို သူတို့က ဂုဏ်ယူကြတယ် ။ ဝမ်းသာကြတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ့်ကလေးရဲ့ အခက်အခဲကို မျက်မှန် အကူနဲ့ ဖြည့်ဆည်းပေးနိုင်လို့။ သူများပြောမှာထက်စာရင် သူတို့ ကလေးရဲ့ အဆင်ပြေမှုကို ပို အလေးထားတယ်။အများစုကလည်း ” မျက်မှန်တပ်ရတာလား” ဆိုပြီး မဝေဖန်ကြပါဘူး။ နားမကြားရရင်လည်း နားကြားကိရိယာပေါ့။ လမ်းမလျှောက်နိုင်ရင်လမ်းလေ
သားတို့ကျောင်းမှာ wheelchair နဲ့ ကျောင်းတက်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူဟာ wheelchair ပေါ်မှာ ထိုင်နေရတာကလွဲရင် ကျန်တာတွေ သူလုပ်နိုင်လို့ ကျောင်းတက်ခွင့်ရတာပါ။ သူ့ကို လိုတာလုပ်ပေးဖို့ အထိန်းအဖော်ကို ကျောင်းက နေခွင့်ပြုထားတယ်။ ဒီကောင်လေးရဲ့ မျက်နှာဟာ ပျော်ရွှင်မှု၊ ရဲရင့်မှု၊ ကျေနပ်လက်ခံမှုတွေနဲ့ တောက်ပနေလွန်းလို့ သူ့ကို ဘယ်သူမှ သနားတဲ့အကြည့် ၊ နှိမ်တဲ့အကြည့်နဲ့တောင် မကြည့်ရဲဘူး။ ဆရာမတွေ၊ အတန်းဖော်တွေကလည်း သူ့ကို ခွဲခြားမဆက်ဆံဘူး။ ပုံမှန်ပဲ ဆက်ဆံကြတယ်။ မွေးရာပါ လမ်းမလျှောက်နိုင်ရာကနေ electric wheelchair ကိုကိုယ်တိုင်မောင်းပြီး primary school တက်နိုင်အောင်ထိ ရောက်လာတဲ့ ဒီကလေးရဲ့ မာကြောမှုကို ကျွန်မ အားကျတယ်။ ကျောင်းကို သွားတိုင်း သူ့ကို အမြဲကြည့်မိတယ်။ သူ့အမေကို ပိုလေးစားတယ်။ ချွတ်ယွင်းချက်ရှိပေမယ့် အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ အလျင်းမရှိပဲ ပျော်နေတဲ့ ကလေးတစ်ယောက်ကို သူမပျိုးထောင်ထားတာမို့ ပါ။
နောက်တော့ အရမ်းမဆိုးတဲ့ autism, development delays ,ADHD စတဲ့ ကလေးတွေလည်း ဆရာဝန်ရဲ့ ကျောင်းတက်လို့ရပါတယ်ဆိုတဲ့
ဒီလို ချွတ်ယွင်းချက် ၊ အားနည်းချက်ရှိတဲ့ကလေးတွေကိ
မေတ္တာဖြင့်
ယုငယ်