“မေမေ့သားသား စားဖွယ်ရာ”

Cyproheptidine ဟာ အလာဂျီနဲ့ ချောင်းဆိုးတဲ့အခါ သုံးတဲ့ antihistamine အမျိုးအနွယ်ပါ။ အဲဒါကြောင့် သူ့မှာ အိပ်ငိုက်တဲ့ (သို့မဟုတ်) ဂဏာမငြိမ်တဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ အစာများများစားတယ်၊ ဗိုက်ဆာတယ်ဆိုတာကလည်း ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ယူပြီး သုံးနေကြတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အားဆေးအနေနဲ့ ရေရှည်စွဲသုံးဖို့ မသင့်တော်ပါဘူး။ ဆေးအနေနဲ့ ဆရာဝန်ညွှန်ကြားမှ သုံးရပါတယ်။ ဥပမာ – ကြီးထွားမှု တန့်နေတဲ့ကလေးမျိုး၊ အပြင်းအထန်နေမကောင်းဖြစ်ပြီး နလန်ထချိန်မှာ ဘာမှ မစားနိုင်တဲ့ကလေးမျိုးကို ရေတို (short term) ဆေးအဖြစ် တိုက်တာပါ။ ၁ပတ် ၂ပတ်လောက် တိုက်ပြီး ကလေးအစားပြန်စားပြီဆိုတာနဲ့ ရပ်လိုက်ရတဲ့ ဆေးမျိုးပါ။ အဲဒါတောင် တနေ့တကြိမ် ညအိပ်ရာဝင်ချိန်မှာ စမ်းတိုက်ကြည့်ပြီး ကလေးအဆင်ပြေမပြေကြည့်ရတယ်။ ကလေးက အရမ်းငိုက်ပြီး ခေါင်းမထူနိုင်အောင် မူးနေရင် ရပ်ရပါတယ်။ ဆေးဟာ ၆ပတ်ကနေ ၈ပတ်အထိပဲ ကောင်းကောင်း အစွမ်းပြပါတယ်။ အဲဒီအချိန်ကျော်သွားရင် အကျိုးသက်ရောက်မှုတွေ တဖြည်းဖြည်းကျလာပါလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးတွေလည်း များတဲ့အတွက် မသောက်မဖြစ် လိုအပ်နေတဲ့ ကလေးမျိုးကိုသာ ရေရှည်စွဲတိုက်ကြပါတယ်။ တကယ်လို့ ဆရာဝန်က ကိုယ့်ကလေးကို ဒါတိုက်ဖို့ ညွန်ကြားခဲ့ရင်လည်း ဆရာဝန်ကို ပြန်မေးကြည့်ပါနော်။ ကိုယ့်ကလေးဒါသောက်ဖို့ တကယ်လိုမလိုပေါ့။ ကိုယ့်သဘောနဲ့ကိုယ်တော့ လုံးဝမတိုက်သင့်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကလေးနဲ့ အစာစားချင်စိတ်ဖြစ်ပေါ်စေသည်ဆိုသော ဆေးများ

ကလေးနဲ့ အားဆေးက ခွဲမရအောင်ပါပဲ ကလေးတိုင်းလိုလိုကို အားဆေးတိုက်တတ်ကြပါတယ် ကျန်းမာရေးနဲ့ ညီအောင် စားသောက်ခြင်းသိပ်မရှိလှတဲ့ ဓလေ့ကြောင့် ကလေးတွေဟာ အားဆေးလိုအပ်နိုင်ပါတယ် ကလေးတစ်ယောက်နဲ့တစ်ယောက်တော့ လိုအပ်ချက်ခြင်းမတူနိုင်ပါဘူး ဒါကြောင့် ကလေးအားဆေးဆိုရာမှာ ကလေးဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်သင့်ပါတယ် နာမည်ကြီးတိုင်း ကိုယ့်ကလေးနဲ့ သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ် တခု သတိပြုရမှာကတော့ မေမေဟာ ကိုယ်ဝန်ဆောင်စဉ် နို့တိုက်စဉ်နဲ့ ကလေးဖြည့်စွက်စာမှစကာ ကလေးအစားအစာမှန်သမျှ အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးနိုင်မယ်ဆိုရင် အားဆေးမလိုပါဘူး အစာအာဟာရကတဆင့် လိုအပ်သမျှသော ဗီတာမင်ကို ရယူနိုင်ပါတယ် ဒါပေမယ့် ကလေးကလဲ မေမေပြင်ဆင်ပေးသမျှ စားချင်မှစားမှာပါ ဒီတော့ အားဆေးကူရတော့တာပေါ့

ကလေးငယ်ကို ၆လထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရမှာဖြစ်ပြီး ဒီကာလအတွင်း ရေတိုက်ဖို့တောင်မလိုအပ်ပါဘူး အထူးအခြေအနေမဟုတ်ပဲ ရေတိုက်စရာမလိုပါ ၆လကျော်တဲ့ ကလေးတွေကိုတော့ ဖြည့်စွက်စာကို အသက်အရွယ်လိုက်ပြီးကျွေးပေးရမှာပါ ကလေးငယ်ဟာ သွားပေါက်လာချိန်နဲ့ နေမကောင်းချိန်လေးတွေမှာ အစာစားဖို့ ငြင်းဆန်တတ်ပါတယ် ဒါဟာ ပုံမှန်ကလေးသဘာဝပါ အားဆေးတိုက်လဲ ပိုစားလာနိုင်မှာမဟုတ်ပါ ကလေးရဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိနေရင် စိတ်ပူစရာမရှိပါဘူး တစ်နှစ်ကနေ ၃နှစ်အတွင်း ကလေးငယ်တွေဟာ ကိုယ်ခန္ဓာ ကြီးထွားမှုလဲ နှေးသွားပြီး အစာစားလိုစိတ်ကလဲ လျော့နည်း သွားတတ်ပါတယ် ဒီအရွယ်ကလေးတွေအတွက် အစားအစာဟာ နှစ်သက်မှုလဲပြောင်းလာတတ်ပြီး မေမေ ကျွေးသမျှစားမှာမဟုတ်တော့ပါဘူး ဒီအရွယ်ကလေးတွေရဲ့ ကယ်လိုရီ လိုအပ်ချက်ဟာ တစ်နှစ်အောက်ကလေးတွေထက်လျော့နည်းပါတယ် ကလေးငယ်ကို အစာမစားလို့ဆိုပြီး စိတ်ညစ်တတ်ကြသော မေမေများက အစာစားစေချင်လို့ အားဆေးများ တိုက်ကြပြန်ပါတယ် သာမန်အားဆေးတွေဟာ ဘာပြဿနာမှမရှိပေမယ် cyproheptidine ပါဝင်သောဆေးတွေကတော့ပြဿနာရှိပါတယ်
ဒီဆေးရဲ့သဘောက ဦးနှောက်ကိုနှိုးဆွပေးတဲ့ သဘောပါရှိပါတယ် ဘေးထွက်ဆိုးကျိုး အနေနဲ့လဲများပြားလှပါတယ် အိပ်ချင်တာ စားချင်တာ ရှူးမပေါက်နိုင်တာ အူလမ်းကြောင်း အထွက်နားမှာ ပိတ်ဆို့နိုင်တာ စိတ်ဂနာမငြိမ်တာတွေ ဖြစ်တတ်ပါတယ် ရေရှည်အနေနဲ့တော့ မှတ်ဥာဏ် အားနည်းလာတတ်ပါတယ် အသက် နှစ်နှစ်အောက် ကလေးတွေအတွက်လုံးဝ တိုက်ဖို့ မသင့်တော်တဲ့ဆေး ဖြစ်ပါတယ် နို့တိုက်မိခင်တောင် မသောက်သင့်တဲ့ဆေးပါ နို့ကတဆင့် ကလေးဆီ ရောက်နိုင်လို့ ဖြစ်ပါတယ် အဲဒီဆေးတွေ တင်သွင်းတဲ့နိုင်ငံမှာတောင် အဲဒီဆေးတွေကို သုံးစွဲခွင့်ပြုမထားပါ ဒီတော့ မေမေတို့အနေနဲ့ အားဆေးတိုက်ချင်ရင် ဒီ cyproheptidine ပါဝင်သလားဆိုတာ သတိထားသင့်ပါတယ် ဆေးနာမည်တွေဟာ cyproနဲ့စတာများပါတယ် ကလေးအစာမစားဘူးလို့ မေမေကညည်းရင် အိမ်နားမှာရှိကြကုန်သော စေတနာအကြံပေးများက cyproheptidine ပါဝင်သော ဆေးများတိုက်ဖို့ ညွှန်ကြပါလိမ့်မယ် အဲဒီအခါ ပြုံးရင်းခေါင်းခါနိုင်ဖို့ ဒီစာကိုရေးပါတယ် နားမလည်သူတွေပြောတဲ့ စကား အမှားများကြားမှာ ကလေးတွေ မနစ်နာကြပါစေနဲ့ cyproရဲ့ဆိုးကျိုးများကို နားလည်ကာ ကလေးရဲ့ သဘာဝကိုလဲ နားလည်စေချင်ပါတယ် စေတနာစကားမှားတွေကို အားမနာပဲ ငြင်းပယ်ပါ cyproheptidineဆိုတာ မေမေတို့ ကလေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းသိထားပေးပါ

လိုင်စင်းကိုလဲ မေမေတို့သိပြီးသားဖြစ်ပါလိမ့်မယ် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတယ် လို့သိကြမှာပါဒါပေမယ့် စိတ်မကောင်းစရာပါပဲ ဒီလိုင်စင်းဟာ အစာစားချင်စိတ်ဖြစ်စေတယ် ဆိုတာကို သုတေသနအတော်များများမှာ အတည်မပြုနိုင်ခဲ့ပါဘူး ဒီတော့ လိုင်စင်းကြောင့်လဲ ကလေးငယ်ဟာ အစာပိုစားလာမှာမဟုတ်ပါ

သံဓါတ်အားဆေးကိုလဲ မေမေတို့ စိတ်ဝင်စားကြပါတယ် ဒါပေမယ့် သံဓါတ်ကလဲ အစာစားချင်စိတ်ပိုတိုးမလာစေပါ

နောက်တခုကတော့ မိခင်နို့ပါ ကလေးအစာမစားဘူးဆိုပြီးမေမေတို့ကို
အမေနို့ဖြတ်လိုက် လို့ ဘေးလူတွေက အကြံပေးကြပါလိမ့်မယ် ကလေးရဲ့ အခွင့်အရေးဖြစ်တဲ့ မိခင်နို့စို့ခြင်းကို ဘယ်သူကမှ တားမြစ်ဖို့မကောင်းပါ အနည်းဆုံး ၂နှစ်ထိ မိခင်နို့ တိုက်ကို တိုက်သင့်ပါတယ် ကလေးဆန္ဒရှိမယ်ဆိုရင် အဲဒီထက်ပိုပြီး တိုက်နိုင်ပါတယ် ကလေးမစို့တော့တဲ့ထိ တိုက်နိုင်ရင်အကောင်းဆုံးပါ ဘေးလူပြောတာယုံပြီးနို့ဖြတ်လိုက်ကာမှ အစာလဲပိုစားမလာ နို့ကရတဲ့ အာဟာရလဲမရ ဖြစ်လာနိုင်ပါတယ်

ဒီတော့ ကလေးကို ကိုယ်အလေးချိန်ချိန်ကြည့်ပါ ရှိသင့်တဲ့ အလေးချိန်နဲ့ ရှိသင့်တဲ့ အရပ် ရှိနေရင်ကျေနပ်ပါ အစာစားစေချင်လို့တော့ ဆေးတွေမတိုက်ကြပါနဲ့ ကလေးဟာ ရှိသင့်တဲ့ အနေအထားမှာရှိနေရက်နဲ့ မေမေက အစာစားစေချင်နေတာဆိုရင်တော့ မေမေ့ကိုသာ အရင်ကုသင့်ပါတယ်

*မေမေနဲ့ကလေးတို့ အမှားတွေကို နားလည်ပြီးကျန်းမာပျော်ရွှင်ကြပါစေ*

မေမေ့သားသား စားဖွယ်ရာ

https://www.facebook.com/permalink.php?story_fbid=1113764988651683&id=1056601261034723