(၁) နှစ်ကနေ (၃)နှစ်အရွယ် ကလေးငယ်အတွက် လုံလောက်တဲ့ အာဟာရ

သုံးနှစ်အရွယ်ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရက အရွယ်ရောက်ပြီးကလေးတစ်ယောက်ကို ကျွေးသလိုမျိုး ကျွေးလို့တော့ မရပါဘူး

တစ်နှစ်ကနေ သုံးနှစ်အရွယ်ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရက အရွယ်ရောက်ပြီးကလေးတစ်ယောက်ကို ကျွေးသလိုမျိုး ကျွေးလို့တော့ မရပါဘူး။ သူတို့အတွက် အာဟာရကို အိမ်မှာ အထူးချက်ပြုတ်ပြီး ကျွေးရပါတယ်။ ဘာကြောင့်လဲဆိုတော့  အဲဒီအရွယ်ကလေးငယ်တွေဟာ ကလေးကြီးတွေထက် အဆီဓာတ်ပိုလိုအပ်ပြီး၊ အမျှင်ဓာတ်ပမာဏကတော့ နဲနဲရရုံနဲ့လည်း လုံလောက်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကိုလည်း သူတို့က အများကြီးမစားနိုင်ကြသေးပါဘူး။  ဒါကြောင့် သူတို့အတွက် အဆီဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အစားအစာလေးတွေကို ချက်ပြုတ်တဲ့အခါ ထောပတ် (သို့မဟုတ်) ဆီ တို့ကို ထည့်သွင်းချက်ပြုတ်သင့်ပါတယ်။ ကိတ်မုန့်၊ ပူတင်းတို့လိုအစားအသောက်လေးတွေကိုလည်း လိုအပ်တဲ့ အဆီဓာတ်ကို ဖြည့်တင်းပေးပါတယ်။

ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရတွေရရှိဖို့က အစားအသောက်အုပ်စု(၅)ခုကို မျှတအောင်ကျွေးရပါမယ်။ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့သတ္ထုဓာတ်၊ အိုမီဂါ သရီး စတာတွေအပြင် အမျှင်ဓာတ်နဲ့ ဖျော်ရည်တွေလည်း ပါဝင်ပါတယ်။

ပုံမှန်ထမင်းစားချိန် တနေ့ကို (၃)ချိန်နဲ့ မုန့်ကျွေးချိန်တွေကို ပုံမှန်ဖြစ်အောင် ခွဲခြားပါ။ ဥပမာ –  နေ့လည် (၁၂) နာရီ ထမင်းကျွေးချိန်နဲ့ ကပ်ပြီး ဘီစကစ်၊ ပန်းသီး စတာတွေ ကျွေးတာမျိုးမလုပ်ပါနဲ့။ သားသားမီးမီးလေးတို့ အစားကို ကောင်းကောင်း စားတဲ့အခါ မေမေတို့က ချီးကျူးစကားပြောပေးပါ။

ရေဓာတ် မခမ်းခြောက်ဖို့ ရေများများတိုက်ပေးဖို့လည်း လိုပါတယ်။ ကြက်ဥအစိမ်း၊ အသားငါးအစိမ်းတွေကို မကျွေးပါနဲ့။ သကြားဓာတ်များတဲ့ အချိုရည်တွေနဲ့ ဆားဓာတ်များတဲ့ အသင့်စားအာလူးကြော်တွေကို မကျွေးပါနဲ့။

From Kalay with