(၁) နှစ်ခွဲ သားသားမီးမီးလေးတွေ ဖွံ့ဖြိုးမှု မနှေးအောင် ဘာတွေလုပ်မလဲ

တချို့ သားသားမီးမီးလေးတွေ တစ်နှစ်ခွဲ အရွယ်မှာ လမ်းလျှောက်နေပြီး တချို့ သားသားမီးမီးလေးတွေမှာတော့ မတ်တပ်စမ်းတုန်းတွေလည်း ရှိပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေ ဖွံ့ဖြိုးတိုးတက်မှု မနှေးမှ အသက်အရွယ်နဲ့ လိုက်တဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ရရှိနိုင်မှာပါ။ တချို့ သားသားမီးမီးလေးတွေ တစ်နှစ်ခွဲ အရွယ်မှာ လမ်းလျှောက်နေပြီး တချို့ သားသားမီးမီးလေးတွေမှာတော့ မတ်တပ်စမ်းတုန်းတွေလည်း ရှိပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှု နှေးခဲ့ခြင်းပါ။ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်တာဟာ သဘာဝဖြစ်တာမို့ စိတ်ပူစရာ စိုးရိမ်စရာတော့ မရှိပါဘူး။ မနှေးအောင်တော့ လုပ်ဖို့ လိုပါတယ်နော်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို စကားများများ ပြောပေးဖို့ လိုပါတယ်နော်။ ဒါဟာ သူတို့လေးတွေ သင်ယူတတ်မြောက်ဖို့နဲ့ မှတ်ဥာဏ်အား ကောင်းစေဖို့ အဓိက အချက်ပါပဲ။ သားသားမီးမီးလေးတွေကို စကားပြောတဲ့အခါ မေးတဲ့ မေးခွန်းလေးတွေ ပြောပါ။ ဒါဆိုရင် ကလေးရဲ့ စိတ်ဝင်စားမှု အားက ပိုကောင်းလာပြီး တုံ့ပြန်မှုလည်း ရှိလာမှာပါ။ ခေါင်းငြိမ့်တာတွေနဲ့ ခေါင်းခါတာလောက် အရင်လုပ်ပြပါ။ နောက်ပြီးရင် ကလေးက တဖြည်းဖြည်း လုပ်လိုက်လာမှာပါ။ မေမေတို့ရဲ့ ပါးစပ်ကို လိုက်ကြည့်ပြီး သူတို့လေးတွေ စကားလည်း ပိုပြောမှာပါ။ ဒါဆိုရင် ကလေး စကားပြော နောက်ကျမှာ မစိုးရိမ်ရတော့ဘူးနော်။

မေမေတို့ အနေနဲ့ သားသားမီးမီးလေးတွေ လှုပ်လှုပ်ရှားရှား နေတာကို ခွင့်ပြုသင့်ပါတယ်။ ဒါမှ ဖွံ့ဖြိုးမှုက မြန်သထက် မြန်မှာပါနော်။ ကြွက်သားလေးတွေ သန်မာလာမယ်၊ စိတ်ပိုင်းဆိုင်ရာလည်း ရဲရင့်တာလေးတွေ ဖြစ်လာမှာပါ။ သူတို့လေးတွေ အရုပ်တွေနဲ့ ဆော့ကစားတာတွေလည်း ခွင့်ပြုပါ။ ဒါက သူတို့လေးတွေရဲ့ မှတ်ဥာဏ်ကို ကောင်းစေပြီး ကြီးလာတဲ့အခါ ဥာဏ်ထိုင်းတာတွေ မဖြစ်စေနိုင်ပါဘူး။

မေမေတို့ရေ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာကျွေးတဲ့အခါမှာလည်း အသားနဲ့ အသီးအရွက်ကို မျှတအောင် ကျွေးရပါမယ်နော်။ ဒါဆိုရင် သားသားမီးမီးလေးတို့ ဘယ်တော့မှ ဖွံ့ဖြိုးခြင်း နှေးမှာ မဟုတ်တော့ပါဘူးနော်။

From Kalay with