Big questions from little people and simple answers from great minds
|ကလေးတွေစကားကို အလေးထားပြီး ဖြေပေးပါ။
ကလေးတွေဟာ လူကြီးတွေ မသက်မသာဖြစ်စေမယ့် မေးခွန်းတွေကို မမျော်လင့်တဲ့အချိန်မှာ မထင်သလိုမေးတတ်တယ်နော်။ အဲဒီအခါ ကိုယ်က ဘယ်လိုတုန့်ပြန်မယ်ဆိုတာ ကြိုတင်မစဉ်းစားထားရင် ဒုက္ခရောက်ရော။ ကိုယ့်မှာ အဖြေအဆင်သင့်ရှိမနေတဲ့အတွက်
ကလေးတွေ ဘယ်လိုဖြစ်လာတာလဲ။
ဒါကတော့ ပြောပြဖူးတာ ဖန်တရာတေနေပါပြီ။ လှီးလွှဲဖြေနေမယ့်အစား အမှန်အတိုင်း ကလေးနားလည်အောင် ဖြေပေးလို့ရပါတယ်။
(https://m.facebook.com/
ယောက်ျားလေးနဲ့ မိန်းကလေးလိင်အင်္ဂါတွေ ဘာလို့ မတူတာလဲ။
ကလေးတွေဟာ အသက်အရွယ်တခုရောက်လာလို့ စူးစမ်းတတ်ပြီဆိုရင် ကိုယ့်လိင်အဂါင်္တွေကို စူးစမ်းတာ သဘာဝပါ။ ဒီအကြောင်းတွေကိုလည်း နားလည်လွယ်ရိုးရှင်းတဲ့ စကားလေးတွေနဲ့ ရှင်းပြထားလို့ရပါတယ်။
သားကြီးလာရင် မေမေ့ကိုယူမယ်။ သမီးကြီးလာရင် ဖေဖေနဲ့ လက်ထပ်မယ် ရလား။
ကိုယ့်ကို သိပ်ချစ်လွန်း အားကိုးလွန်းလို့ သဘာဝအလျောက်ရင်ထဲကပြောတဲ့ စကားလေးတွေပါ။ ကလေးငယ်လေးတွေမှာ sexualization ဆိုတဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ အသိမရှိကြသေးပါဘူး။ ဒါမျိုးပြောခဲ့ရင် အေးအေးဆေးဆေးပဲ မရဘူးလို့ ပြောပါ။ တယောက်နဲ့ တယောက် လက်ထပ်တယ်ဆိုတာ မိသားစုဖြစ်ချင်လို့ လက်ထပ်တာ။ သားနဲ့ မေမေ၊ သမီးနဲ့ဖေဖေက မိသားစု ဖြစ်ပြီးသား လက်ထပ်စရာမလိုဘူးလို့ ပြောပြနိုင်တယ်။
ဖေဖေနဲ့မေမေ ဘာလို့ ရန်ဖြစ်တာလဲ။
ကလေးရှေ့မှာ ဘယ်လိုပဲ ရန်မဖြစ်ဘူး မအော်ဘူးပြောပြော အခြေအနေအကြောင်းကြောင်းနဲ့ ဖြစ်သွားတဲ့အခါတွေ ရှိမှာပါပဲ။ ဒါမျိုးမေးတဲ့အခါ လူတယောက်နဲ့တယောက် ကိစ္စတိုင်း သဘောတူစရာမလိုတဲ့အတွက် တခါတလေ စိတ်ဆိုးရန်ဖြစ်တတ်တယ်။ ဒါပေမယ့် မိသားစုဖြစ်တဲ့အတွက် ပြဿနာကို ပြေလည်အောင် ပြန်ညှိနှိုင်းယူပြီး အဆင်ပြေအောင်ပြန်လုပ်ရ ကြိုးစားကြတယ် ပြန်ချစ်ချစ်ခင်ခင်နေကြတယ်ဆ
ဟိုအန်တီကြီးက ဘာလို့ ဝတုတ်ကြီးဖြစ်နေတာလဲ။
ကလေးတွေဟာ ကမ္ဘာဦး လူရိုင်းကလေးတွေနဲ့တူတယ်နော
ဆရာဝန်မကြီးက သားကို နာအောင်လုပ်မှာ။
အဲဒါကတော့ ကလေးကမမေးတောင် မိဘအတော်များများ ကလေးကို ခြောက်တတ်တဲ့စကားပါ။ လုံးဝမသင့်တော်ပါဘူး။ အငိုမတိတ်ရင် ဟို nurse အန်တီက ဆေးထိုးလိုက်မှာနော်ဆိုတာမျ
သေတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ မေမေသေမှာလား။
ကလေးတွေကို သေခြင်းတရားနဲ့ပတ်သက်လို့ မကွယ်ဝှက်ပါနဲ့။ အမှန်အတိုင်းသိပါစေ။ သူတို့ နားလည်နိုင်ပါတယ်။ လူတိုင်း သတ္တဝါတိုင်း သက်ရှိတိုင်း တနေ့သေရမှာကို ပြောပြထားပါ။ ဘယ်လိုသေမယ် ဘယ်အချိန်သေမယ်မသိတဲ့အတွက် တူတူနေကြတဲ့အချိန်မှာ ချစ်ခင်ဖို့၊ ပျော်အောင်နေဖို့ ကြင်နာဖို့ သင်ပေးပါ။
အတိုချုပ်ပြောရရင် ကလေးတွေ မေးသလောက်ကို တိုတိုရှင်းရှင်းဖြေဖို့ ကြိုးစားပါ။ အချက်အလက်အများကြီးကို အရွယ်နဲ့ မမျှအောင်မပေးမိပါစေနဲ့။ မလိမ်မိအောင် ကြိုးစားပါ။ သူမေးတာကို မသိရင် မသိကြောင်း ပြောလိုက်ပါ။ နောက်မှ စာဖတ်ပြီးပြောပြမယ်လို့ ပြောထားလိုက်ပါ။ ဒါမှမဟုတ် အခုပဲတူတူရှာကြည့်ကြမယ်ဆြို
ကိုယ့်ကို ကလေးတွေကပေါက်ပေါက်ရှာရှာမေ♥️