Do you have a secret?

ကလေးတို့အတွက် ကောင်းတဲ့ လျှို့ဝှက်ချက်နဲ့ မကောင်းတဲ့လျှို့ဝှက်ချက် ဘယ်လိုကွာသလဲဆိုတာ သင်ပေးရအောင်။

လူတိုင်းမှာ လျို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပါ။ ကလေးတွေအတွက်တော့ ဘယ်လျှို့ဝှက်ချက်က ကောင်းတယ် ဘယ်ဟာကတော့ဆိုးတယ်၊ လျှို့ဝှက်မထားသင့်ဘဲ လူကြီးကို ပြန်ပြောပြရမယ်ဆိုတာ ခွဲခြားနားလည်ဖို့ သင်ပေးထားဖို့ကောင်းတယ်နော်။ နားလည်လွယ်အောင် ပြောရရင် သူများကို ပျော်ရအောင် တိတ်တိတ်ကလေး လျှို့ဝှက်ထားရတဲ့ လျှို့ဝှက်ချက်တွေဟာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေပေါ့။ ဥပမာ မေမေ့အတွက် မွေးနေ့လက်ဆောင် တိတ်တိတ်ကလေးဝယ်ထားတာမျိုး၊ မမမွေးနေ့အတွက် ပါတီပွဲကို သူအံ့သြသွားအောင် တိတ်တိတ်ကလေးစီစဉ်နေတာမျိုးတွေပေါ့။ အဲဒီလို သူများကို ပျော်အောင်လုပ်ဖို့ လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ထားလို့ ရတယ်ဆိုတာ ပြောပြပါ။

ဆိုးတဲ့လျှို့ဝှက်ချက်ဆိုတာကရော ဘာလဲ။ ဒီအကြောင်းကို လျှို့ဝှက်ထားခြင်းဖြင့် ကိုယ့်စိတ်ထဲမှာ ကြောက်နေရတာ၊ စိတ်မသက်မသာဖြစ်နေတာ၊ တယောက်ယောက်က ခြိမ်းခြောက်ထားလို့ ပြန်မပြောရဲဘဲ လျှို့ဝှက်ထားရတာတွေဟာ ဆိုးတဲ့ လျှို့ဝှက်ချက်တွေပေါ့။ အုဒီလို အကြောင်းအရာတွေ စိတ်ထဲမှာ ရှိနေရပြီဆိုရင် သက်သာအောင်လုပ်တဲ့ တခုတည်းသော နည်းလမ်းက လူကြီးကို ဖွင့်ပြောလိုက်ရတာဆိုတာ ပြောပြထားပါ။ ကောင်းတဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာလဲ ဆိုးတဲ့လျှို့ဝှက်ချက်ဆိုတာ ဘာလဲလို့ သူတို့ကို စဉ်းစားပြီ ကိုယ့်ကို ပြန်ပြောပြခိုင်းပါ။ လေ့ကျင့်ခန်းလုပ်သလိုပေါ့။ ဥပမာ တယောက်ယောက်က ကိုယ့်ကို အနိုင်ကျင့်တာ၊ အခြားကလေးတယောက်ကို အနိုင်ကျင့်နေတာကို မြင်တာ၊ ကိုယ့်သူငယ်ချင်းကသော်လည်းကောင်း လူကြီးတယောက်ယောက်ကသော်လည်းကောင်း ကိုယ့်ကို လာကိုင်တွယ်တာကို စိတ်မသက်မသာခံစားရတဲ့အခါ၊ ကိုယ့်ကို မဖွယ်မရာ ကိုယ်လုံးတီးပုံတွေ ပြတဲ့အခါ၊ ဒါတွေအကုန် ဆိုးတဲ့လျှို့ဝှက်ချက်ဖြစ်ပြီး မိဘကို ပြန်ပြောရမယ်ဆိုတာ သေချာစိတ်ထဲ စွဲနေအောင် သင်ပေးထားပါ။

ကောင်းတဲ့လျှို့ဝှက်ချက် ပျော်စရာကောင်းတဲ့ လျှို့ဝှက်ချက်လေးတွေကို ဘယ်သူ့ကိုမှ မပြောဘဲထားတာ ပျော်စရာကောင်းပေမယ့် ကိုယ့်အတွက် စိတ်ညစ်စရာ လျှို့ဝှက်ချက် ရှိနေပြီ မပျော်ရတော့ဘူးဆိုရင် မိဘကို အမြန်ဆုံးပြောဖို့ သင်ထားပေးဖို့ပါပဲ။

Ref: Do you have a Secret? By Jennifer Moore-Mallinos