(Nightmare or Night terror)
|အိပ်မက်ဆိုးမက်တာလား ထိတ်လန့်ခြောက်ခြားတာလား
(Nightmare or Night terror)
အိပ်မက်ဆိုးမက်တယ်ဆိုတာကို လူတိုင်းကြားဖူးကြုံဖူးကြမှ
Night terror ကတော့ ပိုဆိုးပါတယ်။ ကလေးဟာ သတိမရှိတော့တဲ့ အခြေအနေဖြစ်နေတာပါ။ သူဖြစ်နေတာကို သူမသိဘူး၊ ပတ်ဝန်းကျင်မှာ ဘယ်သူရောက်နေတယ် သူ့ကိုဘာတွေပြောနေတယ်ဆိုတာ သူဘာမှမသိပါဘူး။ မျက်လုံးကပွင့်နေပေမယ့် သူနိုးမနေပါဘူး။ အိပ်မက်ဆိုးမက်တာဆိုရင် မနက်မိုးလင်းတဲ့အခါ ကလေးက အကုန်မှတ်မိ ပြန်ပြောတတ်ပေမယ့် night terror ဖြစ်ခဲ့တဲ့ကလေးဟာ မနက်မိုးလင်းရင် ဘာဆိုဘာမှ မမှတ်မိနေတာကို တွေ့ရလိမ့်မယ်။
ကလေးတယောက် night terror ရနေပြီဆိုရင် မိဘလုပ်သူက သိဖို့ အရမ်းအရေးကြီးပါတယ်။ ကလေးကို ချော့ဖို့ နှစ်သိမ့်ဖို့ စကားအများကြီးပြောဖို့ ကြိုးစားမယ့်အစား သူကိုယ်သူ မထိခိုက်မိအောင်နဲ့ ကိုယ့်ကို မထိခိုက်အောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ ကလေးက နိုးမနေ၊ သတိကပ်မနေတဲ့အတွက် သူ့ကိုယ်သူထိခိုက်နာကျင်အော
Night terror ဖြစ်တဲ့အချိန်ဟာ များသောအားဖြင့် စအိပ်ပျော်ပြီး မိနစ်ကိုးဆယ် (တနာရီခွဲ) လောက်အကြာမှာ ဖြစ်လေ့ရှိတယ်။ ကလေးဟာ အရမ်းကြောက်နေမယ်၊ ဒါမှမဟုတ် အရမ်းငိုပြီး ဂျီကျမယ်၊ ဘယ်လိုမှချော့လို့မရဘူး၊ သတိဝင်အောင် နှိုးလို့မရဘူးဆိုရင် ဘာမှဆက်မလုပ်ပါနဲ့။ သူ့ဘာသာအရှိန်ကုန်ပြီး ပြန်အိပ်ပျော်သွားတဲ့အထိသာ ထိုင်စောင့်နေလိုက်ပါ။ ချော့ဖို့ကြိုးစားလေ ပိုဆိုးလေဖြစ်တတ်ပါတယ်။ သူအန္တရာယ်မဖြစ်အောင် ထိခိုက်ဒဏ်ရာမရအောင်သာ ဘေးက ထိန်းပေးနေဖို့ လိုပါတယ်။
ဘာကြောင့် night terror ဖြစ်ရသလဲဆိုတာတော့ တိတိကျကျမသိကြပါဘူး။ ဒါပေမယ့် ထင်ကြတာက နေ့ဘက်မှာ ကလေးဟာ စိတ်ဖိစီးတာကြုံရတဲ့အခါ၊ သူမလုပ်ချင်တာကို အတင်းလုပ်ခိုင်းလို့ စိတ်ပင်ပန်းဒေါသထွက်တဲ့အခါ၊
ကိုယ့်ကလေးက ခဏခဏ night terror ရတတ်တယ်ဆိုရင် သူ့ကို scheduled awakening ဆိုတာ လုပ်ပေးလို့ရပါတယ်။ အဲဒါဘာလဲဆိုတော့ သူဘယ်အချိန်ထအော်တတ်သလဲဆိုတ
အဓိကပြောချင်တာကတော့ ကလေးတယောက် အိပ်မက်ဆိုးမက်ပြီး ယောင်တာမဟုတ်ဘဲ ထိတ်လန့်တုန်လှုပ်တဲ့ night terror ဆိုတာဖြစ်နေကြောင်းကို သိဖို့နဲ့ ဘယ်လိုကိုင်တွယ်ရသလဲသိဖို့ လိုပါတယ်။ အဲဒီလို မသိရင် မိဘတွေရော ကလေးရော ခြေကုန်လက်ပန်းကျ၊ ဒေါသထွက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ နောက်ဆက်တွဲဖြစ်လာမယ်။ ပင်ပန်းနွမ်းနယ်ပြီး ဒေါသထွက်နေတဲ့ မိဘဟာလည်း ကလေးအပေါ်မှာ ပုံမှန်စိတ်သဘောမရှိတော့ဘဲ စိတ္တိုစိတ္မရွည္အထင္လြဲတာေ