ဈေးကြီးပေးရသော ကလေးကျွေးစာများကို ကျွေးချင်သော မေမေသို့
| မေမေရေ
(၁) ကြက်ပေါင်းရည်
🔺ပုလင်းနဲ့လာတဲ့ နိုင်ငံခြားက ကြက်ပေါင်းရည်ဝယ်တိုက်မလို့
🔺
(၂) ငှက်သိုက်
🔺မေမေ့ကို အခြားမေမေတွေက သားကို ငှက်သိုက်ဝယ်ကျွေးဖို့ တိုက်တွန်းလာရင် အစစ်က ဈေးအရမ်းကြီးတယ်နော်မေမေ။ ဈေးသိပ်မကြီးရင် အတုဖြစ်ဖို့များတယ်။ အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ငှက်သိုက်ထဲက အချိုဓာတ်က အရသာကောင်းအောင် ထည့်ထားတဲ့ သာမန် သကြားပါမေမေ။ ငှက်သိုက်ကပေးတဲ့ ခုခံမှုတက်စေတယ်ဆိုတဲ့ ပရိုတင်းဓာတ်က ကြက်ဥတို့ ကြက်သားတို့မှာ ပါတယ်လေ။ ဒါ့ကြောင့် မေမေ ငှက်သိုက်ဝယ်ဖို့ ပိုက်ဆံ အပိုမရှိရင် စိတ်မကောင်းမဖြစ်ပါနဲ့။
🔺
(၃) Bee Pollen @ ပျားဝတ်မှုန်
🔺ဪ ခေတ်စားနေတဲ့ ပျားဝတ်မှုန်ဝယ်တိုက်ချင်လို
🔺
မိဘတိုင်းက ကလေးကို ဉာဏ်ကောင်းစေလို၍ “ကလေးဉာဏ်ကောင်းစေသော အစာ””ကလေးဉာဏ်ကောင်းစေသော ဆေး”ဆိုသည့် ကြော်ငြာများကို တွေ့တိုင်း သတိရှိကြစေရန် ရည်ရွယ်ရေးပါသည်။
နေနေမိုးဆွေ (Child Health Myanmar Page)
Photo Credits to Google
#naynaymoeswe