ကျမ ကလေး ASO များနေလို့!!!
|
ကျမ ကလေး ASO များနေလို့!!!
ASO များနေလို့ ဆေးသောက်ဖို့လိုမလား။
တစ်ချို့အမေတွေဆို ဆေးနာမည်ပါ ပြောနိုင်ကြပါတယ်။
တစ်ချို့ဆို Pen V စတိုက်နေပြီဆိုပြီး ပြောကြပါတယ်။
ဓာတ်ခွဲခန်းတွေမှာ သွေးစစ်ကြည့်ပြီး ASO များနေတယ်ပြောကြတယ်။
ASO များတိုင်း ဆေးပုံမှန်တိုက်စရာ မလိုပါဘူး။ လည်ချောင်းနာပြီး သွေးစစ်ကြည့်ရင် ASO များနေနိုင်ပါတယ်။
ASO (Antistreptolysin O) ဟာ bacteria တစ်မျိုး ဝင်ပြီးကြောင်းပဲ ပြနိုင်တာပါ။
ဆေးပုံမှန်သောက်ဖို့ ဒါမှမဟုတ် ပုံမှန်ဆေးထိုးဖို့ လိုမလို ဆိုတာ ဆရာဝန်ပြကြည့်ဖို့ လိုပါတယ်။
ဆရာဝန်က တစ်ခြားဆက်စပ်ရောဂါ အခြေအနေတွေကို ရှာဖွေစမ်းသပ်ပြီးမှသာ ဆေးထိုးဖို့ သို့မဟုတ် ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။
ဆေးသောက်ကိုသောက်ရပြီဆိုရင်
ဆေးတစ်မျိုးကို ရေရှည်တိုက်တော့မယ် ဒါမှမဟုတ် ရေရှည်တိုက်နေတဲ့ ဆေးတစ်မျိုးကို ဖြတ်တော့မယ် ဆိုရင် ဆရာဝန် အကြံဥာဏ်ရယူပြီးမှ ဆောင်ရွက်စေချင်ပါတယ်။
အဆင်ပြေကြပါစေ။
အောင်ငြိမ်းဝင်း (Child Health Myanmar Page)
Photo – Credits to Google.