ဓာတ်လှေကားတွင် ကလေးညှပ်နေ၍ မိခင်မှကယ်တင်ရန်ကြိုးစားစဉ် မိခင်ရောကလေးပါ သေဆုံး

elevator_1

Natalia Simonova သည် သူမ၏သားလေးနှင့် လမ်းလျှောက်ထွက်ရန် နေထိုင်သော ၉ လွှာမှ ကလေးတွန်းလှည်းနှင့်တူ ဓာတ်လှေကားဖြင့် ဆင်းလာခဲ့သည်။ သုံးလွှာနှင့် လေးလွှာကြားအရောက်တွင် ဓာတ်လှေကားစက်ချို့ယွင်း၍ ရပ်သွားခဲ့သည်။ မိခင်ဖြစ်သူက တံခါးကိုအားနှင့်ဆွဲဖွင့်ပြီး သူမ၏သားလေး Vladimir ၏တွန်းလှည်းကို တံခါးကြားမှ တွန်းထုတ်နိုင်ရန် ကြိုးစားခဲ့သည်။

သို့သော် ကလေးတွန်လှည်းသည် တံခါးကြား၌ ညှပ်နေခဲ့သည်။ ထိုအချိန်တွင် ဓာတ်လှေကားသည် ရုတ်တရက်စတင် အထက်အောက် ရွှေ့လျှားခဲ့ပြီး ကလေးကိုညှပ်စေခဲ့သည်။ အသက်(၃၈)နှစ်ရှိ မိခင်ဖြစ်သူသည် အခန်း၌ကျန်ခဲ့သော ယောက်ျားဖြစ်သူ Oleg ထံ အလျင်စလိုဖုန်းဆက်ခဲ့သည်။

“သူက ဓာတ်လှေကားထဲကနေ ကျွန်တော့ဆီကို ဖုန်းဆက်ခဲ့ပါတယ်။ ငိုယို အော်ဟစ်ပြီး ကျွန်မတို့ သားလေးတော့ သေပါပြီလို့ ပြောခဲ့ပါတယ်” ဟု ယောက်ျားဖြစ်သူ Oleg မှပြောပြသည်။

၎င်းတို့နေထိုင်သည့် နေရာမှာ Crimea ရှိ Simferopol အဆောက်အဦတွင်ဖြစ်သည်။ သူနှင့် ဆွေမျိုး တော်စပ်သော အမျိုးသားတစ်ဦးတို့ လှေကားမှ အလျှင်အမြန်ပြေးဆင်းခဲ့ကြသည်။ အခြားအိမ်နီးချင်း များလည်း ရောက်လာကြပြီး ဓာတ်လှေကားတံခါးကို အားစိုက်ဖွင့်ကြပြီး ညှပ်နေသည့် ကလေးနှင့်တွန်း လှည်းကို ဆွဲထုတ်နိုင်ရန်ကြိုးစားခဲ့ကြသည်။

“ကျွန်တော့်သားက တွန်းလှည်းထဲမှာ ညှပ်နေတာ ခေါင်းကအောက်စိုက်နေပြီး တွန်းလှည်းကတွဲ လောင်းကြီးဖြစ်နေတာပါ။ ကျွန်တော်တို့က သူအသက်ရှင်နိုင်သေးတယ်လို့ ထင်ခဲ့ကြပါတယ်။ ကျွန်တော် တို့ တွန်းလှည်းကို ဖြတ်တောက်နေတုန်း ဓာတ်လှေကားက ရုတ်တရက် အပေါ်ကိုထိုးတက်သွားခဲ့ပြီး ကျွန်တော့်ဇနီးပါ သေဆုံးခဲ့ရပါတယ်”ဟု Oleg က ဆက်လက်ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ယောက်သေ ဆုံးမှုသည် ၅ မိနစ်သာကွာခြားခဲ့သည်။

“ဓာတ်လှေကားက အရူးလိုပဲ အထက်အောက်ပြေးနေခဲ့တယ်။ ပထမ ကျွန်တော့်သားသေတယ်။ နောက် ဇနီးလည်း သေဆုံးခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ သူတို့နှစ်ယောက် သေဆုံးသွားခဲ့ရတာကို ခုထိမ ယုံကြည်နိုင်သေးဘူးဗျာ” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

Natalia နှင့် သူ၏သားကို အခေါင်းတစ်ခုတည်းတွင်ထည့်ပြီး Crimea နာရေးဝန်ဆောင်မှုလုပ်ငန်း မှမြှပ်နှံသင်္ဂြိုဟ်ပေးခဲ့သည်။ ၎င်းတို့နေထိုင်ရာ Black Sea ဒေသသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းလက် အောက်မှ ရုရှားတို့က ပြန်လည်တိုက်ခိုက်ယူထားသည့် ဒေသဖြစ်သည်။

အိမ်နီးချင်းများမှလည်း သက်ဆိုင်ရာအာဏာပိုင်များအား ယခုကဲ့သို့ ခဏခဏပျက်ကျနေသော သက်တမ်းကြာရှည်နေသည့် ဓာတ်လှေကားများကို ပြုပြင်ပေးရန် ပျက်ကွက်နေကြသည်ဟု ကြိမ်ဖန်များ စွာ ပြောဆိုခဲ့ကြသည်။

Oleg နှင့် အခြားလင်မယား နှစ်စုံတို့မှ သူတို့၏ကလေးများဖြစ်သော သမီး Valeria (၁၄)နှစ် နှင့် Mikhail (၈)နှစ်တို့ သေဆုံးရမှုအတွက် တာဝန်ရှိသူများအား တရားစွဲဆိုရန်ဆုံးဖြတ်ခဲ့ကြသည်။ ရုရှား လက်အောက်ခံ Crimea ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှ အဆိုပါကိစ္စအား ဆောင်ရွက်နေဆဲဖြစ်သည်။

Credit: www.thesun.co.uk

အူးလေးမှ ဘာသာပြန်ဆို ရေးသားသည်။