မိုးရာသီနှင့် ဝမ်းလျှောရောဂါသတိ
|မိုးရာသီနှင့် ဝမ်းလျှောရောဂါသတိ
========================ဝမ်းသွားတဲ့ ပိုး ဘယ်ကရလဲဆိုတာ ပုံမှာကြည့်ပါ၊ နားလည်ရ လွယ်တဲ့ ပုံလေးပါ။ ရောဂါပိုးစွန်းပေတဲ့ အစာနဲ့မစင်ကို ယင်ကောင်နဲ့ လူတွေရဲ့ လက်များကတဆင့် လူတွေရဲ့ ပါးစပ်များဆီသို့ သယ်ယူဖြန့်ဝေပေးပါတယ်။
ပုံကြည့်ပြီးရင် ဘယ်လိုကာကွယ်ရမယ် ဆိုတာ လွယ်လွယ်နဲ့ သဘောပေါက်ကြမယ်လို့ ယုံကြည်ပါတယ်။

မသန့်သောလက်က သင်ကိုယ်တိုင်လည်း ဖြစ်နိုင်သလို သင်ဝယ်စားတဲ့ အစားအသောက်ကို ပြင်ဆင်ပေးသူ၊ ထုပ်ပိုးပေးသူ အားလုံးဖြစ်နိုင်ပါတယ်။ အဲ့ဒီလက်က ကလေးပါးစပ်ထိမိရင်၊ ကလေးစားမယ့် သောက်မယ့် နို့/ စားစရာ/ ရေနဲ့ ထိတွေ့ရင် လွယ်ကူစွာ ကူးပါတယ်။
တစ်နိုင်ငံလုံးမှာ စားကြွင်းစားကျန်များ မီးဖိုချောင် အမှိုက်များကို စနစ်တကျ ပစ်တတ်ကြမယ်ဆို ယင်ကောင်မရှိတဲ့ နိုင်ငံဖြစ်လာမှာပါ။အမှိုက်
ဝမ်းလျှောရောဂါ ကာကွယ်ဆေးတစ်မျိုးက ရောဂါ ပိုးတစ်မျိုးပဲ ကာကွယ်နိုင်ပေမယ့် ယင်ကောင်ကို ကာကွယ်နိုင်လျှင် ဝမ်းလျှောစေသော ရောဂါပိုးများစွာကို ကာကွယ်ပေးနိုင်ပါတယ်။
UNICEF ၂၀၁၅ မှတ်တမ်းအရ ကမ္ဘာပေါ်မှာ တစ်နေ့ကို ကလေး ၁၅၀၀ လောက် ဝမ်းလျှောပြီးသေပါတယ်။ အများစုက အာရှမှာပါ။
#နေနေမိုးဆွေ ( Child Health Myanmar Page)
#naynaymoeswe