သားသားမီးမီးလေးတွေရဲ့ မွေးခါစကနေ အသက်(၁)နှစ်အတွင်း အဆင့်ဆင့်ကြီးထွားလာတာကို မေမေတို့ သတိထားမိကြမှာပါ။ မွေးကင်းစကနေ အသက်(၁)နှစ်အအတွင်းက သားသားမီးမီးလေးတွေရဲ့ဘဝမှာ ကြီးထွားမှု အမြန်ဆုံး အချိန်ပါ။ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးရဲ့ ဖွံ့ဖြိုးကြီးထွားနှုန်းကိုလည်း သတိထားဖို့ လိုပါတယ်။ ဖွံ့ဖြိုးမှု ရှိမရှိ အမြဲမပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပြီး ကြီးထွားနှုန်းနှေးကွေးတယ်ဆိုရင် ဆရာဝန်တွေဆီမှာ သွားရောက်ပြသသင့်ပါတယ်။
မွေးကင်းစကနေ အသက်(၁)နှစ်အတွင်း ကလေးငယ်တွေရဲ့ဖွံ့ဖြိုးမှု
အသက်(၂)လ
- ခြေထောက်နဲ့ လက်လေးတွေ ရွေ့လျားနိုင်လာခြင်း
- လက်လေးတွေကို ထိန်းချုပ်နိုင်လာခြင်း
- ဦးခေါင်းကို ထိန်းချုပ်နိုင်လာခြင်း
- အရာဝတ္ထုကို ဆုပ်ကိုင်နိုင်လာခြင်း
- ပတ်ဝန်းကျင်ကို တုန့်ပြန်နိုင်လာခြင်း
- ဆူညံသံတွေကို ခွဲခြားသိနိုင်ခြင်း
- အာရုံစူးစိုက်နိုင်ခြင်း
- မေမေဖေဖေတို့ကို ပြန်ကြည့်လာနိုင်ခြင်း
- ပြုံးပြနိုင်လာခြင်း
- မေမေတို့ကို မှတ်မိလာခြင်း
အသက်(၄)လ
- အရာဝတ္ထုတွေကို ကောင်းကောင်းမွန်မွန် ဆုပ်ကိုင်နိုင်လာခြင်း
- ဝမ်းလျှားမှောက် သွားလာနိုင်ခြင်း
- မေမေဖေဖေတို့အပေါ်မှာ ထိုင်နိုင်လာခြင်း
- လက်ကို ပါးစပ်ထဲ ထည့်လာနိုင်ခြင်း
- ပတ်ဝန်းကျင်က အသံတွေကို ရင်းနှီးကျွမ်းဝင်လာခြင်း
- ရယ်မောနိုင်ခြင်း
အသက်(၆)လ
- မတ်တပ်ရပ်ဖို့ ကြိုးစားလာခြင်း
- အကူအညီမပါဘဲ ထိုင်နိုင်လာခြင်း
- အရာဝတ္ထုတွေကို လက်နဲ့ကိုင်ပြီး ရွေ့လျားနိုင်ခြင်း
- တစ်ချိန်ထဲမှာပဲ အရာဝတ္ထု(၂)မျိုးကို ကိုင်ထားနိုင်ခြင်း
- နောက်ကျောအမှီမပါဘဲ တည့်မတ်လာနိုင်ခြင်း
- သူတို့လေးတွေရဲ့ ကိုယ်ပိုင်နာမည်ကို မှတ်မိလာခြင်း
- သီချင်းသံတွေကို မှတ်မိလာခြင်း
- စိတ်ခံချက်တွေကို ပြသနိုင်လာခြင်း
အသက်(၉)လ
- လက်မနဲ့ လက်ညိုးကို အသုံးပြုပြီး ပစ္စည်းများကို ကောက်ယူနိုင်လာခြင်း
- လေးဘက်ထောက်ကျွမ်းကျွမ်းကျင်ကျင်သွားလာနိုင်ခြင်း
- မတ်တပ်ရပ်နိုင်ခြင်း
- စကားလုံးအတိုလေးတွေကို စတင်ပြောလာနိုင်ခြင်း
- သီချင်းသံတွေကို နားလည်လာခြင်း
- ကစားရတဲ့အခါမှာ ပျော်ရွင်လာခြင်း
- လူစိမ်းတွေကို ကြောက်ရွံ့ခြင်း
အသက်(၁၂)လ
- အကူအညီမပါဘဲ မတ်တပ်ရပ်နိုင်လာခြင်း
- ခြေလှမ်းလေးတွေ စတင်လှမ်းနိုင်လာခြင်း
- စကားလုံးတွေကို နားလည်လာခြင်း
- မိဘတွေကို မျက်စိအောက်ကနေ အပျောက်မခံခြင်း
- တခြားကလေးငယ်တွေနဲ့ အတူတူဆော့ကစားနိုင်ခြင်း
ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာမဟုတ်တာကြောင့် မေမေဖေဖေတို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို သတိထားပြီး စောင့်ကြည့်နေဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with