မိဘတွေဆီမှာ ပိုချစ်ရတဲ့ သားသမီး ရှိတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြု….

မိဘတွေကအမြဲငြင်းပေမယ့် သားသမီးတွေအနေနဲ့ သံသယအမြဲတမ်း ရှိတဲ့ မေးခွန်းရှိပါတယ်။ အဲဒါကတော့ ဘယ်သားသမီးကို အချစ်ဆုံးလဲဆိုတာပါပဲ။

မကြာသေးခင်က သုတေသနတစ်ခုမှာ အတည်ပြုထားတာကတော့ မိဘတွေဆီမှာ ပိုချစ်ရတဲ့ သားသမီးတွေ တကယ်ရှိတယ်ဆိုတာပါပဲ။ မိဘတွေရဲ့လျှပ်တပြက်အပြုအမူတွေမှာ သားသမီးတွေထဲက တစ်ယောက်ကို တခြားသားသမီးတွေထက် ပိုပြီးချစ်နေတာပေါ်လွင်နေသလို၊ မိဘလေးပုံမှာ တစ်ပုံခန့်ကလည်း တကယ်ဟုတ်မှန်ကြောင်း ဝန်ခံကြပါတယ်။

အဘိုးအဘွားတွေကိုလည်း စစ်တမ်းကောက်ကြည့်တဲ့အခါ မြေးတွေထဲမှာပိုချစ်ရတဲ့မြေး တစ်နည်းအားဖြင့် မြေးတွေထဲမှာ အချစ်ရဆုံးမြေး တစ်ယောက်တော့ရှိတတ်ကြောင်း ဖွင့်ဟခဲ့ကြပါတယ်။

လူပေါင်းတစ်ထောင်ကျော်ကို သုတေသနလုပ်အပြီးမှာ ကလေးတစ်ယောက်ထက်ပိုရှိတဲ့  ၂၃% သော မိဘတွေဆီမှာ ပိုချစ်ရတဲ့ သားသမီးရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ဒီသုတေသနရဲ့ မိဘဦးရေတစ်ဝက်လောက်က အငယ်ဆုံးသားသမီးကိုပိုချစ်ကြပြီး ၂၆% လောက်က အကြီးဆုံးသားသမီးတွေကို ပိုချစ်ကြောင်းဝန်ခံခဲ့ကြပါတယ်။

ဘိုးဘွားတွေကိုစစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ၃၉% သောဘိုးဘွားတွေက သူတို့ရဲ့ ပထမဆုံးမြေးဦးကို မြေးတွေအားလုံးထဲမှာ အချစ်ဆုံးလို့ ဆိုကြပါတယ်။

ဘာဖြစ်လို့ ပိုပြီးချစ်ရတာလဲလို့ မေးကြည့်လိုက်တဲ့အခါမှာ သူတို့ဟာ ပြောစကားနားထောင်တယ်၊ ရယ်ရတယ် ပြီးတော့ သူတို့ကိုပိုပြီးတွယ်တာလို့ပါလို့ ဆိုထားကြပါတယ်။

ဒီလိုမျိုးပိုချစ်ရတဲ့သားသမီးရှိနေတဲ့ကိုယ့်ကိုယ်ကို ဘယ်လိုခံစားရလဲလို့မေးကြည့်တော့ တစ်ချို့ကလည်း ကိုယ့်ကိုယ်ကို အရမ်းလန့်သွားတယ်လို့ဆိုကြသလို တစ်ချို့ကလည်း ဘာမှမဖြစ်ဘူးလို့ ဆိုကြပါတယ်။

Mumsnet and Gransnet ရဲ့ဥက္ကဋ္ဌရဲ့ပြောကြာားချက်ကတော့ “ဒီလိုမျိုး ပိုချစ်ရတဲ့သားသမီးရှိနေတာ၊ တစ်နည်းအားဖြင့် သားသမီးချင်းခွဲခြားတာမျိုးဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ပြီး အလျှော့ပေးကြရင်တော့ ကိစ္စမရှိပေမယ့်၊ ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ ခံစားချက်မျိုးဝင်သွားခဲ့ရင် ပြသနာတွေရှိလာတတ်ပါတယ်။ ဒါကြောင့် အားလုံးကိုညီတူညီမျှချစ်ဖို့၊ ဂရုစိုက်ဖို့လိုတယ်” လို့ အကြံပေးထားပါတယ်။

Em Em