ကလေးလေး အသက်(၁)နှစ်အတွင်းမှာ ဒါလေးတွေကို စစ်ဆေးပေးပါ

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာမဟုတ်တာကြောင့် မေမေဖေဖေတို့အနေနဲ့ အမြဲစောင့်ကြည့်နေပေးဖို့ လိုပါတယ်။

သားသားမီးမီးလေးတွေရဲ့ မွေးခါစကနေ အသက်(၁)နှစ်အတွင်း အဆင့်ဆင့်ကြီးထွားလာတာကို မေမေတို့ သတိထားမိကြမှာပါ။ မွေးကင်းစကနေ အသက်(၁)နှစ်အအတွင်းက သားသားမီးမီးလေးတွေရဲ့ဘဝမှာ ကြီးထွားမှု အမြန်ဆုံး အချိန်ပါ။ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးရဲ့ ဖွံ့ဖြိုးကြီးထွားနှုန်းကိုလည်း သတိထားဖို့ လိုပါတယ်။ ဖွံ့ဖြိုးမှု ရှိမရှိ အမြဲမပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပြီး ကြီးထွားနှုန်းနှေးကွေးတယ်ဆိုရင် ဆရာဝန်တွေဆီမှာ သွားရောက်ပြသသင့်ပါတယ်။

မွေးကင်းစကနေ အသက်(၁)နှစ်အတွင်း ကလေးငယ်တွေရဲ့ဖွံ့ဖြိုးမှု

အသက်(၂)လ

  • ခြေထောက်နဲ့ လက်လေးတွေ ရွေ့လျားနိုင်လာခြင်း
  • လက်လေးတွေကို ထိန်းချုပ်နိုင်လာခြင်း
  • ဦးခေါင်းကို ထိန်းချုပ်နိုင်လာခြင်း
  • အရာဝတ္ထုကို ဆုပ်ကိုင်နိုင်လာခြင်း
  • ပတ်ဝန်းကျင်ကို တုန့်ပြန်နိုင်လာခြင်း
  • ဆူညံသံတွေကို ခွဲခြားသိနိုင်ခြင်း
  • အာရုံစူးစိုက်နိုင်ခြင်း
  • မေမေဖေဖေတို့ကို ပြန်ကြည့်လာနိုင်ခြင်း
  • ပြုံးပြနိုင်လာခြင်း
  • မေမေတို့ကို မှတ်မိလာခြင်း

အသက်(၄)လ

  • အရာဝတ္ထုတွေကို ကောင်းကောင်းမွန်မွန် ဆုပ်ကိုင်နိုင်လာခြင်း
  • ဝမ်းလျှားမှောက် သွားလာနိုင်ခြင်း
  • မေမေဖေဖေတို့အပေါ်မှာ ထိုင်နိုင်လာခြင်း
  • လက်ကို ပါးစပ်ထဲ ထည့်လာနိုင်ခြင်း
  • ပတ်ဝန်းကျင်က အသံတွေကို ရင်းနှီးကျွမ်းဝင်လာခြင်း
  • ရယ်မောနိုင်ခြင်း

အသက်(၆)လ

  • မတ်တပ်ရပ်ဖို့ ကြိုးစားလာခြင်း
  • အကူအညီမပါဘဲ ထိုင်နိုင်လာခြင်း
  • အရာဝတ္ထုတွေကို လက်နဲ့ကိုင်ပြီး ရွေ့လျားနိုင်ခြင်း
  • တစ်ချိန်ထဲမှာပဲ အရာဝတ္ထု(၂)မျိုးကို ကိုင်ထားနိုင်ခြင်း
  • နောက်ကျောအမှီမပါဘဲ တည့်မတ်လာနိုင်ခြင်း
  • သူတို့လေးတွေရဲ့ ကိုယ်ပိုင်နာမည်ကို မှတ်မိလာခြင်း
  • သီချင်းသံတွေကို မှတ်မိလာခြင်း
  • စိတ်ခံချက်တွေကို ပြသနိုင်လာခြင်း

အသက်(၉)လ

  • လက်မနဲ့ လက်ညိုးကို အသုံးပြုပြီး ပစ္စည်းများကို ကောက်ယူနိုင်လာခြင်း
  • လေးဘက်ထောက်ကျွမ်းကျွမ်းကျင်ကျင်သွားလာနိုင်ခြင်း
  • မတ်တပ်ရပ်နိုင်ခြင်း
  • စကားလုံးအတိုလေးတွေကို စတင်ပြောလာနိုင်ခြင်း
  • သီချင်းသံတွေကို နားလည်လာခြင်း
  • ကစားရတဲ့အခါမှာ ပျော်ရွင်လာခြင်း
  • လူစိမ်းတွေကို ကြောက်ရွံ့ခြင်း

အသက်(၁၂)လ

  • အကူအညီမပါဘဲ မတ်တပ်ရပ်နိုင်လာခြင်း
  • ခြေလှမ်းလေးတွေ စတင်လှမ်းနိုင်လာခြင်း
  • စကားလုံးတွေကို နားလည်လာခြင်း
  • မိဘတွေကို မျက်စိအောက်ကနေ အပျောက်မခံခြင်း
  • တခြားကလေးငယ်တွေနဲ့ အတူတူဆော့ကစားနိုင်ခြင်း

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာမဟုတ်တာကြောင့် မေမေဖေဖေတို့အနေနဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေကို သတိထားပြီး စောင့်ကြည့်နေဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

From Kalay with