တို့ဟူး(ပဲပြား)ကို ဖြည့်စွက်စာအဖြစ် ကျွေးလို့ရပါတယ်။ တစ်ခုသတိထားရမှာက ဈေးထဲမှာ အလွယ်တကူရနိုင်တဲ့ တို့ဟူး(ပဲပြား)တွေမှာ ဖော်မလင်တွေ ပါဝင်နိုင်တာကို သတိထားပါ။ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာအဖြစ် ကျွေးတော့မယ်ဆိုရင် သဘာဝအတိုင်းပြုလုပ်ထားတဲ့ တို့ဟူး(ပဲပြား)ကိုသာ ရွေးချယ်ပေးပါ။ တို့ဟူး(ပဲပြား)မှာ သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ဗီတာင်ဓာတ်နဲ့ သတ္ထုဓာတ်တွေ ပါဝင်ပါတယ်။
ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကတော့
- ကယ်လိုရီ
- ဗီတာမင်ဒီ
- ပရိုတိန်း
- ကာဗိုဟိုက်ဒရိုက်
- အဆီ
- ဆိုဒီယမ်
- အမျှင်ဓာတ်နဲ့
- ကယ်စီယမ်တို့ကြွယ်ဝစွာ ပါဝင်ပါတယ်။
တို့ဟူး(ပဲပြား)မှာ ပရိုတိန်းဓာတ်အပြည့်အဝ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် အစာကြေလွယ်ပါတယ်။ တို့ဟူး(ပဲပြား)က ပဲပိစပ်ကနေ ထုတ်လုပ်တာကြောင့် သားသားမီးမီးလေးတွေနဲ့ ဓာတ်မတည့်မှာ စိုးရိမ်စရာမလိုပါဘူး။ အသက်(၈)လအထက်သားသားမီးမီးလေးတွေကိုတော့ တို့ဟူး(ပဲပြား)ဖြည့်စွက်စာ စတင်ကျွေးလို့ရပါပြီ။ လတ်ဆတ်တဲ့ တို့ဟူး(ပဲပြား)ကိုသာ ဖြည့်စွက်စာအဖြစ် ကျွေးပေးပါ။ တိုဖူး(ပဲပြား)ကို ဘာကြောင့် ဖြည့်စွက်စာအဖြစ် ရွေးချယ်သင့်တာလဲ။
အကျိုးကျေးဇူးများ
- ဗီတာမင်ဒီပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပါတယ်။
- ပရိုတိန်းဓာတ်အပြည့်အဝပါဝင်တာကြောင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
- အမျှင်ဓာတ်ပါဝင်တာကြောင့် အစာကြေလွယ်ပါတယ်။
- ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
- ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။
ဖြည့်စွက်စာထဲမှာ တို့ဟူး(ပဲပြား)နဲ့အတူတူ ထည့်သွင်းနိုင်တဲ့ အသီးအနှံတွေကတော့
- crackers
- ငှက်ပျောသီး
- စတော်ဘယ်ရီ
- ပန်းသီး
- သစ်တော်သီး
- ခါကြက်ဥနီ
- ကန်စွန်းဥ
- ပန်းဂေါ်ဖီစိမ်း
- မုန်လာဥ
- ထောပတ်သီး စတဲ့ အသီးအနှံတွေနဲ့ အတူတူထည့်သွင်း ကျွေးနိုင်ပါတယ်။
မေမေဖေဖေတို့အနေနဲ့လည်း သားသားမီးမီးလေးအတွက် ဖြည့်စွက်စာကျွေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် လတ်ဆက်တဲ့ တို့ဟူး(ပဲပြား)ကို ရွေးချယ်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။