သားသားမီးမီးလေးတွေ မကြာခဏ ချောင်းဆိုးနေရင် ဒါလေး ဖတ်ကြည့်ပေးပါ

သားသားမီးမီးလေးတွေ ချောင်းဆိုးတာကို ဒီအတိုင်းထားမယ်ဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

မေမေဖေဖေတို့က သားသားမီးမီးလေးတွေ ချောင်းဆိုးတဲ့အခါမှာ ပတ်ဝန်းကျင်ကြောင့် ချောင်းဆိုးတာလို့ အများဆုံးသတ်မှတ်ကြပါတယ်။ ဥပမာ- အချိုတွေ အစားများလို့ ချောင်းဆိုးတာလို့ ပြောကြပါတယ်။ ဒီလိုစွပ်စွဲချက်က တစ်စိတ်တစ်ပိုင်းပဲမှန်ပါတယ်။ အသက်ရှုလမ်းကြောင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်တာကြောင့် ချောင်းဆိုးရခြင်းဖြစ်ပါတယ်။

သားသားမီးမီးလေးတွေ ဘာကြောင့် ချောင်းဆိုးရတာလဲ

  • သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းရင်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါကြောင့် မိခင်နို့ကို များများတိုက်ပေးပါ။
  • အဖျားရှိတဲ့ သားသားမီးမီးလေးတွေမှာလည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါ့ကြောင့် အဖျားရှိတဲ့အခါမှာ ချောင်းမဆိုးအောင် မေမေဖေဖေတို့ ဂရုစိုက်ပေးပါ။
  • ဖျားတဲ့အခါမှာ ကိုယ်ခံစွမ်းအားနည်းလာတဲ့အတွက်ကြောင့် ချောင်းဆိုးတာနဲ့ အအေးမိတာတွေ ဝင်ရောက်လာနိုင်ပါတယ်။
  • ရေချိုးတဲ့အခါမှာ သားသားမီးမီးလေးတွေ အအေးမိချောင်းဆိုးနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ အအေးမမိဖို့အတွက် ရေချိုးပြီးတဲ့အခါမှာ ရင်ဘတ်ကို ဆေးဘက်ဝင်အဆီတစ်မျိုးမျိုး လိမ်းပေးထားပါ။

သားသားမီးမီးလေးတွေ ချောင်းဆိုးတဲ့အခါမှာ လူကြီးတွေအတွက်ထုတ်ထားတဲ့ ဆေးဝါးတွေကို မတိုက်ဖို့သတိပြုပါ။ သားသားမီးမီးလေးတွေ ချောင်းဆိုးတဲ့အခါမှာ ဆရာဝန်နဲ့ပြသပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုသာ တိုက်ပေးပါ။ ချောင်းဆိုးနေတဲ့ သားသားမီးမီးလေးတွေကို ပြုစုတော့မယ်ဆိုရင် မိသားစုဝင်တွေ အနေနဲ့ ပထမဆုံး လက်ကို ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးထားပေးဖို့ မမေ့ပါနဲ့။

နောက်ဆက်တွဲရောဂါများ

သားသားမီးမီးလေးတွေ ချောင်းဆိုးတာကို မေမေဖေဖေတို့အနေနဲ့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ ချောင်းဆိုးတာကို ဒီအတိုင်းထားမယ်ဆိုရင် အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာစေပါတယ်။

  • အသက်ရှုရတာ ခက်ခဲလာခြင်း
  • ချောင်းဆိုးသံ ပိုကျယ်လာခြင်း
  • အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်း
  • နှုတ်ခမ်းနဲ့ မျက်နှာ ပြာလာခြင်း သို့မဟုတ် ဖြူလာခြင်း
  • လည်ပင်းမှမိခင်နို့ကို စုပ်ယူရန်ခက်ခဲလာခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

ဒီလိုပြဿနာတွေ ကြုံတွေ့လာပြီဆိုရင်တော့ မေမေဖေဖေတို့အနေနဲ့ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးသွားရောက်ပြသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

From Kalay with