မွေးကင်းစလေးတွေဟာ ခေါင်းကို ဟိုဘက်ဒီဘက် လှည့်တတ်ကြပါတယ်
ဒီအချိန်မှာ ခေါင်းအုံးက အလယ်က ချိုင့်နေပြီး ဘေးဘက်က မြင့်နေမယ်ဆိုရင် နှာခေါင်းပိတ်မိပြီး အသက်ရှူကြပ်တာမျိုး ဖြစ်တတ်ပါတယ်။ မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးကာစကနေ လေးလလောက်အထိ ပြန့်တဲ့ ခေါင်းအုံးနဲ့ အတတ်နိုင်ဆုံး သိပ်ပါ။
အန္တရာယ်ကင်းစေဖို့
ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ ဖြည့်မထားတဲ့ ခေါင်းအုံးအပြားတွေကို စပြီးရွေးချယ်ပါ။ သားသားမီးမီးလေးတွေ အသက်တစ်နှစ်ခွဲလောက်အထိ အိပ်နေတယ်ဆိုပြီး စိတ်ချလက်ချ မထားခဲ့ဖို့ အကြံပေးပါရစေ။ ခေါင်းအုံးတွေ၊ သူတို့တွေကို ကာရံထားတဲ့ ဖက်ေ်ခါင်းအုံး၊ စောင်တွေနဲ့ နှာခေါင်းပိတ်မိပြီး အသက်ရှူကြပ်ကာ ရုတ်တရက် သေဆုံးခြင်းတွေ ဖြစ်စေနိုင်တာကြောင့်ပါ။
သားသားမီးမီးလေးတွေ ဖျားနာတာတွေ မဖြစ်စေဖို့အတွက်
မေမေတို့ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးလေး သိပ်ကြမှာပါ။ ပေါ့ပါးတဲ့ ချည်သားညအိပ်ဝတ်စုံတွေနဲ့ ကလေးတွေအတွက် ခြေအိတ်လေးတွေ ဝတ်ထားပေးနိုင်ပါတယ်။ ကလေးရဲ့ အရွယ်အစားနဲ့ညီမယ့် ခေါင်းအုံးကို ရွေးချယ်ပါ။ ဒီခေါင်းအုံးဟာ သေးငယ်ပြားချပ်ပြီး နူးညံ့တဲ့ ချည်သားနဲ့လုပ်ထားတဲ့ ခေါင်းအုံးတွေဟာ သူတို့လည်ပင်းအတွက် ကောင်းမွန်အောင် ထောက်ပံ့ပေးတာမျိုးပဲ ဖြစ်ဖို့ လိုပါတယ်။
ခေါင်းအုံးပျော့တာတွေက
ကလေးအတွက် သက်တောင့်သက်သာ ဖြစ်ပေမယ့် ငှက်မွှေးတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးဆိုရင်တော့ ကလေးနဲ့ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ အရမ်းနုလွန်းရင်တော့ ကလေးအိပ်ပျော်သွားတဲ့အချိန်မှာ သူတို့ရဲ့ခေါင်းဟာ ခေါင်းအုံးထဲ နစ်သွားတတ်တာပါပဲ။
မေမေတို့ရဲ့ သားသားမီးမီးလေးတွေ အန္တရာယ် ကင်းဖို့အတွက် ပြန်တဲ့ ခေါင်းအုံးတစ်လုံးဆိုရင် လုံလောက်ပါပြီ။ ဘေးနားမှာ ခေါင်းအုံးတွေ အများကြီးနဲ့ ကာရံပြီး သိပ်ချင်တယ်ဆိုရင်တော့ ကလေးအသက်(၂) နှစ်အထိ စောင့်ပေးပါ။
From Kalay with