နွေရာသီမှာ ကလေးငယ်တွေ ခြင်နဲ့ ပတ်သက်တဲ့ ရောဂါများ မဖြစ်ပွားစေဖို့

ခြင်နဲ့ ပတ်သက်တဲ့ ရောဂါတွေအများကြီးရှိတဲ့ထဲကမှ သားသားမီးမီးလေးတို့မှာ အများဆုံးတွေ့ရတာကတော့ သွေးလွန်တုပ်ကွေးရောဂါပဲ ဖြစ်ပါတယ်။

မေမေဖေဖေတို့ရေ နွေရာသီကို ရောက်လာပြီဆိုတော့ ရာသီဥတု ပူလာတာအပြင် ခြင်တွေလည်း ပေါလာပါတယ်။ မေမေတို့ရဲ့ နေအိမ်မှာ ခြင်ပေါက်ဖွားတာတွေ မရှိရလေအောင် ကာကွယ်ထားဖို့လိုပါတယ်။ အမှိုက်တွေ ရှိခဲ့ရင်လည်း သန့်ရှင်းရေးပြုလုပ်ပေးပါ။ ခြင်တွေ ခိုအောင်းနိုင်တဲ့ နေရာတွေကိုလည်း ခြင်ဆေးဖြန်းပေးပါ။ ရေအိုင်တွေ ရှိခဲ့ရင်လည်း မြေဖို့ပေးပါ။ ရေအိုး၊ရေခွက်တွေမှာ ခြင်ပေါက်ဖွားမှုမရှိရလေအောင် ဖုံးအုပ်ပေးထားပါ။ ခြင်မကိုက်ခံရအောင် ခြင်ထောင်နဲ့ အိပ်ခြင်း၊ အိမ်ကျီ င်္လက်ရှည်ဝတ်ပေးထားခြင်း၊ ခြင်ဆေးဖြန်းပေးထားခြင်းနဲ့ဆေးလိမ်းပေးခြင်း စတာတွေကို ပြုလုပ်ပေးထားသင့်ပါတယ်။

နွေရာသီမှာ သားသားမီးမီးလေးတွေကို ခြင်ကိုက်မခံရအောင် မေမေဖေဖေတို့အနေနဲ့ ဘယ်လိုကြိုတင်ကာကွယ်ထားကြမလဲ။ Kalay ကနေ မေမေဖေဖေတို့အတွက် ပြောပြပေးသွားမှာပါ။

ကြိုတင်ကာကွယ်နည်းများ

  • မေမေဖေဖေတို့က အမြဲစောင့်ကြည့်ပေးဖို့လိုပါတယ်။ အထူးသဖြင့် ရေကန်၊ ရေဇလုံတွေနဲ့ ပန်းခြံထဲကို သွားတဲ့အခါမှာ ခြင်ကိုက်ခံရခြင်းရှိမရှိ သတိထားစောင့်ကြည့်ပေးပါ။
  •  အမှိုက်ရှိနေရာတွေဆီကို မသွားအောင် ဂရုစိုက်ပေးပါ။
  • ပြတင်းပေါက်နဲ့ တံခါးပေါက်တွေကို ခြင်လုံစကာ တပ်ဆင်ပေးထားပါ။ လေဝင်လေထွက်ကောင်းအောင်နဲ့ အလင်းဝင်အောင်လည်း ပြုလုပ်ပေးထားပါ။
  • အကျီ င်္လက်ရှည်၊ ဘောင်ဘီရှည်တို့ကို လုံခြုံအောင် ဝတ်ဆင်ပေးထားပါ။
  • ညအချိန်မှာ ခြင်ထောင်နဲ့ အိပ်ပေးပါ။
  • ခြင်ကိုက်မခံရအောင် လိမ်ဆေးနဲ့ စပရေးကို အသုံးပြုပေးပါ။
  • အေးပြီးအလင်းရောင်ဝင်တဲ့ နေရာတွေမှာ သားသားမီးမီးလေးတွေကို ဆော့ကစားခိုင်းပါ။

ခြင်နဲ့ ပတ်သက်တဲ့ ရောဂါတွေအများကြီးရှိတဲ့အထဲကမှ သားသားမီးမီးလေးတို့မှာ အများဆုံးဖြစ်တာကတော့ သွေးလွန်တုပ်ကွေးရောဂါပါ။

သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကတော့

  • ရုတ်တရက် အဖျားမြင့်တက်ခြင်း
  • မျက်လုံးကိုက်ခဲခြင်း
  • ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရခြင်း
  • အော်ကလီဆန်ခြင်း
  • အန်ခြင်း
  • အဆစ်မြစ်၊ ကြွက်သားများနာကျင်ခြင်း
  • အရေပြားပေါ်မှာ အဖုများထွက်ခြင်း
  • နှာခေါင်းသွေးထွက်ခြင်းနဲ့
  • သွေးဖုံးသွေးထွက်ခြင်းတို့ကို ကြုံတွေ့နိုင်ပါတယ်။

ခြင်ကိုက်ခံရတာက သားသားမီးမီးလေးတို့ကို အသက်အန္တရာယ် ထိခိုက်စေနိုင်တာကြောင့် မေမေဖေဖေတို့အနေနဲ့ သတိထားပြီး ဂရုစိုက်ပေးရပါမယ်။

From Kalay with