ကိုယ်ဝန်ဆောင် မေမေတို့အတွက် အာဟာရဓါတ် ဗီတာမင် D

သားသားမီးမီးလေးတွေမှာပဲ ဗီတာမင်ဓါတ်တွေ လိုတာမဟုတ်ပါဘူးနော်။ ကိုယ်ဝန်ဆောင်နေချိန် အတွင်းမှာလည်း ဗီတာမင်ဓါတ်တွေ လိုအပ်ပါတယ်။

မေမေလောင်းလေးတို့ရေ သားသားမီးမီးလေးတွေမှာပဲ ဗီတာမင်ဓါတ်တွေ လိုတာမဟုတ်ပါဘူးနော်။ ကိုယ်ဝန်ဆောင်နေချိန် အတွင်းမှာလည်း ဗီတာမင်ဓါတ်တွေ လိုအပ်ပါတယ်။ မေမေလောင်းတို့မှာ ဗီတာမင် ချို့တဲ့ရင် မွေးလာတဲ့ကလေးလေးမှာလည်း ကျန်းမာရေးချို့ယွင်းချက်တွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ဓါတ်တွေ ရရှိဖို့ လိုပါတယ်။

ဗီတာမင် D က

မေမေလောင်းတို့အတွက် ခန္ဓာကိုယ်က ကယ်လ်စီယမ်တွေ စုပ်ယူဖို့ အားပေးပါတယ်။ ကယ်လ်စီယမ်က သန္ဓေသားလေးရဲ့ အရိုး၊ သွား၊ နှလုံး၊ ကြွက်သားနဲ့ အာရုံကြောတွေကြီးထွားစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ တရက်ကို ကယ်လ်စီယမ် (၁၀၀၀) မီလီဂရမ် လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဗီတာမင် Dဓါတ် ချို့တဲ့မယ်ဆိုရင်တော့

သန္ဓေသား  ကြီးထွားမှုပြဿနာတွေနဲ့ အရိုးဖွဲ့စည်းပုံ မမှန်ခြင်းစတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။  ဒါ့အပြင် သန္ဓေသားလေးရဲ့ အလေးချိန်ကို လျော့ကျစေပြီး မွေးလာတဲ့အခါမှာ မကျန်းမာတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးဖွံ့ဖြိုးဖို့ အတော်လေး နှောင့်နှေးသွားနိုင်ပါတယ်။

တစ်နေ့ကို ဗီတာမင် ဒီ ပမာဏ (၆၀၀) လောက် လိုအပ်ပါတယ်

အရေပြားဟာ နေရောင်ခြည်ကို ဗီတာမင်D ထုတ်လုပ်ဖို့ သုံးစွဲနေတာဖြစ်လို့ ဗီတာမင် D ရရှိစေဖို့ နေရောင်ခြည်နဲ့ ထိတွေ့ရအောင် ဆယ်မိနစ်လောက် အပြင်ထွက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ အများကြီးတော့ နေရောင်နဲ့ မထိတွေ့ပါနဲ့။ ပုံမှန်မဟုတ်တဲ့ အသားမဲခြင်းတွေ ဖြစ်လာစေနိုင်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်ဒီဓါတ်ရရှိဖို့ ဆေးတွေလည်း သောက်သင့်သလို အစားအစာတွေလည်း စားပေးဖို့ လိုပါတယ်။

စားပေးရမယ့် အစားအစာတွေကတော့

  • Cod liver oil
  •  အဆီများတဲ့ ငါး
  • Portobello မှိုများ
  • Sultana Bran လိုမျိုး fortified cereals
  • တိုဟူး၊ ပဲနို့နဲ့ ပဲနို့ဒိန်ချဉ် လိုမျိုး  ပဲနဲ့လုပ်ထားတဲ့ ထုတ်ကုန်များ
  • ထောပတ်၊ နို့နဲ့ ဒိန်ချဉ်လိုမျိုးနို့ထွက်ပစ္စည်းတွေ၊
  • ဝက်သား
  • ကြက်ဥ စတာတွေ စားပေးပါ။

မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ရရှိအောင် ကြိုးစားပေးဖို့ လိုပါတယ်နော်။

From Kalay with