မိခင်နို့မတိုက်တဲ့ မေမေတွေ နို့ရည်ကို ဘယ်လို သိမ်းဆည်းပြီး တိုက်ကြမလဲ

လုပ်ငန်းခွင်ပြန်ဝင်ရတော့မယ် မေမေတွေအတွက် မိခင်နို့ရည်ကို ဘယ်လိုစနစ်တကျ သိမ်းဆည်းပေးထားရမယ်ဆိုတာကို Kalay ကနေ ဝေမျှပေးမယ်နော်။

သားသားမီးမီးလေးတွေရဲ့ အသက်(၃)လ သို့မဟုတ် (၄)လရောက်တဲ့အခါမှာ မေမေတို့ လုပ်ငန်းခွင်ပြန်ဝင်တော့မယ်ဆိုရင် သူတို့လေးတွေအတွက် စီမံပေးခဲ့ဖို့ လိုလာပြီပေါ့။ မိခင်နို့ကို စနစ်တကျသိမ်းဆည်းမှသာ သားသားမီးမီးလေးတို့အတွက် အဆင်ပြေမှာပါ။ မိခင်နို့ကို စနစ်တကျ သိုလှောင်ထားမယ်ဆိုရင် သားသားမီးမီးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ မိခင်နို့ကို ဘယ်လိုသိုလှောင်ရမလဲ၊ ဘယ်နှစ်ရက်ထိ သိုလှောင်ထားဖို့ အဆင်ပြေစေနိုင်မလဲ၊ မိခင်နို့ကို ဘယ်နှစ်ရက်ထိ ထားမယ်ဆိုတာ မေမေတို့အပေါ်မှာ အများကြီးမူတည်နေပါတယ်။

မိခင်နို့ကို သန့်ရှင်းအောင် ထုပ်ပိုးပြီး ရေခဲသေတ္တာရဲ့ အခဲခန်းထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ ခဲအောင်ထားတဲ့ မိခင်နို့မှာ အာဟာရဓာတ်တွေ ပြည်ဝအောင် မပါတော့ပေမယ့်လည်း အပြင်ကနို့မှုန့်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အေးခဲထားတဲ့ မိခင်နို့က သားသားမီးမီးလေးတွေအတွက် ပိုပြီးသင့်တော်ပါတယ်။

မိခင်နို့ရည်ကို ဘယ်လိုသိမ်းဆည်းကြမလဲ

  • အခန်းတွင်းအပူချိန် (၂၅)ဒီဂရီစင်တီဂရိတ် မှာ ခြောက်နာရီခန့် ထားလို့ရပါတယ်။
  • ရေခဲသေတ္တာရဲ့ ခဲခန်းထဲမှာတော့ (၂၄)နာရီကြာအောင် သိမ်းဆည်းထားလို့ ရပါတယ်။
  • အပူချိန် (၄)ဒီဂရီစင်တီဂရိတ်ရှိတဲ့ ရေခဲသေတ္တာထဲမှာ (၅)ရက်ခန့် သိမ်းဆည်းနိုင်ပါတယ်။
  • Freezer ထဲမှာဆိုရင်တာ့ (၂)ပတ်ခန့် သိမ်းဆည်းနိုင်ပါတယ်။
  • အိမ်သုံး Freezer ကို အပူချိန်အနည်းဆုံး (၁၈)ဒီဂရီစင်တီဂရိတ်အောက်ထားပြီး သိုလှောင်ထားမယ်ဆိုရင်တော့ ခြောက်လအထိ အထားခံပါတယ်။

မိခင်နို့ကို ဘာနဲ့ သိမ်းမလဲ

  • သန့်စင်တဲ့ ပလတ်စတစ်ဗူး
  • သန့်စင်တဲ့ အဖုံးပါတဲ့ ပလတ်စတစ်ခွက်
  • သန့်စင်တဲ့ ဇစ်ဆွဲလို့ရတဲ့ ပလတ်စတစ်အိတ်
  • သန့်စင်တဲ့ ဖန်ပုလင်း
  • မိခင်နို့ရည်ထည့်ထားတဲ့ အိတ် သို့မဟုတ် ဗူးပေါ်မှာ စတင်သိမ်းဆည်းထားတဲ့ ရက်စွဲကို ရေးမှတ်ထားပါ

သတိထားရမှာက

  • မိခင်နို့မညှစ်မီ နို့အုံကို သန့်ရှင်းရေး ပြုလုပ်ပေးပါ
  • မိခင်နို့ကို မညှစ်ခင်မှာ လက်ကို သန့်စင်အောင် ဆေးပေးပါ။

ဘယ်လို တိုက်ကျွေးရမလဲ

အေးခဲထားတဲ့ မိခင်နို့ကို စတင်တိုက်မယ်ဆိုရင် ပထမဆုံး ရေခဲသေတ္တာထဲကနေထုတ်ပြီး အခန်းတွင်း အပူချိန်မှာ တဖြည်းဖြည်း အရည်ပျော်အောင် ထားပါ။ အရည်ပျော်လာတဲ့ နို့ရည်တွေကို နို့ဗူးထဲထည့်ပြီး သားသားမီးမီးလေးတွေကို တိုက်နိုင်ပါတယ်။ နို့ရည်ထည့်မယ့် နို့ဗူးကို သန့်စင်အောင် ဆေးကြောထားဖို့ မမေ့ပါနဲ့နော်။

ဒီနည်းလမ်းလေးတွေအတိုင်း နို့ရည်သိမ်းထားမယ်ဆိုရင်တော့ မေမေတို့ စိတ်ချလက်ချ အလုပ်ခွင် ဝင်နိုင်ပါပြီ။ အိမ်မှာ ကလေးကို ထိန်းပေးမယ့်သူကိုတော့ သိမ်းဆည်းထားတဲ့ နို့ရည်ကို ဘယ်လို စနစ်တကျ တိုက်ရမယ်ဆိုတာတော့ ပြောပြခဲ့ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ မေမေအလုပ်သွားရင်တောင် သားသားမီးမီးလေးက မိခင်နို့ စို့ရမှာပါနော်။

 

From Kalay with