သားသမီး တစ်ယောက်ယောက်ကို မျက်နှာသာပိုပေးမိနေသလား?

လူ့ခန္ဓာကိုယ်မှာ အရေပြားက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ အလှအပဖြစ်သလို ရောဂါတွေကို ကာကွယ်ပေးထားတဲ့ ပထမဆုံးခံတပ်လည်းဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်နုပျိုတဲ့ ကလေးငယ်လေးတွေမှာဆိုရင် ပိုပြီးအရေးကြီးပါတယ်။ မိမိသားငယ် သမီးငယ်လေးတွေရဲ့ အရေပြားအမျိုးအစားကို သိရှိခြင်းက ရင်နှစ်သည်းချာလေးတို့အတွက် ဘယ်လိုအသားရေထိန်းသိမ်းမှုတွေလုပ်မလဲဆိုတာနဲ့ မှန်ကန်တဲ့အသားရေထိန်းသိမ်းမှုပစ္စည်းတွေ ရွေးချယ်တာတွေအတွက် အများကြီးအထောက်အကူဖြစ်နိုင်ပါတယ်။

မိဘတော်တော်များများမှာ ဒီပြဿနာက မသိမသာနဲ့ရှိနေတတ်တယ်နော်။ မျက်နှာသာပေးတယ်ဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ယောက်ကိုအချိန်ပိုပေးတာ၊ ပိုချစ်တဲ့အမူအရာပြတာ၊ ပိုအလိုလိုက်တာ၊ ဆုံးမတဲ့နေရာမှာတခြားကလေးတွေလောက်မတင်းကျပ်တာ၊ တခြားကလေးတွေရိုက်သလောက်အရိုက်မခံရတာ၊ တခြားကလေးတွေအပေါ်လုပ်တဲ့အမှားတွေသူ့အပေါ်ကိုမလုပ်တာ စသဖြင့်အကုန်ပါပါတယ်။

တချို့မိဘတွေက ဒီကလေးကအငယ်ဆုံးလေးမို့၊ တစ်ဦးတည်းသောသားလေးမို့လို့စသဖြင့်အကြောင်းပြချက်တွေနဲ့ သူတို့ရဲ့မျက်နှာသာပေးမှုကို တရားသလိုလို မှန်သလိုလိုထင်ကြတယ်။ မွေးကာစကလေးကို ပိုဂရုစိုက်နေရတာမျိုး၊ special needs ကလေးကို ပိုဂရုစိုက်နေရတာမျိုးဆိုရင်တော့ မိဘတွေက တခြားကလေးတွေနဲ့သေချာစကားပြောဆွေးနွေးပြောပြထားရပါမယ်။ သူတို့ထက်ပိုချစ်လို့ရယ်မဟုတ်ပေမယ့် ဒီကလေးကသူတို့နဲ့မတူပဲ ဂရုစိုက်မှုနဲ့ အကူအညီပိုလိုနေလို့ဖြစ်တယ်ဆိုတာနားလည်အောင်ပြောပြထားရပါမယ်။

တခြားအခြေအနေတွေမှာတော့ မိဘတွေရဲ့ရွေးချယ်မျက်နှာသာပေးမှုဟာ တရားမျှတမှုသိပ်မရှိလှတဲ့လုပ်ရပ်လို့သာသတ်မှတ်ရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ same-gender ဖြစ်တဲ့ကလေးကိုမျက်နှာသာပိုပေးနေမိတာ (ဥပမာ အမေနဲ့သမီး)၊ တချို့ဘာသာရေးအရ သားယောက်ျားလေးကိုမျက်နှာသာပိုပေးတာတွေလဲတော်တော်များများရှိပါတယ်။ ကလေးအကြီးဆုံးကိုလဲအကြီးဆုံးမို့၊ အငယ်ဆုံးဆိုလဲအငယ်ဆုံးမို့ မျက်နှာသာပေး အလိုလိုက်မိသလောက် အလတ်ကလေးတွေကမျက်နှာသာပေးမခံရတာကတော့ မကြာခဏတွေ့ရပါတယ်။ တခါတလေမှာတော့ ကလေးရဲ့အမူအကျင့်တွေအရ မျက်နှာသာပေးခံရခြင်း မခံရခြင်းတွေလဲကွာသွားတတ်ပါတယ်။ မိဘတွေက ချွဲတတ်တဲ့ကလေးတွေကို မျက်နှာသာပိုပေးတတ်ကြပြီး ခပ်တည်တည်နေတတ်တဲ့ကလေးတွေကိုကျ ပိုတင်းတင်းကျပ်ကျပ်ဆက်ဆံတတ်ကြတယ်။ သမီးမိန်းကလေးတွေက သဘာဝကိုကနူးနူးညံ့ညံ့လေးတွေနေတတ်တော့ သားတွေထက်ပိုပြီး မျက်နှာသာပေးခံရတတ်သေးတယ်။

ဝမ်းနည်းစရာကောင်းတာက အပေါ်မှာပြောခဲ့တဲ့အချက်တွေဟာ မြင်နေတွေ့နေကျဖြစ်နေတယ်။ တကယ်တော့ အဲဒီလိုအဖြစ်အပျက်တွေမှာ မကောင်းတဲ့သက်ရောက်မှုတွေအများကြီးရှိတယ်။ မျက်နှာသာအပေးမခံရတဲ့ကလေးတွေဟာ စိတ်ကျတတ်တယ်၊ ဒေါသကြီးကြမ်းတမ်းလာနိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တန်ဖိုးထားမှုနည်းမယ်၊ ကျောင်းမှာမလိုက်နိုင်တာမျိုးဖြစ်နိုင်တယ်။ မျက်နှာသာပေးခံရတဲ့ကလေးရတဲ့အကျိုးကျေးဇူးထက် မျက်နှာသာအပေးမခံရတဲ့ကလေးရတဲ့ဆိုးကျိုးတွေက အဆမတန်များပြားလှပါတယ်။ တချို့တွေမောင်နှမအချင်းချင်းမုန်းတဲ့အထိဖြစ်ကြတယ်။ ဒီလိုမကောင်းတဲ့အကျိုးဆက်တွေဟာ သူတို့တွေအသက်ကြီးတဲ့အထိပါသွားကြတယ်။ မိဘရဲ့မျက်နှာသာပေးခြင်းကိုမခံရတဲ့ကလေးဟာ သူ့ရဲ့ငယ်ဘဝတုန်းကခံစားရတာတွေကို လွယ်လွယ်နဲ့မမေ့နိုင်ကြဘူး။

ကလေးတိုင်းဟာ အမူအကျင့်တွေ စိတ်အခြေအနေတွေ သဘာဝတွေမတူကြပါဘူး။ ကလေးက စိတ်ကြီးတတ်တယ်ဆိုရင် နူးညံ့တဲ့ကလေးကိုကိုင်တွယ်သလိုတော့ ကိုင်တွယ်လို့မရဘူးပေါ့။ သူ့အနေအထားအလိုက် သူနဲ့ကိုက်တဲ့နည်းလမ်းလေးတွေတော့ သုံးရမှာပေါ့။ မိဘများအနေနဲ့အတတ်နိုင်ဆုံးလုပ်ရမှာက အခြေအနေတိုင်းမှာကိုယ့်ကိုယ်ကိုယ်သတိလေးပြုကြည့်ဖို့နဲ့ အတတ်နိုင်ဆုံးတရားမျှတအောင်နေပေးဖို့သာဖြစ်ပါတယ်။

Ref : www.psychologytoday.com

credit: A Cool Mom