သန်ကောင်တွေက သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်
|လက်ညစ်ပတ်ခြင်း၊ မသန့်ရှင်းတဲ့အစားအစာများစားသုံးခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းပါးခြင်းတို့ကြောင့် သန်ကောင်၊တုတ်ကောင်တွေ ဖြစ်လာစေပါတယ်။
သားသားမီးမီးလေးတို့ကို ဒုက္ခပေးနေတဲ့ ပြဿနာတွေထဲမှာ သန်ကောင်၊တုတ်ကောင်တွေကလည်း ပါဝင်နေပါတယ်။ သန်ကောင်၊တုတ်ကောင်တွေပေါတဲ့ သားသားမီးမီးလေးတွေမှာလည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းတာကို တွေ့ရပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုကို အနှောင့်အယှက်ပေးစေပါတယ်။ သားသားမီးမီးလေးတွေရဲ့ ဗိုက်ထဲမှာ သန်ကောင်၊ တုတ်ကောင်တွေများနေတယ်ဆိုရင် ခွဲစိတ်မှုတွေအထိ ပြုလုပ်ရတဲ့အထိ ဖြစ်လာစေပါတယ်။
သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်မှာ သန်ကောင်၊ တုတ်ကောင်တွေရှိနေတယ်ဆိုရင်
- ဆက်တိုက်ချောင်းဆိုးခြင်း
- မကြာခဏ ဆီးသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း
- ယားယံခြင်း
- ယားယံတာကြောင့် အိပ်မပျော်ခြင်း
- ဝမ်းသွားတဲ့အခါမှာ သွေးပါခြင်း
- စအိုတဝိုက်မှာ အဖုထွက်ခြင်း၊ ယားယံခြင်း
- သွေးအားနည်းခြင်း
- ပျို့အန်ခြင်း
- အသားဝါလာခြင်း
- အမြဲတမ်းဆာလောင်ခြင်း
- ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း
- အစားစားချင်စိတ်မရှိခြင်း လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာလာတဲ့အခါမှာ အသက်အန္တရာယ်ကို ထိခိုက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
-
သန်ကောင်တွေဘယ်က ကူးစက်လာတာလဲ
- မြေကြီးပေါ်က ပစ္စည်းတွေကိုပါးစပ်ထဲ ထည့်ခြင်း
- မြေကြီးပေါ်မှာကျသွားတဲ့ အစားအစာတွေကို ကောက်ယူစားသုံးခြင်း
- အညစ်အကြေးစွန့်ပြီးနောက် လက်မဆေးခြင်း
- အစားအစာသန့်ရှင်းမှု မရှိခြင်း
- ညစ်ညမ်းတဲ့ရေကို သောက်သုံးခြင်း
- ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို သန့်ရှင်းအောင်မဆေးခြင်း၊ ကျက်အောင် မချက်ပြုတ်ခြင်း၊ အစိမ်းစားခြင်း
- တိရစ္ဆာန်များကတဆင့် ကူးစက်ခံရခြင်းနဲ့
- တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းပါးခြင်းတို့ကြောင့် သန်ကောင်၊တုတ်ကောင်တွေ ကူးစက်နိုင်ပါတယ်။
ကုသခြင်း
- ဆေးရုံ၊ဆေးခန်းတွေမှာ သွားရောက်ပြသခြင်း
- သန်ချဆေးသောက်သုံးခြင်း
- အစားအစာများကို ကျက်အောင် ချက်ပြုတ်ခြင်း
- လက်ကိုသန့်စင်အောင်ဆေးခြင်းနဲ့
- တစ်ကိုယ်ရည်သန့်ရှင်းမှု မှန်မှန်လုပ်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။
သားသားမီးမီးလေးတွေကိုလည်း မြေကြီးပေါ်က ပစ္စည်းတွေကို ပါးစပ်ထဲမထည့်စေဖို့နဲ့ ကောက်မစားဖို့ မေမေဖေဖေတို့ သတိထားပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဖြည့်စွက်စာအသုံးပြုတဲ့ ပန်းကန်၊ဇွန်းနဲ့ အိုးတို့ကိုလည်း သန့်ရှင်းအောင်ထားပါ။ သန်ကောင်၊တုတ်ကောင်တွေက သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးတာကြောင့် သတိထားပြီး ဂရုစိုက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Credit: Kalay