သားသားမီးမီးလေးတွေကို လိမ္မော်သီး ဘယ်အချိန်မှာ စတင်ကျွေးမလဲ

လိမ္မော်သီးကို သားသားမီးမီးလေးတို့ရဲ့ ဖြည့်စွက်စာအဖြစ် ဘာကြောင့် ရွေးချယ်သင့်တာလဲ။ ဘယ်အသက်အရွယ်က လိမ္မော်သီးစတင်ကျွေးဖို့ အကောင်းဆုံးလဲ။

သားသားမီးမီးလေးတွေ အသက်(၆)လပြည့်တဲ့အခါမှာ ဖြည့်စွက်စာကို စတင်ကျွေးရတော့မှာပါ။ လိမ္မော်သီးကို ဖြည်စွက်စာအနေနဲ့ရော သရေစာပုံစံပါ ကျွေးလို့ရပါတယ်။ လိမ္မော်သီးကတော့ သားသားမီးမီးလေးတွေရဲ့ အကြိုက်ပေါ့။ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

သားသားမီးမီးလေးတွေကို လိမ္မော်သီး ဘယ်အချိန်မှာ ကျွေးသင့်လဲ

အသက်(၁၂)လပြည့်ခါနီးမှာ လိမ္မော်သီးကို စတင်ကျွေးသင့်ပါတယ်။ ဖြည့်စွက်စာစတင်ကျွေးတဲ့အခါမှာ လိမ္မော်သီးကိုမကျွေးသင့်သေးပါဘူး။ လိမ္မော်သီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ကို သားသားမီးမီးလေးတွေရဲ့ အစာအိမ်က ချေဖျက်နိုင်စွမ်းမရှိသေးလို့ပါ။ အက်စစ်ပါဝင်နှုန်းမြင့်မားတာကြောင့် နှုတ်ခမ်းနဲ့ ပါးစပ်တဝိုက်မှာ အဖုတွေ ထွက်လာနိုင်ပါတယ်။

ကလေးငယ်တိုင်းမှာတော့ ဒီလိုမဖြစ်ပွားပါဘူး။ အနည်းငယ်မှာတော့ ဒီလိုပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဝမ်းလျောခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ မျက်စိပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါလက္ခဏာတွေက လိမ္မော်သီးစားပြီးပြီးချင်း (၂)နာရီအတွင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် မေမေတို့အနေနဲ့ နီးရာဆေးရုံ၊ဆေးခန်းတွေမှာ အမြန်ဆုံးပြသသင့်ပါတယ်။

သားသားမီးမီးလေးတို့ကို အစားအစာအသစ်တွေ စတင်ကျွေးတော့မယ်ဆိုရင် မေမေဖေဖေတို့အနေနဲ့ ဓာတ်တည့်မှု ရှိမရှိစောင့်ကြည့်ပေးဖို့ လိုပါတယ်။ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးကျွေးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုဓာတ်မတည့်တာတွေက လိမ္မော်သီးတင်မကပါဘူး။ တခြားအသီးအနှံတွေနဲ့လည်း ဓာတ်မတည့်တာတွေ ကြုံတွေ့နိုင်ပါတယ်။

လိမ္မော်သီးမှာပါဝင်တဲ့ အာဟာရဓာတ်များ

  • Carbohydrate
  • အမျှင်ဓာတ်
  • ဖော့စဖောရပ်
  • ဗီတာမင်အေ၊ စီနဲ့
  • ကယ်လ်စီယမ်တို့ပါဝင်ပါတယ်။

လိမ္မော်သီးရဲ့ အကျိုးကျေးဇူးများ

  • လိမ္မော်သီးမှာ သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်ဓာတ်တွေနဲ့ သတ္ထုဓာတ်တွေပါဝင်ပါတယ်။
  • သားသားမီးမီးလေးတွေရဲ့ အစာခြေစနစ်ကို ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။
  • အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ သားသားမီးမီးလေးတွေ ဝမ်းလျောတဲ့အခါမှာ ရေဓာတ်ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် လိမ္မော်ရည်ကို တိုက်ပေးပါ။
  • ဖော့စဖောရပ်နဲ့ ကယ်လ်စီယမ်တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုပါတယ်။ ဗီတာမင်စီပါဝင်တာကြောင့် ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။
  • Credit: Kalay