စပရိန်လေးတွေနဲ့ လုပ်ထားတဲ့ ပုခက်ထဲ ထည့်သိပ်တဲ့အခါ
အရမ်းမလွှဲဖို့၊ မလှုပ်ဖို့ သတိထားပါ။ ဒီလို အရမ်းလှုပ်တာက ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဖြည်းဖြည်းလေးတော့ လှုပ်လို့ ရတယ်နော်။ မေမေတို့ရဲ့ မွေးကင်းစလေးတွေကို ထည့်သိပ်လို့ ရပါတယ်နော်။
ပုခက်ထဲ ထည့်သိပ်တဲ့အခါ သတိပြုရမှာက
ကလေးက (၂) လ၊ (၃) လလောက်ဆိုရင် ဟိုဘက်ဒီဘက် လှိမ့်တတ်လာပါပြီ။ ဒီအခါမှာ ပုခက်က ဇောက်မနက်ဘူးဆိုရင် အပြင်ဘက်ကို လိမ့်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုခက်ကို ကျယ်ကျယ်လေးနဲ့ ဇောက်နက်တာလေး ရွေးဝယ်ပါ။
နောက်တစ်ချက်ကတော့
ကလေးရဲ့ ပုခက်ထဲမှာ ခေါင်းအုံးအပြားပဲ ထားပါ။ အရုပ်၊ စောင်ထူထူ၊ အင်္ကျီအပို၊ ဒိုက်ဘာတွေ မထားပါနဲ့။ ကလေးလှုပ်တဲ့အခါမှာ ဒီပစ္စည်းတွေက ကလေးမျက်နှာပေါ်ကို အုပ်မိခြင်း ဒါမှမဟုတ် နှာခေါင်းပိတ်ခြင်းတွေ ဖြစ်ကာ အသက်ရှူရ ကြပ်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။
မေမေတို့ရေ သားသားမီးမီးလေးတွေ နည်းနည်းလေး ကြီးလာပြီဆိုရင်တော့ စောင်ပုခက်ထဲမှာ ထည့်သိပ်နိုင်ပါတယ်။ အသက်(၁) နှစ်လောက်ဆိုရင်တော့ အဆင်ပြေပါပြီ။ နောက်တစ်ခုကတော့ မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို သိပ်တဲ့အခါ နွေးနွေးထွေးထွေးလေး ဖြစ်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးတာမျိုး လုပ်ပါ။ ပုခက်လွှဲတဲ့အခါမှာ လေဝင်တယ်ဆိုတာ သတိရပါ။
မေမေတို့ရေ ပုခက်နဲ့ သိပ်တဲ့အခါမှာ ကလေးလေး အန္တရာယ်ကင်းစေဖို့ လုပ်ဆောင်ရမှာတွေကို သိထားပြီးပြီဆိုရင်တော့ သိပ်တဲ့အခါ လိုက်နာပေးဖို့ တိုက်တွန်းလိုက်ပါတယ်။