ကလေးတွေမှာ အနာပေါက်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ

ကလေးတွေမှာအနာပေါက်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အစာအိမ် သို့ ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းအင်္ဂါများ နံရံများပေါက်ပြဲကာအနာဖြစ်ခြင်းဖြစ်တယ်။ ထိုအနာတွေကြောင့် ပုံမှန်လုပ်ဆောင်နေကျလုပ်ငန်းစဉ်တွေပျက်စီးနိုင်ပါတယု။ အနာအမျိုးမျိုးရှိတယ်၊ မျိုးပွားအင်္ဂါတွင်ပေါက်သောအနာ၊ ဆီးချိုသွေးချိုကြောင့်ခြေထောက်တွင်ပေါက်သောအနာ၊ အစာအိမ် အူအနာ၊ ပါးစပ်အနာ စသည်ဖြင့်။ အစာအိမ် အူတို့မှာပေါက်သောအနာက အဖြစ်အများဆုံးဖြစ်ပြီး ၃ မျိုးခွဲနိုင်ပါတယ။်

  • အူသိမ်ဦးပိုင်းတွင်ပေါက်သောအနာ – အဖြစ်အများဆုံးဖြစ်တယ်။
  • အစာအိမ်တွင်ပေါက်သောအနား – အဖြစ်နည်းပါတယ်။
  • အစာရေမျိုပြွန်အနာ – ရှားပါးပြီး အစာရေမျိုပြွန်တွင်ပေါက်သောအနာဖြစ်တယ်။

ဆရာဝန်တွေအပါအ၀င်လူအများစုက ကလေးတွေမှာ အစာအိမ်အူအနာပေါက်နိုင်ချေနည်းတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် တချို့သောလေ့လာမှုတွေအရ ကလေးတွေမှာလည်း အစာအိမ်၊ အူအနာများပေါက်နိုင်ကြောင်းဆိုထားပါတယ်။

အကြောင်းအရင်းများ

အစာအိမ်၊ အူ အနာများပေါက်ရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းကတော့ H.pylori လို့ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် သို့ အကိုက်အခဲပျောက်ဆေး အသုံးများသောကြောင့်ဖြစ်တယ။် သို့သော်ကလေးတွေမှာ လူကြီးတွေနဲ့မတူဘဲ H.pylori ကြောင့်အဖြစ်များတာမဟုတ်ပါဘူး။ မတူတဲ့အနာတွေမှာ မတူတဲ့အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်တယ်လို့ဆိုထားပါတယ်။

ကလေးတွေဟာ လူကြီးတွေထက်စာရင် ဆေးဒဏ်ခံနိုင်ရည်နည်းပါတယ်။ Aspirin, ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေသုံးခြင်းဟာ အစာအိမ်ကိုအက်စစ်ဒဏ်ပိုခံရစေတယ်။ ပါရာစီတမောကြောင့်တော့ အနာဖြစ်ခဲပါတယ်။

စိတ်ဖိစီးမှု၊ သောကရောက်ခြင်း၊ အစပ်များစားခြင်းကြောင့် အစာအိမ် အူ အနာမဖြစ်နိုင်ပေမယ့် အစာအိမ်ကိုထိခိုက်ပြီး အနာတော့ပျံ့စေပါတယ်။

လက္ခဏာများ

လကဏာတွေကတော့ ကလေးငယ်ရဲ့အသက်နဲ့ အနာနေရာပေါ်မူတည်တယ်။ အဖြစ်အများဆုံးလကဏာတွေကတော့ နာခြင်းဖြစ်ပြီး အက်စစ်ကြောင့်ပိုဆိုးနိုင်ပါတယ်။ နာကျင်ပုံမှာ မီးစနှင့်ထိုးသကဲ့သို့ ဒါမှမဟုတ် ဆွဲဆုတ်သကဲ့သို့ဖြစ်ပြီး မိနစ် ၃၀ မှ ၃ နာရီခန့်ထိ ကြာနိုင်ပါတယ်။ မစားခင်နှင့် စားပြီးချိန်တွေမှာ ပိုဆိုးတတ်ပြီး ညဘက်တွေမှာ နာကျင်မှုကြောင့်လန့်နိုးရသည်ပင် ရှိကောင်းရှိနိုင်ပါတယ်။ ကလေးငယ်မှာ နာကျင်မှုမခံစားရတဲ့ နေ့ရက်တွေလည်းရှိနိုင်တယ်။

အစာအိမ်အနာဟာ ပုံစံတစ်ခုအတိုင်း လိုက်ဖြစ်နေတာမျိုးမဟုတ်ပါဘူး (ဥပမာဆိုရရင် စားခြင်းဟာအနာပိုဆိုးစေပါတယ်) ထိုအချက်က အထူးသဖြင့် အစာအိမ်ထွက်ပေါက်မှ အနာများမှာ ပိုမှန်လေ့ရှိပါတယ်။ ထိုနေရာမှအနာတွေဟာ ရောင်ခြင်း၊ အမာရွတ်ထင်ခြင်းတွေကြောင့် ပိတ်ဆို့ခြင်းလကဏာတွေ (ဥပမာ – လေပွခြင်း၊ ပျို့ခြင်း၊ အန်ခြင်း) တို့ဖြစ်နိုင်တယ်။

အူအိမ်ဦးပိုင်းအနာတွေက ပိုကြာရှည်နာတတ်ပါတယ်။ နိုးနေစဉ်မှာ သက်သာတတ်ပြီး မနက်စောစောမှာပြန်ပေါ်လာတတ်တယ်။ စားလိုက်ပါကသက်သာသွားတတ်ပေမယ့် စားပြီး ၂ နာရီ ၃ နာရီအကြာမှာ ပြန်နာလာတတ်တယ်။ နာကျင်မှုကြောင့် ညဘက်တွေလန့်နိုးလေ့ရှိပြီး ထိုအချက်ကြောင့်ပဲ အူသိမ်ဦးပိုင်းအနာလို့သိကြပါတယ်။ မွေးကင်းစကလေးတွေမှာ အနာပေါက်သွားကာသွေးယိုခြင်းဟာ ပထမဆုံးဖြစ်တဲ့ပြဿနာဖြစ်လောက်ပြီး သွေးယိုခြင်းကပထမဆုံူးသတိထားမိတဲ့ လကဏာလည်းဖြစ်လောက်ပါတယ်။

လက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဖြစ်လေ့ရှိတဲ့လက္ခဏာတွေပြတာ လူနာရဲ့တ၀က်လောက်ပဲရှိတယ်။ တခြားလက္ခဏာတွေကတော့-

  •  ၀မ်းဗိုက်တွင်နာခြင်း
  •  ဗိုက်တွင်းနေထိုင်မကောင်းဖြစ်ခြင်း
  •  ပျို့ခြင်း
  •  အန်ခြင်း
  •  နွမ်းနယ်ခြင်း
  • လေပွခြင်း
  • လေတက်ခြင်း
  • စားရခက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အလေးချိန်ကျခြင်း
  • အန်လျှင်၊ ၀မ်းသွားလျှင်သွေးပါခြင်း

ရောဂါရှာဖွေမှုနှင့်ကုသမှုများ

သင့်ကလေးမှာ အစာအိမ်၊ အူ အနာပေါက်နေတယ်ထင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ တကယ်လို့ကလေးမှာ အနာပေါက်ပြီးသားဆိုရင် သွေးယိုခြင်း၊ အနာပေါက်သွားခြင်းတို့ဖြစ်နိုင်တာကြောင့် အောက်ပါလက္ခဏာတွေပေါ်လာရင် ဆရာဝန်ချက်ခြင်းပြသင့်ပါတယ်။ –

  • ရုတ်တရတ်ဗိုက်ထဲမှာစူးပြီးအောင့်လာခြင်း
  • သွေးဝမ်းများ၊ ၀မ်းမည်းမည်းများသွားခြင်း
  • သွေးအန်ခြင်း၊ သို့ ကော်ဖီရောင်များအန်ခြင်း
  • အစာအိမ် အူ အနာပေါက်ခြင်းကိုသိရှိဖို့အတွက် သင့်ဆရာဝန်ကအောက်ပါစမ်းသပ်မှုများလုပ်ပါလိမ့်မယ်။
  • အစာအိမ်အပေါ်ပိုင်းမှန်ပြောင်းကြည့်ခြင်း – သေးငယ်သောပြောင်းငယ်လေးဖြင့် ကလေးရဲ့ အစာအိမ် အူလမ်းကြောင်းကိုမှန်ပြောင်းကြည့်ပါလိမ့်မယ်။
  • ဘေရီယမ်ဓာတ်မှန် – အနာအရွယ်အစားနဲ့ ဆိုးရွားမှုကိုသိဖို့အတွက်ဓာတ်မှန်ရိုက်ပါလိမ့်မယ်။
  •  တခါတရံသွေးတွင်း gastrin ပမာဏတိုင်းခြင်း
  • H.pylori ကိုသိရန်သွေးစစ်ခြင်း

တကယ်လို့အနာဖြစ်နေပါက H.pylori ရှိမရှိစစ်ဆေးပါလိမ့်မယ်။ H.pylori ကြောင့်ဖြစ်သော အနာနှင့် အကိုက်အခဲပျောက်ဆေးကြောင့်ဖြစ်သောအနာအတွက် ကုသမှုမတူတာကြောင့် H.pylori ကြောင့်မဟုတ်ပါက အကြောင်းအရင်းရှာရပါလိမ့်မယ်။

ကုသမှု

အနာပေါက်ရခြင်းအကြောင်းအရင်းက H.pylori ကြောင့်ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးလိုပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေးက လက္ခဏာတွေပျောက်သွားလျှင်တောင်မှ ဆေးကို ဆရာဝန်ညွှန်းတဲ့အတိုင်းအတိအကျသောက်ဖို့တော့လိုပါလိမ့်မယ်။

တကယ်လို့အကိုက်အခဲပျောက်ဆေးများကြောင့်ဖြစ်ပါက ကလေးငယ်ကို အကိုက်အခဲပျောက်ဆေးတွေဆက်မတိုက်သင့်တော့ပါဘူး။ ကုသမှုအနေနဲ့ အက်စစ်ဓာတ်လျှော့ချတဲ့ဆေးတွေ ဆရာဝန်ကညွှန်းပါလိမ့်မယ်။

ပြင်းထန်တဲ့အစာအိမ်၊ အူအနာတွေအတွက်တော့ ခွဲစိတ်မှုလိုကောင်းလိုနိုင်ပါတယ်။ မဆုံးဖြတ်ခင်မှာ ခွဲစိတ်မှုရဲ့နောက်ဆက်တွဲကိစ္စတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။ တကယ်လို့ အောက်ပါနောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် ခွဲစိတ်ဖို့လိုပါလိမ့်မယ်-

သွေးယိုခြင်း – သွေးအန်ခြင်း သို့ သွေးဝမ်းများသွားခြင်းကြောင့် သွေးများဆုံးရှုံးပြီး အားနည်းခြင်း၊ မူးဝေခြင်း၊ ရေငတ်ခြင်း၊ ချွေးထွက်များခြင်းတို့ဖြစ်လာနိုင်ပါတယ်။

အနာပေါက်သွားခြင်း – အစာအိမ်၊ အူ နံရံကို ပေါက်သွားပြီး အစာအိမ်အရည်၊ အက်စစ် စတာတွေကို ဘေးဝန်းကျင်ဆီထွက်သွားစေတယ်။ ထိုအခါ ဆိုးရွားစွာနာကျင်ပြီး ရှော့ပင်ရနိုင်ပါတယ။် ထိုအခြေအနေမှာဆိုရင်တော့ ချက်ခြင်းခွဲစိတ်ဖို့လိုပါလိမ့်မယ်။

အူလမ်းကြောင်းပိတ်ခြင်း – အမာရွတ်ဖြစ်ခြင်း၊ အူနံရံကြွက်သားများကျုံ့ခြင်း၊  သို့ အနာကြောင့် ရောင်ရမ်းလာပါက ဖြစ်လာနိုင်ပါတယ်။ လမ်းကြောင်းပိတ်တဲ့အခါ မကြာခဏအန်ခြင်း၊ အထူးသဖြင့် အစားစားပြီး ၆ နာရီခန့်၊ နေ့တစ်နေ့ရဲ့အဆုံးသတ်တွေမှာအဖြစ်များပါတယ်။ လေပွ၊ လေများဖြင့်ပြည့်နေပြီး အစားစာချင်စိတ်မရှိခြင်းမျိုးဖြစ်ပါက အူလမ်းကြောင်းပိတ်ခြင်းကိုပြနေပါတယ်။ အချိန်ကြာအန်ခြင်းဟာ အလေးချိန်ကျခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းနှင့် အယ်ကာလီဓာတ်များခြင်းတို့ဖြစ်လာစေတယ်။

လိုက်နာသင့်သောအချက်များ

အစာအိမ်၊ အူအနာရဲ့လက္ခဏာတွေကိုလေ့လာပြီး ကလေးငယ်မှာ စောစီးစွာသတိပြုမိသင့်ပါတယ်။ လက္ခဏာတွေတွေ့တာနှင့် ဆရာဝန်ဆီချက်ခြင်းခေါ်သွားသင့်တယ်။ ရော၈ါမြန်မြန်ရှာတွေ့လေလေ၊ သာမန်ဆေးလောက်နဲ့တင် ကုသပျောက်ကင်းနိုင်ချေများလေလေဖြစ်တယ်။

ကလေးရဲ့အစာအိမ်ထဲမှာအစာမရှီလေလေ၊ ပိုနာလေလေဖြစ်တာကြောင့် ပုံမှန်စားနေအောင်လည်း သတိထားကြည့်သင့်တယ်။ လူကြိးတွေမှာဖြစ်တဲ့ အစာအိမ် အူအနာလိုပဲ အစားစားတဲ့အခါ နည်းနည်းနဲ့ခဏခဏစားပေးသင့်ပါတယ်။ တစ်ရက်မှာ သုံးကြိမ်အစား ငါးကြိမ်၊ ခြောက်ကြိမ်လောက်စားခိုင်းသင့်တယ။် အစားစားပြီးချိန်မှာ အနားယူစေသင့်ပါတယ်။

ကလေးတွေဟာ လုံလောက်မျှတတဲ့အစာလိုတာကြောင့် တချို့အနာကိုပိုဆိုးစေနိုင်တဲ့အစားအစာတွေအပြင် ဆရာဝန်တွေကသိပ်ပြီး စားသောက်မှုကိုကန့်သတ်မထားတတ်ပါဘူး။ ကလေးကဘယ်လိုစားစရာ၊ သောက်စရာနဲ့မတည့်တတ်သလဲတော့ ဂရုစိုက်စောင့်ကြည့်သင့်ပါတယ်။

ဒါပေမယ့် အက်စစ်ပိုထွက်စေပြီး အနာပိုဆိုးစေတဲ့အစာတွေရှိပြီး တချို့စားစရာတွေက အနာမဖြစ်စေပေမယ့် အနာကိုပိုဆိုးစေပါတယ်။ ဥပမာ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ သောက်စရာများ၊ အယ်လ်ကိုဟောပါသောသောက်စရာများနဲ့ ဆေးလိပ်သောက်ခြင်းတို့ဖြစ်တယ်။ ကလေးတွေကဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ရှူခြင်းကြောင့်လည်း ထိခိုက်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အယ်လ်ကိုဟော်အတွက် ပူစရာမလိုပေမယ့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာတော့ အယ်လ်ကိုဟောနဲ့ ဆေးလိပ်သောက်ခြင်းကို သတိပြုထားသင့်တယ်။

အစာအိမ်၊ အူမှာအနာပေါက်ခြင်းဟာ ကလေးတွေကို အစာစားခြင်းကိုဟန့်တားနိုင်ပါတယ်။ ဒါပေမယ့် အနာပေါက်ခြင်းဟာ ဘတ်တီးရီးယားမပေါက်ပွားအောင် သေချာသန့်ရှင်းခြင်းနဲ့ အကိုက်အခဲပျောက်ဆေးလို အကြောင်းအရင်းတွေကို ရှောင်ရှားလိုက်ရင် ကာကွယ်နိုင်တာဖြစ်တယ်။ ထိုအနာပေါက်ခြင်းတွေဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ တကယ်လို့ ကလေးငယ်မှာ လက္ခဏာတွေသတိပြုမိရင် ဆရာဝန်ဆီချက်ခြင်းခေါ်သွားသင့်ပါတယ်။