ရုံပတီသီးမှာ သားသားမီးမီးလေးတို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အပြည့်အဝ ပါဝင်နေပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ ဝမ်းလျှောတာနဲ့ ဝမ်းပျက်တာကိုလည်း ကာကွယ်ပေးပါတယ်။
ရုံပတီသီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ်များ
- ရေဓာတ်
- ပရိုတိန်း
- Carbohydrates
- ကယ်လ်ဆီယမ်
- Magnesium
- Potassium
- ဇင့်
- Thiamin
- Niacin
- Folate နဲ့
- ဗီတာမင်အီးတို့ပါဝင်ပါတယ်။
ရုံးပတီသီးကို ကျွေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
- ရုံးပတီသီးက သားသားမီးမီးလေးတွေရဲ့ ချို့ယွင်းချက်တွေကို ကာကွယ်ပေးပြီး ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပါတယ်။
- ကိုယ်ဝန်ဆောင်စဉ်မှာ ရုံးပတီသီးကိုစားပေးတာက သန္ဓေသားလောင်းရဲ့ အာရုံကြောဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
- ဖောလစ်အက်စစ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှုကို အကူအညီပေးပါတယ်။
- ရုံးပတီသီးတစ်ခွက်မှာ ဗီတာမင်စီ (၁၃)မီလီဂရမ်ပါဝင်တာကြောင့် အရိုးနဲ့ အရေပြား ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီပေးပါတယ်။
- အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ရုံးပတီသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ
- ရုံပတီသီးကို ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ဝန်ချိန်ဖြစ်နိုင်တဲ့ ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။
- နှလုံးရောဂါကိုကာကွယ်ပေးပြီး သန္ဓေသားကြီးထွားဖို့အတွက် အကူအညီပေးပါတယ်။
- ဖောလစ်အက်စစ်ပါဝင်တာကြောင့် သန္ဓေသားရဲ့ အင်္ဂါအစိတ်အပိုင်း ချွတ်ယွင်းတာကို ကာကွယ်ပေးပါတယ်။
- အင်္ဂါမစုံတဲ့ ကလေးငယ်တွေမွေးဖွားတာကို ကာကွယ်ပေးပါတယ်။
- DNA၊ RNA နဲ့မျိုးရိုးဗီဇဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။
သတိထားရမှာက
- အော်ဂဲနစ်ရုံးပတီသီးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
- ရုံးပတီသီးကို ဖြည့်စွက်စာမချက်မီ ရေနဲ့သန့်စင်အောင်ဆေးပေးဖို့ မမေ့ပါနဲ့။
- တခြားဟင်းသီးဟင်းရွက် အသီးအနှံတွေနဲ့ရောပြီး ချက်ပြုတ်နိုင်ပါတယ်။
မေမေဖေဖေတို့အနေနဲ့ ရုံးပတီသီးကို ဖြည့်စွက်စာအဖြစ်ကျွေးဖို့ သံသယရှိနေတယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ကျွေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with