ကိုယ်ဝန်ရဖို့ အထောက်အကူပြုစေတဲ့ ယောဂကျင့်စဉ်များ

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့သူတွေ ယောဂကျင့်ပေးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ်ဝန်ရနိုင်ဖို့ ကြိုးစားနေကြတဲ့သူတွေအတွက်တော့ ယောဂကျင့်စဉ်က ကိုယ်ဝန်ရဖို့ ကူညီပေးနိုင်တာက သတင်းကောင်းတစ်ခုပါပဲ။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ မေမေလောင်းတို့ ယောဂကျင့်ပေးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာမို့ ဟော်မုန်းအပြောင်းအလဲ ဖြစ်စေပြီး ကိုယ်ဝန်ရနိုင်ဖို့ ဦးတည်စေတာပါ။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ မေမေလောင်း ပြုလုပ်နိုင်ဖို့ ယောဂကျင့်စဉ်တချို့ကို ဖော်ပြလိုက်ပါတယ်နော်။

ယောဂကျင့်စဉ်(၁)

ပထမဦးဆုံး အောက်ကြမ်းပြင်မှာ အဝတ်စ ဒါမှမဟုတ် စောင်တစ်ထည်လောက် ခင်းပါ။ ပြီးရင် ခါးကို မတ်မတ်ထားပြီး ခြေထောက်ကို ရှေ့ဘက်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင်တော့ ခြေကျင်းဝတ်နှစ်ဖက်လုံးကို နာရီလက်တံလည်တဲ့ပုံစံအတိုင်း ငါးမိနစ်လောက် စက်ဝိုင်းသဏ္ဍန် လှည့်ပါ။ နောက်တော့ နာရီလက်တံပြောင်းပြန်လည်တဲ့ ပုံစံအတိုင်း ထပ်လှည့်ပါ။ ခါးကွေးပြီး  ခြေဖျားလေးတွေကို ဆယ်ခါလောက်ထိပါ။  ခြေချောင်းလေးတွေကို လှုပ်ခါပါ။  ခြေကျင်းဝတ်ကို ပတ်ချာလည်လှည့်ပါ။ ပြီးရင် ကွေးပါ။  ဒူးကို အပေါ်မြှောက်လိုက် အောက်ချလိုက်လုပ်ပြီး ခြေထောက်ကို ညင်သာစွာ လှုပ်ခါပါ။

ယောဂကျင့်စဉ်(၂)

ယောဂကျင့်စဉ်(၂) ကတော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ တင်ပါးနဲ့ ပေါင်တို့ကို သက်သာစေမှာဖြစ်တဲ့အတွက် ဆီးခုံက မိန်းမကိုယ်ကို အထောက်အကူပြုပါတယ်။ ပထမဦးဆုံး အောက်ကြမ်းပြင်မှာ အဝတ်စ ဒါမှမဟုတ် စောင်တစ်ထည်လောက် ခင်းပါ။ ပြီးရင် ခါးကို မတ်မတ်ထားပြီး ခြေထောက်ကို ရှေ့ဘက်ကို ဆန့်ထုတ်လိုက်ပါ။ ညာဒူးကို ကွေးပြီး ညာခြေကျင်းဝတ်ကို ဘက်ဖက်ဒူးပေါ် တင်ပါ။ညာခြေထောက်နဲ့ ဘယ်ဖက်ပေါင်က ထောင့်မှန်ဖြစ်နေပါစေ။

ဘယ်ဖက်ခြေထောက်တဖက်တည်းကို အားပြုရပ်ရမှာဖြစ်တဲ့အတွက် တည်ငြိမ်အောင် ဘယ်ဖက်ခြေထောက်ကို အနည်းငယ် ကွေးပါ။ ညာခြေထောက်ကို ကွေးပြီး ဘယ်ဖက်လက်ဖဝါးနဲ့ ညာဖက်ခြေဖဝါးကို ဆုပ်ကိုင်ပါ။ပြီးရင် အစက အတိုင်း ဘက်ပြောင်းပြန် ပြန်လုပ်ပါ။ ညာဖက်လက်နဲ့ ပေါင်ကို အသာအယာဖိပါ။အသက်ပြင်းပြင်း သုံးခါရှုပါ။ ဒူးကို ဖြည်းညင်းစွာ ကွေးလိုက်ဆန့်လိုက်လုပ်ပါ။ ဒီအဆင့်ဟာ ဒူးခေါင်းတွင်းရှိ ချောဆီသဖွယ်ပြုလုပ်ပေးတဲ့ အရည်တွေကို အားပေးကူညီပါတယ်။   ရှေ့ကို ဖြည်းဖြည်းချင်း ကိုင်းပါ။ နောက်တော့ ဘယ်ညာပြောင်းပြီး တလှည့်စီ လုပ်ပေးပါ။

မေမေလောင်းလေးဖြစ်ချင်တဲ့သူတို့ရေ ကိုယ်ဝန်ရဖို့ အထောက်အကူပြုတဲ့ ယောဂကျင့်စဉ်တွေကို ဖော်ပြခဲ့တာမို့ လိုက်လုပ်ကြည့်ဖို့ မမေ့နဲ့နော်။ ဒါမှ ကိုယ်ဝန်မြန်မြန်ရနိုင်မှာပါနော်။

From Kalay with