ကလေးလေး သွားပိုးစားတာတွေမဖြစ်ဖို့ ဒါတွေကျွေးပါ

 ကျွေးတဲ့ အစားအစာတွေထဲမှာ ကလေးရဲ့ သွားကို ထိခိုက်ပျက်စီးစေတဲ့ အစားအစာတွေ ပါနေမယ်ဆိုရင်တော့ သွားပိုးစားတာတွေ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ သွားပိုးစားတာတွေ နည်းစေဖို့ဆိုရင် အစားအစာတွေနဲ့ ပတ်သက်ပြီး သတိထားဖို့ လိုပါတယ်။ မေမေတို့ ကျွေးတဲ့ အစားအစာတွေထဲမှာ ကလေးရဲ့ သွားကို ထိခိုက်ပျက်စီးစေတဲ့ အစားအစာတွေ ပါနေမယ်ဆိုရင်တော့ သွားပိုးစားတာတွေ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။

 သားသားမီးမီးလေးတွေတိုင်း အချို ကြိုက်ကြပါတယ်။ ကြီးလာလို့ အချိုမကြိုက်ရင်တောင် ငယ်ငယ်မှာတော့ ကြိုက်ခဲ့ကြသူချည်းပါပဲ။ အချိုပါဝင်တဲ့ အစားအစာတွေကလည်း သားသားမီးမီးလေးတွေရဲ့ လက်တစ်ကမ်းမှာ အမြဲရှိနေမှာပါ။ သကြား၊ ဘီစကွတ်၊ ဂျယ်လ်လီ စတာတွေက ကလေးကြိုက်ပါပဲ။

မေမေတို့ရေ သားသားမီးမီးလေးတွေကို ကာဗိုလ်ဟိုက်ဒြိုက်နဲ့ သကြားပါဝင်တဲ့ အစားအစာတွေက သွားတွေ ပျက်စီးစေပါတယ်။ ဘီစကစ်၊ ကိတ်မုန့်၊ အချိုရည်တွေ ရှောင်ကျွေးပါ။ ဒီအစားအစာတွေက သွားထဲမှာ အချိန်ကြာကြာ ကျန်ရစ်နေမယ်ဆိုရင် သွားပိုးစားနိုင်ပါတယ်။

သွားပိုးစားတာတွေ သက်သာစေဖို့အတွက်

ကာဗိုလ်ဒြိုက်အစား အသီးအရွက်နဲ့  သစ်သီးတွေ စားသင့်ပါတယ်။ ရေဓါတ်များများ ပါဝင်တဲ့ သစ်တော်သီး၊ သခွားသီး၊ ဖရဲသီးလေးတွေ ကျွေးပေးပါ။ ငှက်ပျောသီးတွေလည်း ကျွေးလို့ရပေမယ့် သကြားဓါတ် နည်းနည်း ပါဝင်တာကိုတော့ သတိပြုရပါမယ်နော်။ ငှက်ပျောသီးကျွေးပြီးရင် ပလုတ်ကျင်းတာမျိုး လုပ်ပေးနော်။

ကလေးလေး ချိစ် ကြိုက်တယ်ဆိုရင်တော့ ကျွေးလို့ရပါတယ်။ အဝါရောင်များများရှိတဲ့ ချိစ်ကို ကျွေးရင်တော့ အကောင်းဆုံးပါ။ ချိစ်တွေက တံတွေးများများထွက်စေပါတယ်။ ဒီအခါမှာ တံတွေးထွေးဖြစ်မှာမို့ သွားမှာကပ်ငြိနေတဲ့ အစားအစာအကြွင်းအကျန်တွေကို ဖယ်ရှားစေပါတယ်။ ဒါဆိုရင် သွားပိုးစားတာ နည်းသွားမှာပါ။

 သွားလေးတွေ ပိုးမစားဘဲ ကျန်းမာကြံ့ခိုင်ဖို့အတွက်

ကယ်လ်စီယမ်ဓါတ် များများ လိုအပ်ပါတယ်။ အချိုနည်းတဲ့ နွားနို့၊ ဟင်းနုနွယ်ရွက်နဲ့ ဒိန်ချဉ်လေးတွေ ကျွေးနိုင်ပါတယ်။ မေမေ့ကလေးလေးရဲ့ ပါးစပ်ထဲမှာ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယား ကပ်ငြိနေတတ်ပါတယ်။ လိမ္မော်သီး၊ ကီဝီသီး၊ သင်္ဘောသီးတွေက ဒီလိုဘက်တီးရီးယားတွေကို သေစေတာကြောင့် ကျွေးလို့ ရပါတယ်။ ဒါဆိုရင် မေမေ့ကလေးလေး သွားပိုးစာတာတွေ နည်းသွားပြီနော်။

From Kalay with