ဗိုက်ကြီးကာလပဲ ရှိသေးတယ်၊ ဘာကြောင့် နို့ရည် ထွက်တယ်?

မိခင်တွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတင် နို့စောထွက်တာတွေရှိတတ်ကြပါတယ်။ဒါကိုပြောရရင်တော့ နို့သက်တယ် လို့ပြောလို့ရပါတယ်။ ဒါကဘာကြောင့်လဲ ဆိုတာကတော့ ဟော်မုန်းများလို့ပဲ ဖြစ်ပါတယ်။ ဒါကိုတစ်ချို့ က အချစ်ဟော်မုန်းလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။အဲဒီဟော်မုန်းက ချစ်တင်းနှောတဲ့ အချိန်မှာ ထွက်ရင်ပိုပြီးတော့တွယ်တာမှုရှိတယ်လို့လည်းပြောကြပါတယ်။တကယ်တော့ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ဒီလိုဟော်မုန်းတွေက မထွက်ရပါဘူး။ ဘယ်လိုအချိန်မှာထွက်ရမှာလဲ ဆိုတော့ ကလေးမွေးတဲ့ အချိန်မှာ သာထွက်ရမှာပါဒီလိုထွက်မှ သားအိမ်ကနေညှစ်လိုက်တဲ့ အခါဒီဟော်မုန်းတွေထွက်လာမှ ကလေးက မွေးရလွယ်ကူစေမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာဘာလို့ထွက်လဲ

ဒါဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မထွက်သင်တဲ့ ဟော်မုန်းတွေဘာလို့ထွက်သလဲ ဆိုတာကမေးစရာဖြစ်လာပါပြီ။ ဘာလို့ထွက်တာလဲ ဆိုတော့ ကလေးအကြောင်းကို စဉ်းစားလိုက်မယ်၊ ကလေးကို မွေးလာရင်ဘယ်လိုနို့တိုက်မယ် ဆိုတာမျိုးတွေကလေးကိုတွေးလိုက်တဲ့ အချိန်မျိုးမှာထွက်လာတတ်ပါတယ်။နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာလိင်ဆက်ဆံတဲ့ အချိန်နဲ့ နို့ထွက်တာနဲ့သွားတိုက်ဆိုင်တဲ့ အခါမျိုးရှိတတ်ပါတယ်။ရေနွေးနဲ့ရေပတ်တိုက်တာ ဆိုရင်လည်းနွေးထွေးမှုကို ဖြစ်စေတဲ့ အတွက် နို့ထွက်ဖို့ ကို အထောက်အပံ့ပေးပါတယ်။

ဒီလိုထွက်တာကောင်းလား ၊ မကောင်းလား ?

ဒီလိုထွက်တာက ကောင်းလား ၊ မကောင်းဘူးလား ဆိုတာကတော့ သိပ်တော့မဆိုင်ပါဘူး။ ထွက်ရင် ဘာဖြစ်လဲ ဆိုတော့ နို့စို့မယ့် ကလေးမရှိသေးတော့ နှမြောစရာတော့ကောင်းတာပေါ့။ နောက်ပြီး နို့တွေကလည်းထွက်နေ စို့မယ့်လူကလည်းမရှိသေးဆိုတော့ နို့ညှီနံ့တော့ဖြစ်တာပေါ့လေ။ ဒီတော့မေမေ ကိုယ်ဝန်ဆောင်ကာလ အတွေးသိပ်မများနဲ့ပေါ့ မထွက်သင့်တာတွေမထွက်ရအောင်အကြံပြုတာပါ။