အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ခက်ခဲနေတဲ့ လက္ခဏာ(၅)ချက်

ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့ ပြဿနာတွေထဲမှာ အမျိုးသမီးတွေ ဘာတွေကြုံတွေ့နိုင်လဲ။ ဘာကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲတာလဲ။

ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကလေးမရလာတဲ့အခါမှာ ဇနီးမောင်နှံတွေရဲ့ စိတ်ထဲမှာ ကိုယ်ဝန်ရဖို့ ခက်လာတယ်လို့ ထင်လာပါတယ်။ ဘယ်လောက်ပဲ စိတ်လျော့ထားပါစေ သားသားမီးမီးလေးတွေရဲ့ အသံလေးတွေကိုကြားရင် ကလေးလိုချင်စိတ်တွေပြန်လည် ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ရဖို့ ခက်ခဲလာလေ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းတာတွေကလည်း တဖြည်းဖြည်းနဲ့ တိုးလာပါတယ်။

အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ခက်ခဲနေတဲ့ လက္ခဏာ(၅)ချက်

၁။ သားအိမ်ပြဿနာ

သားအိမ်ထဲမှာ ပြဿနာရှိခဲ့ရင်လည်း ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် သားအိမ်မှာ ပြဿနာရှိမရှိ အရင်စစ်ဆေးကြည့်ပေးဖို့ အရေးကြီးပါတယ်။

၂။ မမျိုးဥ ပြဿနာ

မမျိုးဥ မှန်မှန်မကြွေတာကလည်း ကိုယ်ဝန်မရခြင်းရဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဟော်မုန်းမညီမျှမှုကြောင့် မမျိုးဥမှန်မှန်မကြွေတာတွေ ဖြစ်ပွားတာပါ။ ကိုယ်ဝန်မရခြင်းရဲ့ ပြဿနာအများစုက ဒီဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်လာတာပါ။ ဒါ့ကြောင့် ဟော်မုန်းညီမျှအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။

၃။ ဥပြွန်ပိတ်ဆို့ခြင်း

သားအိမ်ထဲမှာ ကြီးထွားဖွံ့ဖြိုးရမယ့် ကြွက်သားတွေက တခြားနေရာတွေမှာရောက်ရှိနေခြင်း၊ ဥပြွန်ပိတ်ဆို့ခြင်း စတာတွေကလည်း ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်လာစေပါတယ်။ ဒီလိုအခြေအနေတွေမှာ ကိုယ်ဝန်ရခဲ့ရင်လည်း ပျက်ကျတာတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။

၎။ ကိုယ်အလေးချိန်များခြင်း

သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေခဲ့ရင်လည်း ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ပေးဖို့ လိုပါတယ်။ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကိုစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းတို့က ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းနိုင်ပါတယ်။

၅။ တခြားပြဿနာများ

အသက်ငယ်လွန်းတာနဲ့ အသက်ကြီးတာတွေကလည်း ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ အသက်(၃၅)နှစ်ကျော်သွားရင်တော့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲလာပါတယ်။ ကိုယ်ဝန်ယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲစေနိုင်တဲ့ ပြဿနာတွေကိုလည်း လေ့လာထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

From Kalay with