ငါးဥနီပေါင်း

အရမ်းလွယ်ကူပြီး အဟာရပြည့်တဲ့ ဟင်းလေးတစ်ခွက်ပါ။
ငါးရံ အရွယ်တော် တစ်တုံးကို ပြုတ်ကာ အရိုးတွေသေချာနွှင်ထားပါ။
ဥနီ လက်တစ်ဆစ်စာလောက်ကို အခွံ့တွေခွှာကာ ရေဆေးပြီးတောက်တောက်ဆင်းထားပါ။
ကြက်ဥတစ်လုံးကို အကာသက်သက် အနှစ်သက်သက်ခွဲထားပါ။ အနှစ်ကိုပဲ သုံးမှာပါ။
ပြီးလျှင် ငါးအသား ဥနီ ကြက်ဥအနှစ်တို့ကို သမအောင်ရောနယ်ကာ ပန်းကန်တစ်ခုထဲမှာထည့်ပြီး ရေနွေးငွေ့ပေါင်းအိုးမှာ ၁၀ မိနစ်ခန့်ပေါင်းပါ။