ငုံးဥမုန့်အိုးလေး

သမီးအတွက်မနက်စာအဖြစ်လုပ်ပေးဖြစ်တာပါ။လုပ်ရတာလွယ်ပြီးနည်းနည်းနဲ့အာဟာရလည်းပြည့်စားလို့လည်းကောင်းတာမို့မျှဝေပေးတာပါ။အိုးကိုလည်းခုနောက်ပိုင်းမြန်မာပြည်မှာအလွယ်တကူဝယ်လို့ရနေပါပြီ။

ဆန်မှုန့် 1cup
ကောက်ညှင်းမှုန့် ထမင်းစားဇွန်းတစ်ဇွန်း
ဆားအနည်းငယ်
ဂျင်းရည်အနည်းငယ်
ကြက်သွန်မြိတ်ပါးပါးလှီးထားတာက ထမင်းစားဇွန်း၂ဇွန်း
အားလုံကိုရေကျဲကျဲလေးရောပြီးဖျော်ပါ(မုန့်ရည်အရမ်းပြစ်သွားရင်မုန့်သားကစားမကောင်းပါဘူး အရမ်းကျဲသွားလည်းမကောင်းပါဘူးအနေတော်ရအောင်ဖျော်ပါ)

ဆီလိုသလောက်
ပဲပြုတ်
ငုံးဥ

အိုးကိုအပူပေးပြီး ဆီရွှဲရွှဲလေးသုတ်ပါ။
မုန့်နှစ်ရည်ကို ခွက်လေးတွေရဲ့တစ်ဝက်စီထည့်ပါ။
ပဲပြုတ်ထည့်ပါ။
ငုံးဥဖောက်ထည့်ပါ။

မီးအနေတော်ထားပြီးအောက်ခြေကျွတ်လာသည်အထိထားပြီးမှတစ်ဘက်လှန်ပါ။မီူမပြင်းရပါ။တစ်ဖက်လှန်တဲ့အခါခဏပဲလှန်ထားပါတယ်ဆီလေးအပေါ်ကနေစွတ်ပေးပါ။
နှမ်းထောင်းလေးနဲ့တွဲကျွေးပါတယ်။