ဆီထမင်း

ဆီထမင်းကတော့အိမ်မှာ ခဏခဏလုပ်ဖြစ်တယ် လုပ်ရတာလည်းလွယ် အချိန်လည်းသိပ်မကုန်တဲ့ မြန်မာ့ရိုးရာနံနက်စာတစ်မျိုးပေါ့။ကောက်ညှင်းကို များများစားရင် ဝမ်းချုပ်တတ်တော့ ကလေးတွေကို ကောက်ညှင်းကျွေးတဲ့နေ့တွေမှာ အလွန်အကျွန်မကျွေးပဲ နေ့လည် သို့မဟုတ် ညနေမှာ ဒိနိချဉ်လေးပြန်ကျွေးပေးသင့်တယ်။

ဆီထမင်းကို
ပုဇွန်ခြောက်မှုန့်
နှမ်းထောင်း
ရေညှိအမှုန့်တို့ကိုအလည်မှာ ညှပ်ထားပါတယ်။

ကောက်ညှင်းဆန်ကို 1 cup ကိုတစ်ညရေစိမ်ပြီး ရေကြည်လာတဲ့အထိဆေး ရေစစ်
ကြက်သွန်နီအနေတော် တစ်လုံးကို ပါးပါးလှီး နနွင်းလေးနဲ့ မွှေးလာပြီ နွမ်းသွားတဲ့အထိ ဆီသတ်ပြီး ကြက်သွန်နီကြော်ကို ဆယ်ပြီးဆီစစ်
ကျန်တဲ့ဆီထဲ ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ထည့်
ဆား သကြား အနည်းငယ်ထည့် coconut cream 1/2 cup ထည့်မွှေ ရေကိုဆန်နဲ့အတိထည့်ပြီး မီးအနည်းဆုံးနဲ့ ကောက်ညှင်းဆန် ကျက်သည်အထိချက်ပါ။ရေကုန်ပြီး ဆန်မနပ်သေးလျှင် ရေနွေးပူ နည်းနည်းထပ်ထည့်ပါ။ရေကုန်လျှင် အထပ်အောက် မွှေပေးပြီး ဂျိုးရသည်အထိ မီးနည်းနည်းနဲ့နှပ်ထားပါ။

အုန်းနို့မထည့်ပဲ အုန်းသီးမှုန့်နှင့်လည်းစားလို့ရပါတယ်။